Saturday, August 31, 2013

တရားဥပဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: တရားဥပဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာ ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, August 31, 2013

တရားဥပဒေစိုးမိုးရေး တ ကယ်လုပ်ရမှာက အစိုးရသာဖြစ် ကြောင်း တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့
လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည်က ပြောကြား ခဲ့သည်။ ယနေ့လွှတ်တော်အစည်း အဝေးများအပြီး လွှတ်တော်ဝန်း အတွင်းရှိ L-11 အဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ် တော်တက် ပြည်တွင်းပြည်
ပမီဒီ ယာများနှင့်တွေ့ဆုံစဉ် မီဒီယာများ ၏မေးမြန်းမှုအား ပြန်လည်ဖြေ ကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

''တရားဥပဒေစိုးမိုးဖို့ဆိုတာ အန်တီတို့က လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်လုပ်
ပိုင်ခွင့်ရှိတာက အ စိုးရသာဖြစ်ပါတယ်။ တရားဥပ ဒေစိုးမိုးရေး တကယ်
လုပ်ရမှာက အစိုးရသာဖြစ်တယ်။ အန်တီတို့ က ပြောပိုင်ခွင့်သာရှိမယ်။ လုပ် ပိုင်ခွင့်မရှိပါဘူး။ လုပ်ပိုင်ခွင့်ရှိ တဲ့ သူကသာ လုပ်ရမှာဖြစ်ပါတယ်''ဟု ပြော
ကြားခဲ့ပါတယ်။

၎င်းအပြင် ယင်းမှပြောကြား ရာတွင် ''အန်တီတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေမှာပါတယ်။ ဘာ သာရေးကို နိုင်ငံရေးအလို့ငှာ မသုံးစွဲရဘူးလို့ဆို
ပါတယ်။ တခြား နိုင်ငံတွေမှာလဲ ဒါတွေပါ ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးနဲ့ နွှယ်နေတဲ့ ကိစ္စတွေ ဆိုရင် အများကြီးသတိထားရတယ်။ သတိထားတယ်ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းတွေအနေ နဲ့ဆိုရင် ဘာသာရေးနဲ့ပတ်သက်လို့ ဝင်ပြီး ကိုင်တွယ်တာရှိခဲ့လို့ ရှိရင် ဒါကိုစွက်ဖက်
တယ်။ ဒါဟာ ဘာသာရေးကို နိုင်ငံရေး အတွက် သုံးသပ်လို့ ဒီစွပ်စွဲ
ချက်တွေဖြစ် လာနိုင်တယ်။ နောက်ပြီး ဘာသာ ရေးနဲ့ဆိုင်တယ်ဆိုတာ
ကတော့ အန်တီအမြင်ပြောရရင် တကယ် အဓိကဘာသာရေးနဲ့ဆိုင်တဲ့
ကိစ္စ တွေကို ပြေလည်အောင်လုပ်ဖို့ ဆိုရင် ဘာသာရေးခေါင်း ဆောင်
တွေနဲ့ အများကြီး ဆိုင်ပါတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားတွေ မှာတာဝန်မရှိဘူးလားဆိုတော့ရှိ တော့တယ်။ ရှိတယ်ဆိုတော့ အန် တီကတော့ ဥပဒေစိုးမိုးရေးဘက် ကကို အစကတည်းကပြောတယ်။ ဥပဒေစိုးမိုးရေးကို ဖိပြီးလုပ်ပါ။ အစိုးရအနေ နဲ့ နိုင်ငံရေးဘက် က ဒီဟာကို အားထားစေချင်၊ အ လေးထားစေချင်တယ်။ အစိုးရ များရဲ့တာဝန်က တရားဥပဒေစိုး မိုးရေးကို ထိန်းသိမ်းထားရမယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းဆွေး နွေးနိုင်တဲ့ အနေအထားမှာရှိရ မယ်။ တကယ်တော့ ဒီလိုကိစ္စ တွေဟာ အလွယ်လေးနဲ့အဖြေ မရှိပါဘူး။ အဲလိုသာရှိရင် ပြဿနာ ဆိုတာမရှိဘူး။ အဲဒီတော့ ဘာ သာဆိုင်ရာပုဂ္ဂိုလ်ကြီးများကလဲ ဘာသာရေးဘက်က လုပ်သင့် လုပ်ထိုက်တာလုပ်ရမယ်။ အစိုးရ လုပ်သူတွေ အစိုးရဘက်ကလုပ် သင့်လုပ်ထိုက်တာ လုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလဲ နိုင်ငံရေး ဘက်က လုပ်သင့်လုပ်ထိုက်တာ ရှိရမယ်''ဟု ရှင်းလင်းပြောကြားခဲ့သည်။

Yangon Media Group 
တရားဥပဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည်က ပြောကြား ခဲ့သည်။

ယနေ့လွှတ်တော်အစည်း အဝေးများအပြီး လွှတ်တော်ဝန်း အတွင်းရှိ L-11 အဆောင်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် လွှတ် တော်တက် ပြည်တွင်းပြည်ပမီဒီ ယာများနှင့်တွေ့ဆုံစဉ် မီဒီယာများ ၏မေးမြန်း မှုအား ပြန်လည်ဖြေ ကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

''တရားဥပဒေစိုးမိုးဖို့ဆိုတာ အန်တီတို့က လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်လုပ်ပိုင်ခွင့်ရှိတာက အ စိုးရသာဖြစ် ပါတယ်။ တရားဥပ ဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာဖြစ်တယ်။ အန်တီတို့က ပြောပိုင်ခွင့်သာ ရှိမယ်။ လုပ် ပိုင်ခွင့်မရှိပါဘူး။ လုပ်ပိုင်ခွင့်ရှိ တဲ့ သူကသာ လုပ်ရမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါတယ်။

၎င်းအပြင် ယင်းမှပြောကြား ရာတွင် ''အန်တီတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတယ်။ ဘာ သာရေးကို နိုင်ငံရေးအလို့ငှာ မသုံးစွဲရဘူးလို့ဆိုပါတယ်။ တခြား နိုင်ငံတွေမှာလဲ ဒါတွေပါ ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးနဲ့ နွှယ်နေတဲ့ ကိစ္စတွေ ဆိုရင် အများကြီးသတိထားရတယ်။ သတိထားတယ်ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းတွေအနေ နဲ့ဆိုရင် ဘာသာရေးနဲ့ပတ်သက်လို့ ဝင်ပြီး ကိုင်တွယ်တာရှိခဲ့လို့ ရှိရင် ဒါကိုစွက်ဖက်တယ်။ ဒါဟာ ဘာသာရေးကို နိုင်ငံရေးအတွက် သုံးသပ်လို့ ဒီစွပ်စွဲချက်တွေဖြစ် လာနိုင်တယ်။ နောက်ပြီး ဘာသာ ရေးနဲ့ဆိုင်တယ်ဆိုတာကတော့ အန်တီအမြင်ပြောရရင် တကယ် အဓိက ဘာသာရေးနဲ့ဆိုင်တဲ့ ကိစ္စ တွေကို ပြေလည်အောင်လုပ်ဖို့ ဆိုရင် ဘာသာရေးခေါင်း ဆောင်တွေနဲ့ အများကြီး ဆိုင်ပါတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားတွေ မှာတာဝန်မရှိဘူးလားဆိုတော့ရှိ တော့တယ်။ ရှိတယ်ဆိုတော့ အန်တီကတော့ ဥပဒေစိုးမိုးရေးဘက်ကကို အစကတည်းကပြောတယ်။ ဥပဒေစိုးမိုးရေးကို ဖိပြီးလုပ်ပါ။ အစိုးရအနေ နဲ့ နိုင်ငံရေးဘက်က ဒီဟာကို အားထားစေချင်၊ အ လေးထားစေချင်တယ်။ အစိုးရ များရဲ့တာဝန်က တရားဥပဒေစိုး မိုးရေးကို ထိန်းသိမ်းထားရမယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းဆွေး နွေး နိုင် တဲ့ အနေအထားမှာရှိရ မယ်။ တကယ်တော့ ဒီလိုကိစ္စ တွေဟာ အလွယ်လေးနဲ့အဖြေ မရှိပါဘူး။ အဲလိုသာရှိရင် ပြဿနာ ဆိုတာမရှိဘူး။ အဲဒီတော့ ဘာသာဆိုင်ရာပုဂ္ဂိုလ်ကြီးများကလဲ ဘာသာရေးဘက် က လုပ်သင့် လုပ်ထိုက်တာလုပ်ရမယ်။ အစိုးရ လုပ်သူတွေ အစိုးရဘက်ကလုပ် သင့်လုပ်ထိုက်တာ လုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလဲ နိုင်ငံရေး ဘက်က လုပ်သင့်လုပ်ထိုက်တာ ရှိရမယ်''ဟု ရှင်းလင်းပြော ကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment