Thursday, August 15, 2013

အမေရိကန် လျှို့ဝှက်ထောက် လှမ်းမှု မဖြေရှင်းပါက နှစ်နိုင်ငံကြား ယုံကြည်မှု လျော့စေမည်ဟု ဘရာဇီး သတိပေး

Photo: အမေရိကန် လျှို့ဝှက်ထောက်လှမ်းမှု မဖြေရှင်းပါက နှစ်နိုင်ငံကြား ယုံကြည်မှု လျော့စေမည်ဟု
ဘရာဇီး သတိပေး
Thursday, August 15, 2013

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီက ဘရာဇီး ပြည်သူ များ၏ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးကို လျှို့ဝှက်
ထောက်လှမ်းခဲ့သည့် ကိစ္စကို ဖြေရှင်းခြင်း မပြုပါက နှစ်နိုင်ငံ ကြား ယုံကြည်မှုကို လျော့ပါးစေမည် ဖြစ်ကြောင်း ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးက သတိပေး ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်၏ အဆိုပါ ထောက်လှမ်းမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စိန်ခေါ်ချက် အသစ် ဖြစ်ကြောင်း ဘရာဇီးသို့ အလည်အပတ် ရောက် ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံ အပြီးတွင် ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို ပတ်ထရီယိုတာက သတင်းထောက်များကို ပြောကြားသည်။

“ဒီစိန်ခေါ်ချက်ကို ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အချင်းချင်း မယုံကြည်မှုဆိုတဲ့ အရိပ်က လိုက်နေမှာပါ” ဟု ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးကပြော ကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကသည် အမေရိကန် ပြည်သူများ အတွက်သာမက ဘရာဇီး အပါအဝင် ကမ္ဘာ့ပြည်သူများ၏ လုံခြုံရေးကို အထောက်အပံ့ ပေးနေရသည့် အဖြစ်ကို ဘရာဇီး အစိုးရ အနေနှင့် လုံးလုံး နားလည် လက်ခံသွားစေရန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြား သည်။

အမေရိကန်က ယခုကဲ့သို့ အင်တာနက်နှင့် တယ်လီဖုန်း သုံးစွဲသူများ၏ မှတ်တမ်းများကို လျှို့ဝှက် ထောက်လှမ်းသည့် ကိစ္စနှင့် ပတ်သက်၍ ယခု ထောက်လှမ်းမှုသည် ဥပဒေနှင့် ညီညွတ်စွာ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းကဲ့သို့ ထောက်လှမ်းမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်မှု များစွာကို တားဆီးရာတွင် အထောက်အကူ ပေးနိုင်ခဲ့ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ကာကွယ် ပြောကြားလျက် ရှိသည်။

အမေရိကန် စီအိုင်အေ၏ ကန်ထရိုက် ကုမ္ပဏီ တစ်ခုတွင် အိုင်တီ ဝန်ထမ်း အဖြစ် အလုပ် လုပ်ခဲ့ဖူးသော စနိုးဒန်သည် အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက် သတင်းများကို ဖွင့်ချခဲ့မှုအရ အမေရိကန်သည် ဘရာဇီး အပါအဝင် နိုင်ငံကြီးများရှိ ပြည်သူများ၏ အင်တာနက် သုံးစွဲမှုနှင့် တယ်လီဖုန်း မှတ်တမ်းများကို လျှို့ဝှက် ရယူခဲ့ကြောင်း ဘရာဇီးနိုင်ငံထုတ် O Globo သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘရာဇီး အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ၁၆ ခု ရှိသော အမေရိကန် လုံခြုံရေး အေဂျင်စီ၏ ဌာနခွဲမှလည်း နိုင်ငံခြား ဆက်သွယ်ရေး ဂြိုဟ်တုမှ ထုတ်လွှင့်မှုများကို ကြားဖြတ် ဖမ်းယူခဲ့သည် ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ စနိုးဒန်သည် ယခုအခါ ရုရှားတွင် ခိုလှုံ နေထိုင်လျက် ရှိပြီး ၎င်းကို အမေရိကန်သို့ လွှဲပြောင်းပေးခြင်း မရှိသောကြောင့် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမည့် ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်က ပယ်ဖျက်ခဲ့သည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီက ဘရာဇီးပြည်သူများ၏ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးကို လျှို့ဝှက်ထောက်လှမ်းခဲ့သည့်ကိစ္စကို ဖြေရှင်းခြင်းမပြုပါက နှစ်နိုင်ငံ ကြား ယုံကြည်မှုကို လျော့ပါးစေမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးက သတိပေး ပြောကြား လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်၏ အဆိုပါ ထောက်လှမ်းမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စိန်ခေါ်ချက် အသစ် ဖြစ်ကြောင်း ဘရာဇီးသို့ အလည်အပတ် ရောက် ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံ အပြီးတွင် ဘရာဇီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ပတ်ထရီယိုတာက သတင်းထောက်များကို ပြော ကြားသည်။

“ဒီစိန်ခေါ်ချက်ကို ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အချင်း ချင်း မယုံကြည်မှုဆိုတဲ့ အရိပ်က လိုက်နေမှာပါ” ဟု ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးကပြော ကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကသည် အမေရိကန် ပြည်သူများ အတွက်သာမက ဘရာဇီး အပါအဝင် ကမ္ဘာ့ပြည်သူများ၏ လုံခြုံရေးကို အထောက်အပံ့ ပေးနေရသည့် အဖြစ်ကို ဘရာဇီး အစိုးရ အနေနှင့် လုံးလုံး နားလည်လက်ခံသွားစေရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမေရိ ကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

အမေရိကန်က ယခုကဲ့သို့ အင်တာနက်နှင့် တယ်လီဖုန်း သုံးစွဲသူများ၏ မှတ်တမ်းများကို လျှို့ဝှက် ထောက်လှမ်းသည့်ကိစ္စနှင့်ပတ်သက်၍ ယခု ထောက်လှမ်းမှုသည် ဥပဒေနှင့် ညီညွတ်စွာ ပြု လုပ်ခြင်း ဖြစ်ကြောင်း ယင်းကဲ့သို့ ထောက်လှမ်းမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်မှု များစွာကို တားဆီးရာတွင် အထောက်အကူ ပေးနိုင်ခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ကာကွယ် ပြောကြားလျက် ရှိသည်။

အမေရိကန် စီအိုင်အေ၏ ကန်ထရိုက် ကုမ္ပဏီ တစ်ခုတွင် အိုင်တီ ဝန်ထမ်း အဖြစ် အလုပ် လုပ်ခဲ့ဖူးသော စနိုးဒန်သည် အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက် သတင်းများကို ဖွင့်ချခဲ့မှုအရ အမေရိကန်သည် ဘရာဇီး အပါအဝင် နိုင်ငံကြီးများရှိ ပြည်သူများ၏ အင်တာနက် သုံးစွဲမှုနှင့် တယ်လီဖုန်း မှတ်တမ်းများကို လျှို့ဝှက် ရယူခဲ့ကြောင်း ဘရာဇီးနိုင်ငံထုတ် O Globo သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘရာဇီး အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ၁၆ ခု ရှိသော အမေရိကန် လုံခြုံရေး အေဂျင်စီ၏ ဌာနခွဲ မှလည်း နိုင်ငံခြားဆက်သွယ်ရေး ဂြိုဟ်တုမှ ထုတ်လွှင့်မှုများကို ကြားဖြတ်ဖမ်းယူခဲ့သည်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ စနိုးဒန်သည် ယခုအခါ ရုရှားတွင် ခိုလှုံ နေထိုင်လျက် ရှိပြီး ၎င်းကို အမေရိကန်သို့ လွှဲပြောင်းပေးခြင်း မရှိသောကြောင့် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမည့် ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်က ပယ်ဖျက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment