Saturday, August 31, 2013

ရေကြီးရေလျှံ ခြင်းတို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ လူဦးရေ ငါးသောင်းနီး ပါး ခိုလှုံနေရသော ကယ်ဆယ်ရေး စခန်းများ ရုပ်သိမ်း



မန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများပြားခြင်းနှင့် မြစ်ရေကြီး၊ ရေလျှံခြင်း တို့ကြောင့် လူဦးရေ ငါးသောင်းနီးပါး ခိုလှုံနေရသော ကယ်ဆယ်ရေး စခန်းများရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ''မိုးရွာသွန်းမှုကြောင့် ဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေ အကုန်လုံး ပိတ်လိုက်ပါပြီ'' ဟု ဆိုသည်။

ရေကြီးရေလျှံ ခြင်းတို့ကြောင့် ပျက်စီးသွားသော နေအိမ်များ၊ စိုက်ခင်း များနှင့် မွေးမြူရေး လုပ်ငန်းများအတွက် ပြန်လည်ထူထောင်နိုင် ရန် နိုင်ငံတော် ကယ်ဆယ်ရေး ဘတ်ဂျက်ငွေ ဘီလျံ ၁၀၀ ထဲမှ သုံးစွဲသွားမည် ဖြစ်ကြောင်း ဦးသန်းထွဋ်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု များပြားခြင်း၊ မြစ်ရေများမှာ စိုးရိမ် မှတ်ထက် ကျော်လွန်ခဲ့ခြင်း၊ ချောင်းရေများ လျှံခြင်းတို့ ဖြစ်ပွား ခဲ့ပြီး လူနေအိမ် အချို့မှာ နစ်မြုပ်မှုများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း များစွာ ထိခိုက်မှုများ ရှိခဲ့သည်...

သြဂုတ်လ ဆန်းပိုင်းနှင့် သြဂုတ် တတိယပတ်တို့တွင် မြန်မာနိုင်ငံ အောက် ပိုင်း ဒေသ များတွင် မိုးရွာသွန်းမှု များပြားခြင်း၊ မြစ်ရေများမှာ စိုးရိမ်မှတ် ထက် ကျော်လွန်ခဲ့ခြင်း၊ ချောင်းရေများ လျှံခြင်းတို့ ဖြစ်ပွားခဲ့ပြီး လူနေအိမ် အချို့မှာ နစ်မြုပ်မှုများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း များစွာ ထိခိုက်မှုများ ရှိခဲ့သည်။ မိုးရွာသွန်း ရေကြီးရေလျှံ ခြင်းတို့မှာ ရန်ကုန်တိုင်းဒေ သကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတို့မှာ ဖြစ်ပွား ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းတို့ကြောင့် ကရင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၈၀၊ မွန်ပြည်နယ် တွင် ကယ်ဆယ်ရေး စခန်း ၂၅ ခု၊ ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၃ ခု၊ တနင်္သာရီ တိုင်းတွင် ကယ်ဆယ်ရေးစခန်း လေးခု၊ ဧရာဝတီတိုင်း ဒေ သကြီးတွင် ကယ်ဆယ်ရေးစခန်း ငါးခုတို့ ဖွင့်လှစ်ခဲ့ရသည်။

ယခုနှစ်အတွင်း ရေကြီးရေလျှံ ခြင်းတို့ကြောင့် ကရင်ပြည်နယ်မှာ အဆိုးရွားဆုံး ခံခဲ့ရပြီး လူဦးရေ သုံးသောင်းခွဲခန့် ရှိခဲ့ပြီး မွန်ပြည်နယ်မှာ ငါးထောင်နှင့် တနင်္သာရီတိုင်းမှာ သုံးထောင် နီးပါးရှိခဲ့မှာ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီး၏ ရေကြီးမှုမှာ လယ်မြေများ အဓိကဆုံးရှုံးရပြီး စုစုပေါင်း လယ်ဧက တစ်သိန်းခွဲခန့် ရှိကြောင်း၊ ကယ်ဆယ်ရေး စခန်းများ တွင် နေထိုင်ရသူ များမှာလည်း လူဦးရေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် မြစ်ရေကြီး၊ ရေလျှံခြင်းတို့ကြောင့် သေ ဆုံးသူ သုံးဦးရှိခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံတော် အစိုးရက သတင်းထုတ်ပြန်ထားသည်။

သြဂုတ် ၂၅ ရက်က မှော်ဘီမြို့နယ် ရေကြီးမှုကြောင့် စားနပ်ရိက္ခာများ လိုက်လံဝေငှ နေမှုအား တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment