သြဂုတ်လ(၁၉)ရက်၊
နေ့လည် (၁၂း၀၀) နာရီဝန်းကျင်က မွန်ပြည်နယ်မော်လမြိုင်မြို့
ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ၀င်းအတွင်းရှိ City Top စားသောက်ဆိုင်မှ
ရုပ်မြင်သံကြားစက်အပူလွန်ကဲရာမှတဆင့် ဆိုင်အတွင်းရှိ
အသုံးဆောင်ပစ္စည်းများကို ကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
“ပထမတော့
မီးအားထိန်းစက်က ဖြစ်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ အခုမှ TV က ဆိုတာ သိရတယ်။
မီးက တစ်နာရီ လောက် နီးပါးလောင်တယ်။ တော်သေးတယ်။ ဒါတောင်
မီးလောင်တဲ့အချိန်က မိုးရွာနေ လို့ နို့မို့ မလွယ်ဘူး” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။
အဆိုပါ
မီးလောင်ကျွမ်းမှုအား မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်
(၆) စီးနှင့် ဒေသခံ များက ၀ိုင်းဝန်းငြှိမ်းသတ် သည့်အတွက် နေ့လည်(၁၂း၄၅)နာရီ
အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု
မီးသတ်ဦးစီးဌာနမှ သိရှိ ရသည်။
မီးလောင်ကျွမ်းမှုမှာ
စားသောက်ဆိုင်တစ်ခုလုံးနီးပါး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည့်အတွက်
ဆုံးရှုံမှု တန်ဖိုးမှာ စုစုပေါင်း ကျပ် (၁၉) သိန်း ခန့်ရှိခဲ့ကြောင်းနှင့်
စားသောက်ဆိုင်ပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း မီးလောင်မှုနှင့် ပတ်သက်၍
ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သည့် အောင်အောင် အသက်(၂၅)နှစ်အား မြို့မရဲစခန်းမှ
တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် ထားကြောင်း မော်လမြိုင် မြို့နယ်
မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မော်လမြိုင်ခရိုင်အတွင်းတွင်
၂၀၁၃ ခုနှစ် အတွင်း မီးလောင်မှုစုစုပေါင်း (၃၁)
ကြိမ်ခန့်ဖြစ်ပွား ခဲ့ကြောင်းနှင့် ဆုံးရှုံးမှု တန်ဖိုး
ကျပ်သိန်း(၄၀၀၀)ကျော်ဖိုး ရှိကာ ပေါ့ဆ မီးကြောင့် လောင်ကျွမ်းမှု အများဆုံး
ဖြစ်ရသည်ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
(မြစ်မခ)
No comments:
Post a Comment