Wednesday, August 21, 2013

ဝန်ချီစက်ဖြင့် မ၍ လေယာဉ်ဖြင့် သယ်ဆောင် ခဲ့ရသည့် ဆော်ဒီလူငယ် ဆေးကုသမှု ခံရပြီ

ရီယက် သြဂုတ် ၂၀
ဆော်ဒီအာရေဗျ နိုင်ငံမှ ကိုယ်အလေးချိန် ၁၃၄၅ ပေါင်ရှိသည့် ခါလက်မိုဆင် ရှေရီအမည်ရှိ လူငယ်တစ်ဦးသည် ရီယက်မြို့ရှိ King fahd ဆေးရုံသို့ သွားရောက် ကုသမှုခံယူရန် ၎င်းအား ၀န်ချီ စက်ဖြင့် မ၍ လေယာဉ်ဖြင့် သယ်ဆောင်ရန် ဆော်ဒီ ဘုရင်က အမိန့်ထုတ်ပြန် ခဲ့ပြီးနောက် ယခုအခါ တွင် ဆေးရုံ၌ ဆေးဝါး ကုသခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
ရှေရီသည်အ၀လွန် ရောဂါကို ခံစားရသဖြင့် နှစ်နှစ်ကျော် နီးပါး ၎င်း၏ အိပ်ရာ ထဲတွင်သာ နေထိုင် ခဲ့ရ သည်။ ၎င်းအား ဆေးရုံတွင် လိုအပ်သည့် ဆေးဝါး ကုသမှု ပြုလုပ်ပေးရန် ဆော်ဒီ ဘုရင်က ယခုနှစ် အစောပိုင်းက အမိန့်ထုတ်ပြန် ခဲ့သော်လည်း ၎င်းအား နေအိမ် မှ ဆေးရုံ သို့ ပြောင်းရွှေ့ရန် မတတ်နိုင် သေးသည့်အတွက် ယခုကဲ့သို့ အချိန် ကြာမြင့် သွားခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအား နေအိမ် အတွင်းမှ မထုတ်နိုင်ရန် အတွက် မြို့ပြ ကာကွယ်ရေး အဖွဲ့အစည်း၊ ကြက်ခြေနီ အဖွဲ့အစည်း တို့နှင့်အတူ ဆော်ဒီ ကျန်းမာရေး ၀န်ကြီးဌာနတို့မှ ကြိုးပမ်း ခဲ့ကြပြီး ၎င်းအား ၀န်ချီစက်ဖြင့် သယ်ဆောင်၍ ၎င်းနေထိုင်ရာ ဂျီဇန်မြို့ အနီးရှိ လေဆိပ်သို့ ပို့ဆောင် ပြီးနောက် လေယာဉ်ဖြင့် King fahd ဆေးရုံသို့ ပို့ဆောင် ခဲ့ကြရကြောင်း သိရသည်။

No comments:

Post a Comment