Wednesday, August 21, 2013

Salmonella ဗက်တီးရီးယား ပိုးကူးစက်မှု မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိ


Photo: Salmonella ဗက်တီးရီးယား ပိုးကူးစက်မှု မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိ

Wednesday, 21 August 2013

အမေရိကန် နိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားလျက် ရှိသော တိရစ္ဆာန် များနှင့် လူများ၏ အူလမ်းကြောင်းတွင် ရောဂါ ဖြစ်ပွားစေသည့် Salmonella အမည်ရှိ ဗက်တီးရီးယား မျိုးစိတ်တစ်မျိုး ကူးစက် ပျံ့နှံ့ခြင်းသည် ဒေသ အတွင်းရှိ မွေးမြူရေး ခြံများနှင့် ဆက်စပ်မှု ရှိနေကြောင်း အမေရိကန် ပြည်ထောင်စု နယူး မက္ကဆီကို ပြည်နယ် ကျန်းမာရေး အာဏာပိုင် များက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ် ၃၇ ခုမှ လူ ၃၁၆ ဦးခန့်သည် အဆိုပါ ရောဂါ ပိုးကူးစက် ခံရပြီး ၎င်းရောဂါပိုးကို နယူး မက္ကဆီကို ပြည်နယ် အရှေ့ပိုင်း Privett Hatchery ဘဲမွေးမြူရေး ခြံတစ်ခုတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ၀န်ကြီး ဌာနက သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသည် မွေးမြူရေး ခြံများမှ ရောဂါပိုး ကူးစက် ခံနေရသော ကြက်ပေါက်၊ ဘဲပေါက် လေးများနှင့် ထိတွေ့မှု ရှိသော သူများကိုသာ ကူးစက်ခြင်း ဖြစ်ကြောင်း

Read More >> http://www.myawady.com.mm/allnews/global/item/23005-2013-08-21-11-38-10
အမေရိကန် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော တိရစ္ဆာန်များနှင့် လူများ၏ အူလမ်းကြောင်း
တွင် ရောဂါ ဖြစ်ပွားစေသည့် Salmonella အမည်ရှိ ဗက်တီးရီးယား မျိုးစိတ်တစ်မျိုး ကူးစက် ပျံ့နှံ့ခြင်း သည် ဒေသ အတွင်းရှိ မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိနေကြောင်း အမေရိကန် ပြည်ထောင်စု နယူး မက္ကဆီကို ပြည်နယ် ကျန်းမာရေးအာဏာပိုင်များက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ် ၃၇ ခုမှ လူ ၃၁၆ ဦးခန့်သည် အဆိုပါ ရောဂါ ပိုးကူးစက် ခံရပြီး ၎င်းရောဂါပိုးကို နယူးမက္ကဆီကို ပြည်နယ်အရှေ့ပိုင်း Privett Hatchery ဘဲမွေးမြူရေး ခြံတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသည် မွေးမြူရေးခြံများမှ ရောဂါပိုးကူးစက်ခံနေရသော ကြက်ပေါက်၊ ဘဲပေါက် လေးများနှင့် ထိတွေ့မှု ရှိသောသူများကိုသာ ကူးစက်ခြင်း ဖြစ်ကြောင်းစုံစမ်းစစ်ဆေးရေးမှူး များက လေ့လာ တွေ့ရှိခဲ့သည်။ အဆိုပါ ရောဂါပိုး ကူးစက်မှု၏ အစောပိုင်း လက္ခဏာ များမှာ အဖျားကြီးခြင်း၊ ၀မ်းလျှောခြင်းနှင့် ၀မ်းဗိုက် နာကျင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment