Monday, September 30, 2013

" ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲကို စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း ART အဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူ စင်ရော်မောင်မောင်ပြော "

Photo: " ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲကို စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း ART အဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူ စင်ရော်မောင်မောင်ပြော "
Monday, September 30, 2013

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲကို ပရိသတ်များက စိတ်ဝင်စားလျက်ရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း တွင် စည်ကားစွာကျင်းပမှာ ဖြစ်ပြီး ကွင်းဖွင့်ပွဲနှင့်ပိတ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု များကိုဆောင်ရွက်နေပါတယ်။ အခုလိုမျိုးပွဲမဝင်ခင် ကြိုတင်ပြင်ဆင်နေမှု
များနဲ့ အပတ်သက်ပြီး Art ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေသူ စင်ရော်မောင်မောင်က " ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲအတွက် ကြိုတင်ပြင်ဆင် နေ
တာ အခုဆိုရင် ၇လကျော် လောက်ရှိပါပြီ။

ဒီအတွက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ပေးထားတာ။ သူတို့နဲ့ပူး
ပေါင်းပြီး ဇာတ်ညွှန်းတွေရေး သလို ပရိုဂျက်တာမတ်ပင်လို့ ခေါ်တဲ့ ကွင်းမှာပြမယ့်ဟာတွေ၊ LED မှာထိုးမယ့်ဟာတွေအပြင် ဆက်တင်တွေ၊ Sound Effect တွေလုပ်ဖြစ်တယ်။ ဒီလိုမျိုးလုပ် ဖို့အတွက် နိုင်ငံခြားက အကူ အညီယူရတာမျိုးလည်းရှိတယ်။ များသောအားဖြင့် တရုတ်ပြည်
သူ့သမ္မတနိုင်ငံနဲ့ ထိတွေ့ဆက် ဆံရတာများတယ်။ သူတို့ဘက် က လည်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကူညီပေး တဲ့အပိုင်းတွေ၊ အတတ်ပညာ နည်းပညာတွေအတွက် လူအင် အားပေးတာမျိုးတွေလည်းရှိ တယ်။ မကျင်းပခင် ကြိုတင်ပြင် ဆင်မှုတွေအတွက် ကြိုရောက် နေတဲ့
အဖွဲ့တွေ လည်းရှိတယ်။

သူတို့နဲ့အကြိမ်ကြိမ် ဆွေးနွေးပြီး ဆောင်ရွက်နေပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲကို
လူအင်အားအရ ၈ဝဝဝ နဲ့ ၁ဝဝဝဝကြား လုပ်သွားဖို့ရှိ တယ်။ သူ့အစီအစဉ်နဲ့ လူအင် အားသုံးသွားမှာပါ။အရင်တုန်း က လုပ် သွားတဲ့ သူများနိုင်ငံ တွေက ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ တခြားဆီ တမူထူးခြား အောင်လုပ်သွား မှာပါ။ အဲဒီတုန်းက ညပိုင်းမှာမီးအမှောင်ချပြီး တကယ့်ကမ္ဘာ့အဆင့်မီမြူးဇစ်တွေ၊ လိုက်တင်တွေ
လုပ်ကြသလို CountDown ကို ရိုးရိုးတန်းတန်းပုံစံမျိုးလုပ်မှာ မဟုတ်ပါဘူး။

ကွင်းထဲမှာ ရိုက်ကူးပြီးသမျှ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက်လည်း အမေရိကန်ပညာရှင်တွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့
ပူးပေါင်းဆောင် ရွက်သွားမယ့် အစီအစဉ်တွေ လည်းရှိတယ်။ ကွင်းအတွင်း ပြသမယ့် LED အတွက် အရုပ် တွေကိုလည်း ယဉ်ကျေးမှုဌာနနဲ့ ဆရာမောင်တင်ဦးရယ်၊ ကျွန်တော် ရယ်၊

ကင်မရာပညာရှင်တွေက သေချာလေးလုပ်ထားတယ်။ ဒါ့အပြင် ဆိုင်းပညာ
ရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေစတဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်
ရွက်နေပါတယ်။ ပန်း တိုင်ကိုရောက်ဖို့အတွက်လည်း ရက်အနည်းငယ်
သာလိုတော့တယ်" လို့ ရှင်းပြခဲ့ပါတယ်။

ကိုယ့်မြေကိုယ်ရေမှာ အခု လို ဆီးဂိမ်းအားကစားပြိုင်ပွဲကို ကျင်းပ ခွင့်ရတဲ့အပေါ်ကိုလည်း " ကျွန်တော်တို့ ငယ်ငယ်တုန်းက ပဉ္စမအကြိမ် ရန်ကုန်မှာကျင်းပတဲ့ပွဲကို ကြည့်ခဲ့ရတယ်။ အဲဒီတုန်းက အသက်ကလည်း ငယ် သေးတယ်။

အဲဒီအချိန်တုန်းက မြန်မာဘောလုံးအသင်းက တော် တော်နာမည်ကြီးတယ်။ အဲဒီအချိန် တုန်းကဆိုရင် အရမ်းပျော်ခဲ့ကြတယ်။ အခု ပြန်လည်ကျင်း ပခွင့်ရခဲ့တာပါ။ ဒီပွဲကြီးကို ကိုယ်တိုင်လည်း ဆင်နွှဲခွင့်ရတဲ့အပြင် ကိုယ် တတ်စွမ်းတဲ့အနုပညာနဲ့ ပါဝင် ခွင့်ရတဲ့အတွက်လည်း ဝမ်းသာ သလို ဂုဏ် လည်းယူပါတယ်" လို့ ဒါရိုက်တာ စင်ရော်မောင်မောင် က ပြောပါတယ်။

ထွဋ်မြတ်
Popular Journal

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲကို ပရိသတ်များက စိတ်ဝင်စားလျက် ရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း တွင် စည်ကားစွာကျင်းပမှာ ဖြစ်ပြီး ကွင်းဖွင့်ပွဲနှင့်ပိတ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု များကိုဆောင်ရွက်နေ ပါတယ်။ အခုလိုမျိုးပွဲမဝင်ခင် ကြိုတင်ပြင်ဆင်နေမှုများနဲ့ အပတ်သက်ပြီး Art ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေသူ စင်ရော်မောင်မောင်က " ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲအတွက် ကြိုတင်ပြင်ဆင် နေတာ အခုဆိုရင် ၇လကျော် လောက်ရှိပါပြီ။

ဒီအတွက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ပေးထားတာ။ သူတို့နဲ့ပူးပေါင်းပြီး ဇာတ်ညွှန်းတွေရေး သလို ပရိုဂျက်တာမတ်ပင်လို့ ခေါ်တဲ့ ကွင်းမှာပြမယ့်ဟာတွေ၊ LED မှာထိုးမယ့်ဟာတွေအပြင် ဆက်တင်တွေ၊ Sound Effect တွေလုပ်ဖြစ်တယ်။ ဒီလိုမျိုးလုပ် ဖို့အတွက် နိုင်ငံခြားက အကူ အညီယူရတာမျိုး လည်းရှိတယ်။ များသောအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိတွေ့ဆက် ဆံရတာများတယ်။ သူတို့ဘက် က လည်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကူညီပေး တဲ့အပိုင်းတွေ၊ အတတ်ပညာ နည်းပညာတွေအတွက် လူအင် အားပေးတာမျိုးတွေလည်းရှိ တယ်။ မကျင်းပခင် ကြိုတင်ပြင် ဆင်မှုတွေအတွက် ကြိုရောက် နေတဲ့အဖွဲ့တွေ လည်းရှိတယ်။

သူတို့နဲ့အကြိမ်ကြိမ် ဆွေးနွေးပြီး ဆောင်ရွက်နေပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲကိုလူအင်အားအရ ၈ဝဝဝ နဲ့ ၁ဝဝဝဝကြား လုပ်သွားဖို့ရှိ တယ်။ သူ့အစီအစဉ်နဲ့ လူအင် အားသုံးသွားမှာပါ။အရင်တုန်း က လုပ် သွားတဲ့ သူများနိုင်ငံ တွေက ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ တခြားဆီ တမူထူးခြား အောင်လုပ်သွား မှာပါ။ အဲဒီတုန်းက ညပိုင်းမှာမီးအမှောင်ချပြီး တကယ့်ကမ္ဘာ့အဆင့်မီမြူးဇစ်တွေ၊ လိုက်တင်တွေလုပ်ကြသလို CountDown ကို ရိုးရိုးတန်းတန်းပုံစံမျိုးလုပ်မှာ မဟုတ်ပါဘူး။

ကွင်းထဲမှာ ရိုက်ကူးပြီးသမျှ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက်လည်း အမေရိကန်ပညာရှင်တွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့ပူးပေါင်းဆောင် ရွက်သွားမယ့် အစီအစဉ်တွေ လည်းရှိတယ်။ ကွင်းအတွင်း ပြသမယ့် LED အတွက် အရုပ် တွေကိုလည်း ယဉ်ကျေးမှုဌာနနဲ့ ဆရာမောင်တင်ဦးရယ်၊ ကျွန်တော် ရယ်၊ ကင်မရာ ပညာရှင်တွေက သေချာလေးလုပ်ထားတယ်။ ဒါ့အပြင် ဆိုင်းပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေ စတဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ပန်း တိုင်ကိုရောက်ဖို့အတွက်လည်း ရက်အနည်းငယ် သာလိုတော့တယ်" လို့ ရှင်းပြခဲ့ပါတယ်။

ကိုယ့်မြေကိုယ်ရေမှာ အခု လို ဆီးဂိမ်းအားကစားပြိုင်ပွဲကို ကျင်းပ ခွင့်ရတဲ့အပေါ်ကိုလည်း " ကျွန်တော်တို့ ငယ်ငယ်တုန်းက ပဉ္စမအကြိမ် ရန်ကုန်မှာကျင်းပတဲ့ပွဲကို ကြည့်ခဲ့ရတယ်။ အဲဒီတုန်းက အသက်ကလည်း ငယ် သေးတယ်။

အဲဒီအချိန်တုန်းက မြန်မာဘောလုံးအသင်းက တော် တော်နာမည်ကြီးတယ်။ အဲဒီအချိန် တုန်းကဆိုရင် အရမ်းပျော်ခဲ့ကြတယ်။ အခု ပြန်လည်ကျင်း ပခွင့်ရခဲ့တာပါ။ ဒီပွဲကြီးကို ကိုယ်တိုင်လည်း ဆင်နွှဲခွင့်ရတဲ့ အပြင် ကိုယ် တတ်စွမ်းတဲ့အနုပညာနဲ့ ပါဝင် ခွင့်ရတဲ့အတွက်လည်း ဝမ်းသာ သလို ဂုဏ် လည်းယူပါတယ်" လို့ ဒါရိုက်တာ စင်ရော်မောင်မောင် က ပြောပါတယ်။

ထွဋ်မြတ်
Popular Journal

No comments:

Post a Comment