Monday, September 30, 2013

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရှုံးခဲ့သည့် ငွေစက္ကူများ ဗိုလ်ချုပ် ပုံဖြင့် ပြန်ထုတ်ရန် အဆို ပြည်သူ့လွှတ်တော်သို့ တင်မည်

ငွေ စက္ကူများတွင် ဗိုလ်ချုပ်ပုံ ပြန် လည်ရိုက်နှိပ်ထုတ်ဝေရန် အဆို ရှုံးနိမ့်ခဲ့သည့်အတွက် ရန်ကုန်တိုင်း ဒေ သကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်၏ အဆိုအား ပြည် သူ့လွှတ်တော် သို့ ဆက်လက်တင် သွင်းသွားမည်ဟု သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်ကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ''မင်္ဂလာတောင် ညွန့်မြို့နယ်က ကိုယ်စားလှယ် ဒေါက်တာစောလှထွန်း ရဲ့ ပြော ကြားချက်အရ ဒီအဆိုက ပြည် ထောင်စုမှာ တင်သင့်တဲ့ အဆို ဖြစ်လို့တင်မှာပါ။ နိုင်ငံတကာမှာ ဆိုရင် ခေါင်းဆောင်ပုံတွေကို ပဲ ငွေစက္ကူတွေမှာ သုံးတယ်။ ဒါဟာ သမိုင်းအစဉ်အလာကိုလဲ လေး စားရာကျပါတယ်။ ယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံတိုင်းမှာလဲ ဒီအ တိုင်းပဲ ကျင့်သုံးပါတယ်။ ဒါကြောင့် ဒီအဆိုက တိုင်းပြည်အတွက် အရေးကြီးတဲ့ အဆိုတစ်ခုဖြစ်ပါ တယ်''ဟု ရန်ကုန်တိုင်းမ်သတင်း စာသို့ ပြောသည်။

ယင်းအဆိုအား မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည် ခိုင်ဖြိုးပါတီ မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာစောလှထွန်းက ကန့်ကွက်ခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ''ပွင့်ပွင့်လင်းလင်း ပြောရရင် ခြသေ့င်္တံဆိပ် ဆိုတာပြည် ခိုင်ဖြိုးပါတီရဲ့ အမှတ်တံဆိပ်ဖြစ် တယ်။ နိုင်ငံတော်နဲ့ဆိုင်တဲ့ တံ ဆိပ်က ပါတီတစ်ခုရဲ့အရိပ်နဲ့ငြိ စွန်းလို့ မသင့်တော်ပါဘူး။ ကျွန် တော့်အဆို ရှုံးခဲ့ပေမယ့် ပြည်သူ ရဲ့ တောင်းဆိုသံတွေ ဝေဖန်သံ တွေ ကြားနေရတယ် ဆိုတော့ ဒီမိုကရေစီ တည်ဆောက်ရင် ငါ ထည့်ချင်တဲ့ပုံ ထည့်မယ်လို့ လုပ်လို့ မရတော့ပါဘူး။ ပြည်သူ့ဆန္ဒကို ထည့်တွက် ရမယ်။ ပြည်သူက တ စိုက်မတ်မတ် တောင်းဆိုရင်တော့ မလွဲမသွေ လုပ်ပေးရမှာပဲ'' ဟု ပြောသည်။

လက်ရှိ အသုံးပြုနေသော ခြင်္သေ့ရုပ်နေရာတွင် ဗိုလ်ချုပ်ပုံ ထည့်သွင်း သည့် အဆိုနှင့် ပတ် သက်၍ ပြည်သူတစ်ဦးက''နိုင်ငံ တကာကပိုက် ဆံတွေ ကိုကြည့်ရင် သူတို့နိုင်ငံရဲ့ လေးစားရ တဲ့ခေါင်း ဆောင်ပုံတွေကို ထည့်ထား တယ်။ ဒီနိုင်ငံတစ်ခုတည်း တိရစ္ဆာန်ပုံ ဖြစ်နေတာ။ ဒါကြောင့် ဗိုလ်ချုပ် ပုံထည့်မယ်ဆိုတာက ကန့်ကွက် စရာကိုမလိုပါဘူး''ဟု ပြောသည်။

စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အ စည်းအဝေး ပထမနေ့တွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ်အမှတ် (၁)မှတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ်ဦးကျော်က ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်တတ် ရပ်ဆန္ဒပြုနည်းဖြင့် ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment