Sunday, September 15, 2013

မွန်ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ ညီလာခံ ကျင်းပမည်

မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပါဝင်တဲ့ ညီလာခံတစ်ရပ်ကို လာမဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ ကနေ ၃၀ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ မှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။
အဲဒီညီလာခံ ပြုလုပ်ဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး   မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိမ်းက RFA ကို ပြော ပါတယ်။

ဒီညီလာခံကို မွန်ပါတီသုံးခုဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ၊ မွန်ဒီမို ကရေစီပါတီနဲ့  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပ တာ ဖြစ်ပါ တယ်။

မွန်တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ အခုလို ညီလာခံ ကျင်းပဖို့ ပြင် ဆင်နေသလို တစ်ဘက်မှာလည်း မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီတို့ဟာ နှစ်ပါတီ ပေါင်းစည်းရေး အတွက် ဆွေးနွေးနေ ပါတယ်.

RFA

No comments:

Post a Comment