Monday, September 16, 2013

ဆိုက်ကားနှင့် ကုန်တင်ယာဉ် တိုက်မိ

နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ် သက်ထူးသည် ပျဉ်းမနား ယာဉ်ထိန်း တပ်ဖွဲ့စု (၆)တွင် တာဝန်မှူး ဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က ယာဉ်မတော်တဆမှု ဖြစ် ပွားကြောင်း
သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ပျဉ်းမနားမြို့ ပန်းခင်းရပ်ကွက် ပန်းခင်းလမ်းမကြီး မင်္ဂလာဇေယျုံ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ရှေ့လမ်းဆုံအနီးတွင် ယန္တရား ကုန်းဘက်မှ ပါဠိကွေ့ဘက်သို့ သွားရန်ပန်းခင်း လမ်းမကြီးကို ချိုးကွေ့ စီးနင်းလာသည့် ဦးညိုလေး ၆ဝ နှစ် ဘောဂဝတီရပ် ပျဉ်းမနားမြို့နေသူ၏ ဆိုက်ကားနှင့် ပန်းခင်း မီးပွိုင့်ဘက်မှ ပါဠိကွေ့ မီးပွိုင့်ဘက်သို့ ပန်းခင်းလမ်းမကြီးအတိုင်း ကျော်ဌေး ၃၂ နှစ်(ဘ) ဦးကံ မြင့် ကျောက်ကျင်းရပ်ကွက် ပျဉ်းမနားမြို့ နေသူ မောင်းနှင်လာသော ၈ဌ/----ကုန်တင်ယာဉ်တို့တိုက်မိပြီး ဆိုက်က္ကားစီးနင်းသူ ဦးညိုလေးတွင် ဦးခေါင်းဝဲ ချိုစောင်းပေါက်ပြဲ၊ ဝဲပါးဖူးရောင်၊ ဝဲတံတောင်ပွန်း၊ ဝဲဒူးပွန်း ဒဏ်ရာများ ရရှိပြီး ခုတင် (၁ဝဝဝ) ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပျဉ်းမနားမြို့ ရဲစခန်းမှ (ပ)၂၆/၂ဝ၁၃၊ ပုဒ်မ ၃ဝ၄-ကဖြင့် ရေးဖွင့်၍ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment