Monday, September 16, 2013

စစ်ဘေးဒုက္ခသည်များအား မန္တလေးတိုင်း ကချင်ကော်မတီက သိန်း ၁၅ဝဝ လှူ

Photo: စစ်ဘေးဒုက္ခသည်များအား မန္တလေးတိုင်း ကချင်ကော်မတီက သိန်း ၁၅ဝဝ လှူ
Monday, September 16, 2013

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒေသခံပြည်သူတွေအတွက် မန္တလေးတိုင်း ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီက ငွေကျပ်သိန်း ၁၅ဝဝ လှူဒါန်းလိုက်ပါတယ်။

အဲဒီကော်မတီက တာဝန်ရှိသူတွေဟာ ဒီနေ့ ဝိုင်းမော်သာဂရ သရက်တော ဘုန်းကြီးကျောင်းမှာ လှူဒါန်းတာဖြစ်တယ်လို့ ကချင်ရိုးရာယဉ်ကျေးမှု ကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးအယ်လ်ယောင်ထန်က ပြောပါတယ်။

“ငွေ သိန်း ၁၅ဝဝ ကို ကျနော်တို့ဒေသ အားလုံးအပေါ်မှာ မျှဝေပြီးတော့ လှူဒါန်းသွားဖို့ကို လုပ်ထားပါတယ်၊ ကျနော်တို့ ရည်ရွယ်ချက်သည် လူသားချင်း စာနာထောက်ထားချင်းအားဖြင့် အားလုံးအပေါ်မှာ သက်ရောက်မှုရှိအောင် ကူညီလှူဒါန်းသွားဖို့ပါ”

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မန္တလေးမြို့မှာ "ငြိမ်းချမ်းသံစဉ် မနောအက သဘင်" ဆိုတဲ့အမည်နဲ့ ရန်ပုံငွေရှာဖွေကရရှိတဲ့ အလှူငွေတွေကို လှူဒါန်းတာ လို့လည်း သိရပါတယ်။

ဒီကနေ့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွေမှာ လှူဒါန်းခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ အဲဒီမှာရှိကြတဲ့ ကက်သလစ်နဲ့ နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းမယ်လို့ ဆိုပါတယ်။

RFA Burmese
ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒေသခံပြည်သူတွေ အတွက် မန္တလေးတိုင်း ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီက ငွေကျပ်သိန်း ၁၅ဝဝ လှူဒါန်းလိုက်ပါတယ်။အဲဒီကော်မတီက တာဝန်ရှိသူတွေဟာ ဒီနေ့ ဝိုင်းမော်သာဂရ သရက်တော ဘုန်းကြီးကျောင်းမှာ လှူဒါန်း တာဖြစ်တယ်လို့ ကချင်ရိုးရာယဉ်ကျေးမှု ကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးအယ်လ်ယောင်ထန် က ပြောပါတယ်။

“ငွေ သိန်း ၁၅ဝဝ ကို ကျနော်တို့ဒေသ အားလုံးအပေါ်မှာ မျှဝေပြီးတော့ လှူဒါန်းသွားဖို့ကို လုပ်ထား ပါတယ်၊ ကျနော်တို့ ရည်ရွယ်ချက်သည် လူသားချင်း စာနာထောက်ထားချင်းအားဖြင့် အားလုံးအပေါ်မှာ သက်ရောက်မှုရှိအောင် ကူညီလှူဒါန်းသွားဖို့ပါ”

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မန္တလေးမြို့မှာ "ငြိမ်းချမ်းသံစဉ် မနောအက သဘင်" ဆိုတဲ့အမည်နဲ့ ရန်ပုံငွေရှာဖွေ က ရရှိတဲ့ အလှူငွေတွေကို လှူဒါန်းတာ လို့လည်း သိရပါတယ်။

ဒီကနေ့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွေ မှာ လှူဒါန်းခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ အဲဒီမှာရှိကြတဲ့ ကက်သလစ်နဲ့ နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းမယ်လို့ ဆိုပါတယ်။

RFA Burmese

No comments:

Post a Comment