Monday, September 16, 2013

ကာကွယ်ရေးပိုင် နေရာသုံးနေရာ ကုမ္ပဏီကြီးသုံးခုအား ဘီအိုတီစနစ်ဖြင့်ငှား

Photo: ကာကွယ်ရေးပိုင် နေရာသုံးနေရာ ကုမ္ပဏီကြီးသုံးခုအား ဘီအိုတီစနစ်ဖြင့်ငှား
Monday, September 16, 2013

ရန်ကုန်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာအချို့ကို ပုဂ္ဂလိက
ကုမ္ပဏီသုံးခုအား စက်တင်ဘာ ၁၂ ရက်က ဘီအိုတီစနစ်ဖြင့် စတင်ငှားရမ်း
လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေး
မှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းမှ စစ်ရုံးချုပ်ဟောင်းနယ်မြေ၊ ရွှေတိဂုံဘုရားအနီးရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်းနှင့် ဆင်ဖြူရှင်ရိပ်သာတို့ကို လုပ်ကိုင်နိုင်ရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီသုံးခုသည် စက်တင်ဘာ ၁၂ ရက်က မြေငှားစာချုပ်များကို နေပြည်တော်ရှိ အမရာဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ ငှားရမ်းလုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ လီမိတက်၊ အိုင်ဂျီးအီးနှင့် ဒေးဝူး အမရာတို့ဖြစ်သည်။

ယင်းနေရာများကို သြဂုတ်လလယ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ ကုမ္ပဏီများဘက်မှ အဆိုပြုတင်ပြလာသည်များကို ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးအရ သြဂုတ် ၁၅ ရက်က စတင်ခွင့်ပြုပေးခဲ့ပြီး တစ်လအကြာတွင် ယခုကဲ့သို့ မြေငှားစာချုပ် တွင် လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ လက်မှတ်ရေးထိုးခဲ့သည့် နေရာများမှာ ရွှေတောင် ကုမ္ပဏီမှ မြေအကျယ် ရှစ်ဧကကျော်ရှိသော နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်းနေရာအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အိုင်ဂျီအီး ကုမ္ပဏီမှ ဆင်ဖြူရှင်ရိပ်သာနှင့် ဒေးဝူးအမရာမှ စစ်ထောက်ချုပ်ရုံး အနီးမှ မြေဧကအချို့ကို အသီးသီးလက်မှတ်ရေး ထိုးခဲ့ကြောင်း သတင်း ရရှိ သည်။ မြေငှားစာချုပ်တွင်လက်မှတ်ထိုးလိုက်သည့်
ကုမ္ပဏီအနေဖြင့် ဘီအိုတီစနစ်ဖြင့် နှစ် ၆၀ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်
သည်။

“ဒါက ပထမဆုံးအကြိမ် လက်မှတ်ထိုးတာပါ။ နောက်ထပ် ကုမ္ပဏီတွေနဲ့ MIC ရဲ့ခွင့်ပြုချက်ရရင် ရှေ့လထဲမှာ တခြားကုမ္ပဏီတွေနဲ့ လက်မှတ်ထိုးမယ့် အစီအစဉ်တွေ ရှိသေးတယ်”ဟု စစ်ထောက်ချုပ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အထက်ပါ ကုမ္ပဏီများမှာ ဈေးဝယ် စင်တာ၊ ဟိုတယ်နှင့် ကွန်ဒိုစီမံကိန်းအချို့ လုပ်ဆောင်ရန် ပြည်ပကုမ္ပဏီ အချို့ဖြစ်သည့် စင်ကာပူ၊ ပြင်သစ် အစရှိသော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်သွား  မည်ဖြစ်ပြီး ပြည်ပမှ ချေးငွေ ယူ၍ တည်ဆောက် မည့် အစီအစဉ်လည်း ရှိကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ မှ တပ်မတော်ပိုင်မြေနေရာအများစုကို
ပြည်တွင်းမှ နာမည်ကြီးကုမ္ပဏီအများစု လုပ်ကိုင်ခွင့်ရရှိခဲ့ကြသည်။ ၁၂ ဧကကျယ်ဝန်း သည့် ပြည်ထောင်စုရိပ်သာကို ပြီးခဲ့သည့်လက ထူးကုမ္ပဏီမှ လွှဲပြောင်းလုပ်ကိုင်ခွင့်များရရှိထား ပြီး စစ်ထောက်ချုပ်ရုံး နယ်မြေအတွင်းမှ မြေဧကအချို့ကိုလည်း ကုမ္ပဏီအချို့ က ရရှိထားကြသည်။

Planet Myanmar Network
ရန်ကုန်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာအချို့ကို ပုဂ္ဂလိက ကုမ္ပဏီသုံးခုအား စက်တင်ဘာ
၁၂ ရက်က ဘီအိုတီစနစ်ဖြင့် စတင်ငှားရမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းမှ စစ်ရုံးချုပ်ဟောင်း နယ်မြေ၊ ရွှေတိဂုံဘုရားအနီးရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်းနှင့် ဆင်ဖြူရှင်ရိပ်သာ တို့ကို လုပ်ကိုင်နိုင်ရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီ သုံးခုသည် စက်တင်ဘာ ၁၂ ရက်က မြေငှားစာချုပ်များကို နေပြည်တော်ရှိ အမရာဟိုတယ်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သတင်း ရရှိသည်။ ငှားရမ်းလုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီ များမှာ ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ လီမိတက်၊ အိုင်ဂျီးအီးနှင့် ဒေးဝူး အမရာတို့ဖြစ်သည်။

ယင်းနေရာများကို သြဂုတ်လလယ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ ကုမ္ပဏီများဘက်မှ အဆိုပြုတင်ပြလာသည်များကို ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးအရ သြဂုတ် ၁၅ ရက်က စတင်ခွင့်ပြုပေးခဲ့ပြီး တစ်လအကြာတွင် ယခုကဲ့သို့ မြေငှားစာချုပ် တွင် လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ လက်မှတ်ရေးထိုးခဲ့သည့် နေရာများမှာ ရွှေတောင် ကုမ္ပဏီမှ မြေအကျယ် ရှစ်ဧကကျော်ရှိသော နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်းနေရာအတွက် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး အိုင်ဂျီအီး ကုမ္ပဏီမှ ဆင်ဖြူရှင်ရိပ်သာနှင့် ဒေးဝူးအမရာမှ စစ်ထောက်ချုပ်ရုံး အနီးမှ မြေဧကအချို့ ကို အသီးသီးလက်မှတ်ရေး ထိုးခဲ့ကြောင်း သတင်း ရရှိ သည်။ မြေငှားစာချုပ်တွင် လက်မှတ်ထိုးလိုက်သည့် ကုမ္ပဏီအနေဖြင့် ဘီအိုတီစနစ်ဖြင့် နှစ် ၆၀ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်
သည်။

“ဒါက ပထမဆုံးအကြိမ် လက်မှတ်ထိုးတာပါ။ နောက်ထပ် ကုမ္ပဏီတွေနဲ့ MIC ရဲ့ခွင့်ပြုချက် ရရင် ရှေ့လထဲမှာ တခြားကုမ္ပဏီတွေနဲ့ လက်မှတ်ထိုးမယ့် အစီအစဉ်တွေ ရှိသေးတယ်”ဟု စစ်ထောက်ချုပ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အထက်ပါ ကုမ္ပဏီများမှာ ဈေးဝယ် စင်တာ၊ ဟိုတယ်နှင့် ကွန်ဒိုစီမံကိန်းအချို့ လုပ်ဆောင်ရန် ပြည်ပကုမ္ပဏီ အချို့ဖြစ်သည့် စင်ကာပူ၊ ပြင်သစ် အစရှိသော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်သွား  မည်ဖြစ်ပြီး ပြည်ပမှ ချေးငွေ ယူ၍ တည်ဆောက် မည့် အစီအစဉ်လည်း ရှိကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ မှ တပ်မတော်ပိုင်မြေနေရာအများစုကို ပြည်တွင်းမှ နာမည်ကြီးကုမ္ပဏီ အများစု လုပ်ကိုင်ခွင့်ရရှိခဲ့ကြသည်။ ၁၂ ဧကကျယ်ဝန်း သည့် ပြည်ထောင်စုရိပ်သာကို ပြီးခဲ့သည့်လက ထူးကုမ္ပဏီမှ လွှဲပြောင်းလုပ်ကိုင်ခွင့်များရရှိထား ပြီး စစ်ထောက်ချုပ်ရုံး နယ်မြေအတွင်းမှ မြေဧကအချို့ ကိုလည်း ကုမ္ပဏီအချို့ က ရရှိထားကြသည်။

Planet Myanmar Network

No comments:

Post a Comment