Monday, September 16, 2013

အင်ချွန်လူငယ်ဘောလုံးပွဲတော်အတွက် အပြီးသတ် ကစားသမား (၂၆) ဦး ရွေးချယ်

တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင်ကျင်းပမည့် အာရှလူငယ် အမျိုး သားဘောလုံး ပွဲတော်တွင် ပါဝင် ယှဉ်ပြိုင်မည့် မြန်မာလူငယ်အသင်းနှစ်သင်းအတွက် အပြီးသတ် ကစားသမား (၂၆)ဦးကို မြန်မာနိုင်ငံဘော လုံး အဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာအဖွဲ့ရွေးချယ်ခဲ့သည်။
အောက်တိုဘာ (၃) ရက်မှ (၆) ရက်အထိ ကျင်းပမည့် လူငယ်ဘောလုံး ပွဲတော် တွင် မြန်မာနိုင်ငံမှ အသက် (၁၀) နှစ်အောက်အသင်း နှင့် အသက်(၁၁) နှစ်အောက် အသင်း နှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ အသက်(၁၀) နှစ် အောက်လက်ရွေးစင်အသင်းအတွက် ကစားသမား(၁၁)ဦး၊ အသက် (၁၁) နှစ် အောက် လက်ရွေးစင်အသင်းအတွက် ကစားသမား (၁၅) ဦးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အင်ချွန်အာရှဘောလုံးပွဲတော်နှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုး က “အင်ချွန်ဘောလုံးပွဲတော်က ပြိုင်ပွဲ မဟုတ် ပါဘူး။ နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုနဲ့ မျိုးဆက်သစ် ကစားသမားတွေ ပေါ်ထွက်လာဖို့အတွက် ကျင်းပတဲ့လူငယ်စီမံကိန်းတစ်ခုပါ ”ဟုရှင်း လင်းပြောကြား သည်။

Mizzima - News in Burmese

No comments:

Post a Comment