Wednesday, September 11, 2013

မြစ်ရေကြီးမှုအခြေအနေသတင်း

ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၉-၉-၂၀၁၃)ရက်နေ့ (၁၉း၃၀)နာရီမှစ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၆၅) စင်တီမီတာ (၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီ အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁၀-၉-၂၀၁၃)ရက်နေ့ (၁၉း၃၀)နာရီမှစ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၃) စင်တီမီတာ (၀.၈-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈) နာရီ အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Ref : မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန

No comments:

Post a Comment