Showing posts with label မိုးလေ၀သ. Show all posts
Showing posts with label မိုးလေ၀သ. Show all posts

Wednesday, October 14, 2015

ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်သို့ နှစ်ရက်အတွင်းတက်လာနိုင်၍ မြစ်ကမ်းဘေးဒေသများ သတိပြုရန်လို

ဒေသလေးခုတွင် နောက်နှစ်ရက်ခန့်ကြာအောင် နေရာ ကွက်မိုးကြီးနိုင်သေး၍ ဧရာဝတီမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြော သည်။
ဦးကျော်မိုးဦးက ရခိုင်ပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီးတို့တွင် နောက် နှစ်ရက်ခန့်ကြာအောင် နေရာကွက်၍ မိုးကြီးနိုင်သေးသည်ဟု ပြောသည်။ မိုးလွန်ကာလတွင် ယခုကဲ့သို့ မိုးကြီးရခြင်းမှာ ဘင်္ဂလားပင်လယ်အော်တွင် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှ ခွဲထွက်လာသည့် မိုးတိမ်တိုက်နှစ်ခုသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများဘက်သို့ ရောက်ရှိနေခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။

Sunday, September 27, 2015

တစ်ပြိုင်နက်တည်းဖြစ်ပွားမည့် စူပါမွန်းနှင့် လကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်မဟုတ်

စူပါမွန်းဖြစ်စဉ်နှင့် လ ကြတ်ခြင်းကို ဥရောပ၊ အမေ ရိကနှင့် အာဖရိကတိုက်နိုင်ငံများ မှ မြင်တွေ့ရမည်ဖြစ်သော်လည်း အာရှနိုင်ငံများအပါအဝင် မြန်မာ နိုင်ငံမှ မြင်တွေ့ရမည်မဟုတ် ကြောင်း ပညာရှင်များကဆိုသည်။
လကို ကမ္ဘာမှ အနီးဆုံးမြင်ရ သောကြောင့် ဖြစ်လာသည့် စူပါမွန်းဖြစ်စဉ်နှင့် လနှင့် နေကြား ကမ္ဘာက တစ်တန်းတည်း ရောက်သွားသည့် လကြတ်ခြင်းဖြစ်စဉ် (Supermoon Lunar Eclipse)ကို ဥရောပ၊ အမေရိကနှင့် အာဖရိကတိုက်တို့တွင် ယနေ့ (စက်တင်ဘာ၂၇ ရက် ည)တွင် မြင်တွေ့ရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ မြန်မာနိုင်ငံစံတော်ချိန်အရ မူ စက်တင်ကာ ၂၈ ရက် နံနက်ပိုင်းဖြစ်သည်။ ၁၉၈၂ က နောက်ဆုံးအကြိမ်ဖြစ်ခဲ့ဖူးပြီး မြန်မာ နိုင်ငံတွင် လူပြောများနေသည့် သဘာဝဘေးအန္တရာယ်များကျ ရောက်နိုင်သည်ဟူသော ပြောစကားများမှာ ကောလာဟလသာဖြစ်သည်ဟု ဒေါက်တာထွန်းလွင် က ဆိုသည်။

Monday, December 8, 2014

တစ်နာရီ ၁၇၀ ကီလိုမီတာ ပြင်းအားရှိ ဆူပါတိုက်ဖွန်း ဖိလစ်ပိုင်ကို စတင်ဝင်ရောက်၊ လူတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်

Photo: တစ်နာရီ ၁၇၀ ကီလိုမီတာ ပြင်းအားရှိ ဆူပါတိုက်ဖွန်း ဖိလစ်ပိုင်ကို စတင်ဝင်ရောက်၊ လူတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ အလွန်အင်အား ပြင်းထန်သည့် ဟာဂူပစ် အမည်ရ တိုက်ဖွန်းမုန်တိုင်း တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သန်းကျော်ခန့် အရေးပေါ် တိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်းရှိပြီး ဆူပါတိုက်ဖွန်း အဆင့်အဖြစ် သတ်မှတ်ခံထားရသော ဟာဂူပစ် တိုက်ဖွန်းသည် ယမန်နှစ်က မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရသည့် ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်း၊ အဆက်အသွယ်များ ပြတ်တောက်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်ခဲ့သည်။

ယင်းမုန်တိုင်းကြောင့် ကမ်းခြေဒေသတွင် နေထိုင်သော ဖိလစ်ပိုင်ပြည်သူ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ပစ်ကာ ယာယီဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အချို့သော ကျေးရွာများတွင် မြေပြိုမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“မိုးတွေ အင်မတန်သည်းပြီး လေတိုက်နှုန်းတွေကလည်း အရမ်းကို ပြင်းထန်လွန်းပါတယ်။ လူတိုင်းအိမ်ထဲမှာ နေကြဖို့နဲ့ ကုန်းတွင်းပိုင်းနဲ့ ကုန်းမြင့်ဒေသတွေဘက်ကို ပြောင်းရွှေ့ကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားကြပါတယ်” ဟု မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားနေရသည့် ကာတိန်ဂန်မြို့၏ မြို့တော်ဝန် ဝီလ်တန်ကိုက ပြောကြားသည်။

ဖိလစ်ပိုင် မိုးလေဝသ ဗျူရိုအဖွဲ့၏ ထုတ်ပြန်ချက်အရ ဟာဂူပစ် မုန်တိုင်းသည် ယခုအခါ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ရွေ့လျားလျက် ရှိပြီး ပြင်းအားမှာ တနင်္လာနေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာသို့ လျော့ကျလာဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

ယင်းမုန်တိုင်းကြောင့် သေဆုံးသူ၊ ပျောက်ဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မည်၍မည်မျှ ရှိသည်ကို အတိအကျ မသိရသေးဟု အာဏာပိုင်များက ဆိုသည်။

မုန်တိုင်းကြောင့် ဆာမာပြည်နယ် အရှေ့ဘက်ဒေသနှင့် လာတီပြည်နယ်တို့တွင်လည်း လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။

ယင်းပြည်နယ်များသည် ယမန်နှစ်က ဟိုင်ယန်အမည်ရ ဆူပါတိုက်ဖွန်း ဝင်ရောက်တိုက်ခတ်မှု ခံခဲ့ရသော ဒေသများလည်း ဖြစ်သည်။

“ဘယ်ကိုမှ သွားမရဘူး။ မြောက်ဘက်ရော၊ တောင်ဘက်ကိုပါ သွားမရဘူး။ သစ်ပင်တွေ အများကြီး လဲသွားတယ်။ ဓာတ်ကြိုးတွေလည်း ပြတ်ကျကုန်တယ်။ နေရာအတော်မျာများမှာတော့ ရေတွေလွှမ်းကုန်ပြီ” ဟု အရှေ့ဆာမာ ပြည်နယ်၏ လွှတ်တော်အမတ်တစ်ဦး ဖြစ်သူ ဘင်အီဗာဒုန်းက ပြောကြားသည်။

ဒေသခံ ရေဒီယိုအသံလွှင့်ဌာန တစ်ခု၏ ထုတ်ပြန်ကြေညာချက်အရ မုန်တိုင်းကြောင့် အရှေ့ဆာမာပြည်နယ်နှင့် အီလွိုင်လို ပြည်နယ်တို့တွင် လူလေးဦး သေဆုံးခဲ့သည်။

The Voice Weekly
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ အလွန်အင်အား ပြင်းထန်သည့် ဟာဂူပစ် အမည်ရ တိုက်ဖွန်းမုန်တိုင်း တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သန်းကျော်ခန့် အရေးပေါ် တိမ်းရှောင်ထွက်ပြေး ခဲ့ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်းရှိပြီး ဆူပါတိုက်ဖွန်း အဆင့်အဖြစ် သတ်မှတ်ခံထားရသော ဟာဂူပစ် တိုက်ဖွန်းသည် ယမန်နှစ်က မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရသည့် ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်း၊ အဆက်အသွယ်များ ပြတ်တောက်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်ခဲ့သည်။

Tuesday, December 2, 2014

ရန်ကုန်နှင့် ဒေသအချို့တွင် အအေးပိုမည်

ကမ္ဘာ့လေစီးကြောင်းများ ရွေ့လျားမှု၏ သက်ရောက်သည့် အရှိန်ကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းသို့ လေအေးစီးကြောင်းများ ဝင်ရောက်လာရာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ၅ ရက်မှ ၇ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အနောက်မြောက် လေအေးများကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ကုန်းမြင့် တောင်တန်းဒေသ များ ဖြစ်သည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတို့တွင် အအေးဓာတ် ပိုနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

Tuesday, November 25, 2014

ဒေသအားလုံးတွင် နိုဝင်ဘာ နှောင်းပိုင်း၌ အအေးပိုလာနိုင်


နိုဝင်ဘာလနှောင်းပိုင်း တွင် မြန်မာနိုင်ငံအထက်ပိုင်းမှ အောက်ပိုင်းဒေသများအားလုံး ညအပူချိန်များ လျော့၍ အအေးပို လာနိုင်ကြောင်းဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။

‘‘အခုလောလောဆယ်မှာ အထက်ပိုင်း ဒေသတွေနဲ့အောက်ပိုင်းဒေသတချို့မှာ အေးစပြုလာပြီ။ နောက်ပိုင်းရက်တွေမှာ လက်ရှိကာလထက် အအေးပိုလာစရာအကြောင်းရှိတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

Monday, November 24, 2014

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေထုမငြိမ်မသက် မှုများမှ မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ဟု ဒေါက်တာ ထွန်းလွင်ပြော

ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ် ပေါ်နေသော လေထုမငြိမ်မသက်မှု များမှ ပိုမိုအားကောင်းလာကာ မုန် တိုင်းတစ်လုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

အဆိုပါမုန်တိုင်းမှာ မြန်မာနိုင် ငံအတွင်းသို့ တိုက်ရိုက်ထိခိုက်ကျ ရောက်ဖို့အလားအလာ နည်းပါးသော် လည်း အခါလွန်မိုးများရွာနိုင်ကြောင်း၊ ယခုနှစ်တွင် အခါလွန်မိုးရွာသွန်းမှု ကြောင့် စိုက်ပျိုးသီးနှံပျက်စီးမှုများ ကို မြစ်ဝကျွန်းပေါ်ဒေသများတွင် များစွာကြုံတွေ့နေရခြင်းကြောင့် ကြို တင်ပြင်ဆင်ထားသင့်ကြောင်း ယင်း က သတိပေးပြောကြားလိုက်သည်။

Friday, November 7, 2014

သုံးရက်ဆက် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းများနှင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပွား


နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်း များနှင့် မြို့နယ်အချို့၌ နိုဝင်ဘာ ၆ ရက် တွင် ရေကြီးမှုများဖြစ်ပွားခဲ့သည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန် မြို့ရှိတောင်ဥက္ကလာပ၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်၊ စမ်း ချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့မြို့နယ်များ၌  ခါးလယ်လောက်အထိပင် ရေကြီးမှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ နိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီး ဌာနမှ သိရသည်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆၀ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

Thursday, May 22, 2014

မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းအန္တရာယ် သတိပြုရန်လိုဟု မိုး/ဇလ ဆို

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင် အဆင့်ရှိ မုန်တိုင်းငယ်သည် မေလ၂၁ ရက်နေ့မှ နောက် ၂ ရက်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်သို့ ဦးတည် ရွေ့လျားနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ အနေနှင့် အထူးသတိပြုရမည့် အခြေအနေ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။“လောလောဆယ် မုန်တိုင်းက မြန်မာနိုင်ငံကို ဦးမတည်ပေမယ့် အင်အား မကောင်းလာပါစေနဲ့လို့ ဆုတောင်းရမယ်။ မဟုတ်ရင် မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းက စိုးရိမ်စရာ ရှိတယ်။ အစဉ်အလာအရ မုန်တိုင်းလမ်းကြောင်း ကွေ့သွားနိုင်လို့” ဟု ၎င်းကဆိုသည်။
အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးသက်လေပြင်များ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြု ကာကွယ်ရန် လိုအပ်ကြောင်း ဦးကျော်လွင်ဦးက သတိပေး ပြောဆိုသည်။

မုန်တိုင်းသတင်း


၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်းလာမည့်(၂)ရက်အတွင်းမြန်မာဘင်္ဂလားဒေ့ရှ်ကမ်းခြေဒေသများသို
့ဦးတည်ရွေ့လျားနိုင်ပါသည်။

Thursday, December 26, 2013

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့

၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်သည်။
ဇန်နဝါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။

Saturday, October 26, 2013

ရာသီဥတုရဲ့ လက်ရှိအခင်းအကျင်းတွေ



ရာသီဥတုရဲ့ လက်ရှိအခင်းအကျင်းတွေ
Weather News Update
၂၈-၁၀-၂၀၁၃
မနက် (၆း၃၇) နာရီ 

(၁) အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း မလာခဲ့ဘဲ တဖြည်းဖြည်းနဲ့ အားလျော့လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အ၀န်းအ၀ိုင်းဖြစ်တဲ့ တိမ်စွယ်တန်းတွေကတော့ မြန်မယပြည်အနောက်ပိုင်းကို တစ်ပိုင်းတစ်စ မိုးပေးနေပါတယ်။

(၂) မြန်မာနိုင်ငံအပိုင်းမှာတော့ အနောက်မြောက်ပိုငးနဲက အရှေ့တောင်ပိုင်းတွေမှာ မိုးစမိုးနတွေ တွေ့နေရပါတယ်။ ဒါဟာလည်း တရုတ်ပြည်မကြီးပေါ်က လေဖိအားများ ရပ်ဝန်းကြီးက မြန်မာပြည်အရှေ့ပိုင်းကို တိုးဝင်နေတာဖြစ်ပါ တယ်။ မြန်မာပြည်ပေါ် ကလေထုထဲမှာရေငွေ့တွေရှိနေသမျှ ဒီလိုလေအေးတွေတိုးဝင်လိုက်တိုင်း ကမ်းရိုးတန်းတလျှောက်မှာ မိုးတွေရွာလေ့ရှိပါတယ်။

(၃) Typhoon Francisco ကတော့ အကျပိုင်းရောက်သွားပါပြီ။ ဂျပန်နိုင်ငံ အပေါ်ခြိမ်းခြောက်နေတဲ့အန္တရာယ်တွေလျော့နည်းကျဆင်း
သွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်ကတော့ အချိန်အခါနဲ့ဒေသအလိုက် မိုးရွာသွန်းမှုလေးတွေ ဟာ နိုဝင်ဘာလ လဆန်းပိုင်းလောက်အထိ ရှိနေဦးမှာဖြစ်ပါတယ်။


ဒေါက်တာထွန်းလွင်


Weather News Update


-၁၀-၂၀၁၃


မနက် (၆း၃၇) နာရီ




(၁) အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း မလာခဲ့ဘဲ တဖြည်းဖြည်းနဲ့ အားလျော့လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အ၀န်းအ၀ိုင်းဖြစ်တဲ့ တိမ်စွယ်တန်းတွေ ကတော့ မြန်မယပြည်အနောက်ပိုင်းကို တစ်ပိုင်းတစ်စ မိုးပေးနေပါတယ်။

Monday, October 21, 2013

အခုရက်ပိုင်းတွေမှာ ဘာလို့မိုးတွေရွာ....

အခုရက်ပိုင်းတွေမှာ ဘာလို့မိုးတွေရွာ....
Monday, October 21, 2013

Weather News Update
21-10-2013
2:37 am

ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ်အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက်အယှက်လည်းဖြစ်စေခဲ့ရပါတယ်။

မုတ်သုံမရှိ၊ မုန်တိုင်းမရှိ၊ အရှေ့လေပွေလှိုင်းမရှိ၊ ဘာမှမရှိပါဘဲလျက် ကိုရွှေမိုးက အငြိုးကြီးစွာ ရွာနေလေတော့ ဘာကြောင့်လည်းလို့ အဖြေရှာကြည့် မိပါတယ်။ တွေ့ဘူးတဲ့ ကိစ္စတစ်ရပ်ကြောင့် ရွာခဲ့တာကိုတွေ့ရပါတယ်။

ွှဲဒါကတော့ လက်ရှိအချိန်မှာ စောစောပိုင်းကဖြစ်သွားခဲ့တဲ့ Phailin ဆိုင်ကလုန်း မုန်တိုင်း အပါအ၀င် မုန်တိုင်းတွေ မကြာမကြာဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံ ရဲ့လေထုထဲမှာရေငွေ့တွေဟာ မုတ်သုံလေဆုတ်ခွာခဲ့ပြီးဖြစ်ပေမယ့် များများစားစား ရှိနေကြဆဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်ပြည်မကြီးအပေါ်မှာ ရာသီအလိုက်ဖြစ်ပေါ်ရတဲ့ လေဖိအားများရပ်ဝန်းကြီး(High Pressure Area) တစ်ခု ဟာ အားကောင်းကောင်းနဲ့ဖြစ်နေပါတယ်။

ဖြစ်ချင်တော့ အဲဒီလေဖိအားများရပ်ဝန်းကြီးက အရှေ့မြောက်လေအေးတွေ ဟာ မြန်မာနိုင်ငံအွင်းကို တိုးဝင်လာလိုက်တာ ကပ္ပလီပင်လယ်ပြင်အထိရောက် ခဲ့ပါတယ်။ ဒီတော့ ပူနွေးစွတ်စိုနေတဲ့လေထု အခံနဲ့ အေးပြီးခြောက်သွေ့တဲ့ တိုးဝင်လာတဲ့လေအေးတွေ တွေ့ကြတဲ့အခါ သဘာဝအရ လေထုနှစ်ခုရောစပ်မှု(Two Air Masses Mixing) ဖြစ်ခဲ့ပြီး တိမ်တွေဖြစ်။ မိုးတွေရွာ ဖြစ်ခဲရကြောင်းပါ။

ရွာတဲ့မိုးကလည်း နေရာတော်တော်များများ အချိန်တော်တော်ကြာကြာ ရွာခဲ့ပါတယ်။ အရင်ကလည်း ဒါမျိုးဖြစ်ခဲ့ဘူးပါတယ်။ ၂၀၁၁ မတ်လ (၁၅-၁၆-၁၇) သုံးရက် တိတိ နွေခေါင်ခေါင်မတ်လကြီးမှာ မိုးတွင်းလိုမိုးတွေရွာ၊ ဆောင်းတွင်းလိုအေး ခဲ့တာ မိတ်ဆွေတွေမှတ်မိဦးမှာပါ။ အဒီတုံးကပေါ့ ဖျာပုံမြစ်ဝက ကျားဖေါင်တွေ မျောပါကုန် လို့ အသက်မသေဘဲ ကျန်ရစ်သူတွေကို သီရိလင်္ကာနိုင်ငံအထိ သွားကယ်ခဲ့ရတာလေ။
အဲဒီတုံးကလည်း အခုလို အရှေ့မြောက်လေအေးတွေတိုးဝင်ခဲ့တာပေါ့။

အဲဒိတုံးကတော့လေအေးတွေဟာ တိုးဝင်လာလိုက်တာ မြန်မာပြည် နယ်နမိတ်ကိုကျော်ပြီး ဘင်္ဂလားပင်လယ်ကြီးကိုတောင် လွန်သွားကာ သီရိလင်္ကာနိုင်ငံအထိရောက်သွားခဲ့လို့ ရာသီဥတုက ဒီထက်အများကြီး ပိုဆိုးခဲ့တာပေါ။

မိုးလေ၀သဆိုတာ အကြောင်းမရှိဘဲ အကျိုးမဖြစ်ပါဘူးဗျာ။ အဲ...အရေးကြီးတာက အဲဒီအကြောင်းကို ကြိုမြင်တတ်ကြဖို့ပါဘဲ။

ဒေါက်တာထွန်းလွင်
Weather News Update
21-10-2013
2:37 am

ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ် အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက် အယှက်လည်းဖြစ်စေခဲ့ရပါတယ်။

Wednesday, October 9, 2013

နေ့စဉ်မိုး လေ၀သ သတင်း

ဘင်္ဂလား ပင်လယ်အော် အခြေအနေ။ ယနေ့ မြန်မာ စံတော်ချိန် ( ၁၇း ၃၀ ) နာရီ အချိန် တိုင်း ထွာချက် များ အရ ကပ္ပလီ ပင်လယ်ပြင် နှင့် ယင်းနှင့် ဆက်စပ် လျက် ရှိသော ဘင်္ဂလား ပင်လယ်ေ အာ် အရှေ့တောင် ပိုင်း တွင် ဖြစ်ပေါ် နေသော မုန်တိုင်း ငယ် သည် ပုသိမ် မြို့ တောင် - အရှေ့ေ တာင် ဘက် မိုင် ( ၂၉၀ ) ခန့် အကွာ၊ ကိုကိုး ကျွန်း မြို့ ၏ အရှေ့တောင် ဘက် မိုင် ( ၂၀၀ ) ခန့် အကွာ ပင်လယ်ပြင် ကို ဗဟို ပြုနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် သိသိ သာသာ ရွေ့လျား မှု မရှိဘဲ ဆက်လက် တည်ရှိ နေပါ သည်။ ကပ္ပလီ ပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်ေ တာင်ပိုင်း တို့တွင် မုတ်သုံလေ အား အသင့် အတင့် ရှိနေပြီး၊ ကျန် ဘင်္ဂလား ပင်လယ်အော် တွင် တိ မ် အသင့် အတင့် ဖြစ် ထွန်း နေပါ သည်။

Friday, September 27, 2013

INVEST-93W လေဖိအားနည်းရပ်ဝန်း 20W ဖြစ်လာပြီ


တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST-93W သည် ပိုမို အားကောင်း လာပြီး၊ လေဖိအားနည်းရပ်ဝန်း(Tropical Depression-TD) 20W(TWENTY) အဆင့်သို့ ရောက်ရှိ လာပြီဖြစ် ပါသည်။

Wednesday, September 11, 2013

မြစ်ရေကြီးမှုအခြေအနေသတင်း

ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၉-၉-၂၀၁၃)ရက်နေ့ (၁၉း၃၀)နာရီမှစ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၆၅) စင်တီမီတာ (၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီ အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Thursday, August 1, 2013

တာတမံတွေကြောင့် ကမ္ဘာကြီးပိုပူနိုင်

တာတမံတွေကြောင့် ကမ္ဘာကြီးပိုပူနိုင် 

မြစ်ကြောင်းတွေကိုပိတ်ပြီး  ရေကာတာတွေ တည်ဆောက်တာ ကနေ ရေအားလျှပ်စစ် ထုတ်နိုင်သလို၊ သောက်သုံးရေ ဖူလုံဖို့ ရေလှောင်ကန်တွေ ရစေပြီး၊  အပမ်းဖြေ စခန်းတွေ ပေါ်လာတာ လို ကောင်းကျိုးတွေကို ရစေတဲ့အပြင် ဆိုးကျိုးအဖြစ် ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကိုပါ ပိုများလာစေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ကမ္ဘာပေါ်က ကြီးမားတဲ့ ရေကာတာကြီး ၅ သောင်း ဟာ မီသိန်းဓါတ်ငွေ့ အဓိက ထွက်တဲ့ နေရာတွေ ဖြစ်နေပါတယ်။ 

ရေကာတာတွေ ပိတ်ပြီးဆောက်လိုက်တဲ့အတွက် ကျလာတဲ့အနည်တွေထဲက အပင်နဲ့သတ္တဝါတွေနဲ့ အတူပါလာတဲ့ ကာဗွန်တွေကနေ မီသိန်းဓါတ်ငွေ့ အမြှပ်ကလေးတွေကို တွေ့နိုင်ပါတယ်။ 

မီသိန်းဓာတ်ငွေ့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပြီး  ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထက် ၂၅ ဆ ပိုပြီး ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။ 

ဂျာမဏီနိုင်ငံ  Koblenz တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသား အန်ဒရေ မက်ခ် (Andreas Maeck) ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ပေ ၅၀ အောက် ရေအနက်ရှိတဲ့ ရေကာတာငယ် ကလေးတွေမှာ မီသိန်းဓါတ်ငွေ့ ထုတ်လွှတ်တဲ့ ပမာဏကို လေ့လာခဲ့ကြပါတယ်။ 

ကမ္ဘာပေါ်မှာ ဒီလိုရေလှောင်နိုင်တဲ့ ရေကာတာငယ်ပေါင်း သန်းနဲ့ချီရှိနေပြီး ဒီရေကာတာတွေမှာ ကျနေတဲ့ အနည်တွေကနေ မီသိန်းဓါတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတာကို သူတို့အဖွဲ့က တွေ့ရှိခဲ့တာပါ။ 

ဒီရေကာတာတွေကနေရတဲ့ မီသိန်းပမာဏဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု  ပမာဏရဲ့  ၇ % ရှိနေတာမို့ ဒါဟာ အရင်တွက်ချက် ထားတာထက် သိပ်ကိုများနေတာပါ။

ရေကာတာ တည်ဆောက်မှုတွေဟာ ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတာမို့  စွမ်းအင်ထုတ် ဖို့၊ ရေသိုလှောင် ဖို့ နောက်ထပ် ဆောက်လုပ်မှုတွေအတွက် ဒီအဖွဲ့ရဲ့ သတိပေးဆောင်းပါးကို သဘာဝဝန်းကျင်နဲ့ သိပ္ပံနည်းပညာ စာစောင်မှာ ဖေါ်ပြထားပါတယ်။ 

VOA News
မြစ်ကြောင်းတွေကိုပိတ်ပြီး ရေကာတာတွေ တည်ဆောက်တာကနေ ရေအားလျှပ်စစ်ထုတ်နိုင်သလို ၊ သောက်သုံးရေ ဖူလုံဖို့ ရေလှောင်ကန်တွေ ရစေပြီး၊ အပမ်းဖြေ စခန်းတွေ ပေါ်လာတာ လို ကောင်း ကျိုးတွေကို ရစေတဲ့အပြင် ဆိုးကျိုးအဖြစ် ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကိုပါ ပိုများလာစေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

Wednesday, July 31, 2013

နာဆာ ဂြိုလ်တုမှ လေ့လာတွေ့ရှိရပုံ

Photo: မိုးဆက်တိုက် ရွာသွန်းလာသဖြင့် ချင်းတွင်းမြစ်ဝှမ်းတွင်လည်း မြစ်ရေကြီးသည့်အခြေအနေများဖြစ်ပေါ် လာနိုင်ကြောင်းမိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ဇူလိုင်လ ၃၁ ရက်တွင်ပြောကြားသည်။

"ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်တဲ့ ခန္တီးတို ဟုမ္မလင်းတို့ ကတော့အနီရောင်...အဆင့်ဖြစ်နေပြီ အနီရောင်အဆင့် ဆိုတာ ရေကြီးမူ့ အန္တရယ်မြင့်မားနေပြီ မုံရွာကတော့ သတိထားရမဲ့အနေအထားဖြစ်နေပြီ နောက် ၃ ရက်လောက်ဆိုမုံရွာလဲကြီးနိုင်တယ်" ဟုဒေါက်တာထွန်း လွင်ကပြောသည်။

မိုးလေ၀သသတင်းများထုတ်ပြန်ပေးနေသော အမေရိကန်အာကာသသိပ္ပံ ( နာဆာ) ၏ တိုင်းထွာချက်များအရ ဘင်္ဂလားအော်တွင်မုတ်သုန်လေအားကောင်းနေပြီးတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းမှာလည်း ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့်မြန်မာနိုင်ငံတွင်နောက် ၂ ရက်မှ ၃ ရက်ထိ မိုးများနေဦးမည်ဖြစ်သည်။

နာဆာမှတိုင်းထွာရရှိသော ရေဖုံးလွှမ်းခံနေရသောဒေသများမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကချင်ပြည်နယ်အနောက်အလယ်ပိုင်း၊ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းတောင်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းမြောက်ပိုင်းတို့ ဖြစ်သည်။

7Day News Journal
မိုးဆက်တိုက် ရွာသွန်းလာသဖြင့် ချင်းတွင်းမြစ်ဝှမ်းတွင်လည်း မြစ်ရေကြီးသည့်အခြေအနေများဖြစ်ပေါ် လာနိုင်ကြောင်းမိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ဇူလိုင်လ ၃၁ ရက်တွင်ပြောကြားသည်။

Friday, July 26, 2013

အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....




Photo: အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....
Friday, July 26, 2013

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့
ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်မိုးပိုလာနိုင်ပါသည်။

MMweather Page
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။