Friday, September 6, 2013

မွေးရာပါ ကလေး ခြေထောက်ခွင်ရောဂါ ကုသနိုင်

မြန်မာနိုင်ငံ အရိုးရောဂါ အထူးကု ဆရာဝန်များ၏ မွေးရာပါ ကလေးခြေထောက်ခွင် ရောဂါ ကုသရေးစီမံချက် စတင်နေပြီ ဖြစ်၍မကွေးတိုင်း ဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အခမဲ့ ကြည့်ရှုကုသပေးလျက် ရှိသည်။

မွေးရာပါ ကိုယ်ရည်ကိုယ်သွေး ချို့တဲ့ခြင်းကြောင့် ကလေးဘဝ၊ လူငယ်ဘဝ ဖြတ်သန်း ရင်ဆိုင်ရမည့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှုနှင့် လူမှုဒုက္ခများ အတွက် Walk for Life ဆောင်ပုဒ်နှင့် အညီ အပြည့်အဝ ကူညီ ပေးနေသော လူသားချင်း စာနာထောက်ထားမှု တစ်ရပ်ဖြစ်ကြောင်း၊ မွေးရာပါ အမှန်တကယ် ဖြစ်ပါက ပျောက်ကင်းအောင် ကုသပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment