Friday, September 6, 2013

အိနိ္ဒယဆပ်ကပ်များတွင် တိရစ္ဆာန်များအသုံးမပြုရန် တောင်းဆို

အိနိ္ဒယဆပ်ကပ်များတွင် တိရစ္ဆာန်များအသုံးပြုနေခြင်းအား ပိတ်ပင်ရေးအတွက် တောင်းဆိုသွားမည် ဖြစ်ကြောင်း တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၅ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားခဲ့သည်။

တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဗုဒ္ဓဟူးနေ့တွင်သေးငယ်သည့် လှောင်အိမ်များတွင် ထည့် ထားသည့် ခွေးများ၊ အချိန်တော်တော်ကြာ ချုပ်နှောင်ထားခြင်းခံထားရသည့် ဆင်နှင့်မြင်းများ အပြင်အရက်အလွန်အကျွံ သောက်သုံးထားသည့် ထိန်းသိမ်းလေ့ကျင့်ပေးသူများအားတွေ့ခဲ့ရသည်ဟု ပြောကြားအပြီးတွင် အိနိ္ဒယနိုင်ငံအတွင်းဆက်ကပ်များတွင် တိရစ္ဆာန်အားလုံးအား အသုံးပြုခွင့်ပေးခြင်းကို ပိတ်ပင် ရန် စဉ်းစားနေခြင်းဖြစ်သည်။

လွန်ခဲ့သောကိုးလအတွင်းတွင် တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှာ ဆပ်ကပ်အဖွဲ့ ၁၆ ဖွဲ့ အတွင်းရှိ တိရစ္ဆာန်များ၏အခြေအနေအား လေ့လာစုံစမ်းပြီးနောက်တွင် အိနိ္ဒယနိုင်ငံတွင်းရှိ တိရစ္ဆာန်များ ဆိုင်ရာဘုတ်အဖွဲ့ (AWBI) မှ ယခုကဲ့သို့ပိတ်ပင်ရန် တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ဆပ်ကပ်များမှတိရစ္ဆာန်များအား ကပြဖျော်ဖြေရန်အတွက် ထိန်းသိမ်းသွန်သင်သည့်နည်းလမ်းများအပေါ် အနောက်နိုင်ငံတော်တော်များများရှိ လူထုမှစိုးရိမ်မှုများရှိနေသည့်အချိန်တွင် အိနိ္ဒယနိုင်ငံ၏သဘာဝပတ် ၀န်းကျင်ရေးရာဝန်ကြီးဌာနသို့ ယခုကဲ့သို့အကြံပေးခဲ့ခြင်း ဖြစ်သည်။

“လူတိုင်းကဆပ်ကပ်ပွဲတွေကို သဘောကျကြပါတယ်။ ဒါပေမဲ့ဆပ်ကပ်ပွဲတွေရဲ့နောက်ကွယ်မှာတိရစ္ဆာန် တွေကို ဆိုးဆိုးရွားရွား ဆက်ဆံတာတွေ၊ ထိန်းသိမ်းထားတာတွေကို ဘယ်သူမှမသိကြပါဘူး” ဟု AWBI ၏ အထွေထွေအတွင်းရေးမှူး S. Umarani က ပြောကြားသည်။
“ဒီလိုရပ်စက်မှုတွေကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့အနေနဲ့မှန်ကန်တဲ့ တရားဥပဒေပြဋ္ဌာန်းမှုတွေ လို အပ်ပါတယ်”ဟုလည်း S. Umarani က ပြောကြားခဲ့သည်။

အိနိ္ဒယနိုင်ငံတွင် ၀က်ဝံများ၊ မျောက်များ၊ ကျားများ၊ တောင်ခြင်္သေ့များ အပါအ၀င် မျိုးတုန်းပျောက်ကွယ်မှု အန်္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော တိရစ္ဆာန်များအားဆပ်ကပ်များတွင် အသုံးပြုခြင်းအား ပိတ်ပင် ထားခဲ့ပြီးဖြစ်သည်။ သို့သော်ဆင်များအား ဆပ်ကပ်များတွင်အသုံးပြုခြင်း အား ၂၀၀၉ ခုနှစ်မှစတင်ကာ ပိတ်ပင်ခဲ့သော်လည်း ဆက်လက်အ သုံးပြုမှုများရှိနေသေးသည်ဟု တက်ကြွလှုပ်ရှားသူများ မှ ပြောကြား လိုက်သည်။

BBC
မဇ္ဈိမ

No comments:

Post a Comment