Sunday, September 29, 2013

လွှတ်တော်ကော်မတီများ၏ ဖိတ်ကြားမှုများတွင် ဌာနစုံပါဝင်သည့် အစိုးရ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ဆုံမည်

အစိုးရနှင့် လွှတ်တော်ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေစေရန် ဆိုင်ရာ ကဏ္ဍများအလိုက် လွှတ်တော်ကော်မတီများက ဖိတ်ကြားမှုများတွင် ဌာနစုံပါဝင်သည့် အစိုးရ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ ဆုံ မည်ဖြစ်ကြောင်း နေပြည်တော်၌ စက်တင်ဘာ ၂၇ ရက်က ပြည်ထောင် စု အစိုးရအဖွဲ့ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများဖြစ် သည့် ဒုတိယ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်များအရ သိရပါသည်။
စက်တင်ဘာ ၂၇ ရက်က ၀န်ကြီးဌာန အသီးသီးမှ ဒုတိယ၀န်ကြီးများ ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် Cabinet Sub-Committee/Delivery Unit ၂၆ ခုကို ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့၏ ကျန်သည့်လ ၃၀ အတွင်း ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းကဏ္ဍအလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည် အထိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည့် Delivery Unit/Taskforce များဖြင့် မြေပြင်ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "De-livery Unit/Taskforce များကို အစိုးရအဖွဲ့ ဆပ်ကော်မတီ တာဝန်ကိုပါ ပေးအပ်ရခြင်းမှာ လွှတ်တော်ကော်မတီ အသီးသီးက ဆိုင်ရာကဏ္ဍအလိုက် ဥပဒေပြုစုခြင်းနှင့် အစိုးရ ဌာနများ၏ လုပ်ငန်းကဏ္ဍများ ဆွေးနွေး ညှိနှိုင်းခြင်းတို့ ပြုလုပ်ရာတွင် ဌာနကိုယ် စားလှယ် အချို့သာ သွားရောက်ဆွေးနွေးခဲ့ပြီး ပြန်လည်တင်ပြ အကောင်အထည်ဖော်မှု အပိုင်းတွင် အားနည်းလျက် ရှိသည့်အတွက် လွှတ်တော်ကော် မတီများက ဆွေးနွေးရန် ဖိတ်ကြားသည့် အခါတွင် ကဏ္ဍအလိုက် ဌာနစုံ ပါဝင်သည့် အစိုးရအဖွဲ့ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ဆုံ ခြင်းအားဖြင့် အစိုးရနှင့် လွှတ်တော် ဆက်ဆံဆောင်ရွက်မှု ပိုမို အဆင်ပြေ ချောမွေ့စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်က နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment