Monday, September 16, 2013

ဂျပန်နိုင်ငံရှိ လည်ပတ်ဆဲ နောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖို ရပ်ဆိုင်းမည်

Photo: ဂျပန်နိုင်ငံရှိ လည်ပတ်ဆဲ နောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖို ရပ်ဆိုင်းမည်
Monday, September 16, 2013

ဂျပန်နိုင်ငံရှိ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနေသော လည်ပတ် ဆဲနောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုတစ်လုံး ကို ပုံမှန်စစ်ဆေး မှုများ ဆောင်ရွက်ရန် အတွက် မကြာမီရပ် ဆိုင်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ Kansai လျှပ်စစ်စွမ်းအင် ကုမ္ပဏီပိုင် ဂျပန်နိုင်ငံ အလယ်ပိုင်း Ohi EsL ကလီးယား စွမ်းအင်စက်ရုံရှိ အမှတ်(၄) နျူကလီးယား ဓာတ်ပေါင်းဖို ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှ စတင် လျှော့ချပြီး ညပိုင်းတွင် ရပ်တန့်သွားမည် ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၆ ရက် နံနက် အစောပိုင်းတွင် ၎င်းဓာတ်ပေါင်းဖို လုပ်ငန်း လည်ပတ်မှုကို လုံးဝရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။

ပုံမှန်စစ်ဆေးမှုသည် ခြောက်လခန့် ကြာမြင့်နိုင်ပြီး နျူကလီးယား ဓာတ်ပေါင်းဖိုများ လုပ်ငန်းပြန်လည် မလည်ပတ်ခင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ သဘော တူညီချက် ရယူရမည် ဖြစ်ကြောင်းလည်း သိရသည်။ ၂ဝ၁၁ ခုနှစ်က ဂျပန်နိုင်ငံရှိ ဖူကူရှီးမား ဒိုင်အိချိ စွမ်းအင်စက်ရုံတွင် နျူကလီးယား မတော်တဆမှု ဖြစ်ပွား ပြီးနောက် နိုင်ငံအတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖို အားလုံးကို လုံခြုံစိတ်ချမှု စစ်ဆေးရန် အတွက် ရပ်ဆိုင်း ခဲ့ကြောင်း၊ Ohi နျူကလီးယား စွမ်းအင်စက်ရုံရှိ ဓာတ်ပေါင်းဖို အမှတ်(၃)နှင့် အမှတ်(၄)ကို ၂ဝ၁၂ ခုနှစ်က ပြန်လည် လည်ပတ်ခွင့်ပြုခဲ့ကြောင်း၊ ၎င်းအနက် အမှတ်(၃) ဓာတ်ပေါင်းဖိုကို ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ပြန်လည်ရပ်ဆိုင်းခဲ့ပြီး ယခု ဓာတ်ပေါင်းဖိုသာ နောက်ဆုံး လည်ပတ်နေကြောင်း သိရသည်။

မြ၀တီ
ဂျပန်နိုင်ငံရှိ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနေသော လည်ပတ်ဆဲနောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖို တစ်လုံးကို ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်ရန်အတွက် မကြာမီရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
Kansai လျှပ်စစ်စွမ်းအင် ကုမ္ပဏီပိုင် ဂျပန်နိုင်ငံ အလယ်ပိုင်း Ohi EsL ကလီးယား စွမ်းအင်စက်ရုံရှိ အမှတ်(၄) နျူကလီးယား ဓာတ်ပေါင်းဖို ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှစတင် လျှော့ချပြီး ညပိုင်းတွင် ရပ်တန့်သွားမည် ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၆ ရက် နံနက် အစောပိုင်းတွင် ၎င်းဓာတ်ပေါင်းဖို လုပ်ငန်း လည်ပတ်မှုကို လုံးဝရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။

ပုံမှန်စစ်ဆေးမှုသည် ခြောက်လခန့် ကြာမြင့်နိုင်ပြီး နျူကလီးယား ဓာတ်ပေါင်းဖိုများ လုပ်ငန်းပြန်လည် မလည်ပတ်ခင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ သဘောတူညီချက်ရယူရမည် ဖြစ်ကြောင်းလည်း သိရသည်။ ၂ဝ၁၁ ခုနှစ်က ဂျပန်နိုင်ငံရှိ ဖူကူရှီးမား ဒိုင်အိချိ စွမ်းအင်စက်ရုံတွင် နျူကလီးယား မတော်တဆ မှု ဖြစ်ပွား ပြီးနောက် နိုင်ငံအတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖို အားလုံးကို လုံခြုံစိတ်ချမှု စစ်ဆေးရန် အတွက် ရပ်ဆိုင်း ခဲ့ကြောင်း၊ Ohi နျူကလီးယား စွမ်းအင်စက်ရုံရှိ ဓာတ်ပေါင်းဖို အမှတ်(၃)နှင့် အမှတ်(၄)ကို ၂ဝ၁၂ ခုနှစ်က ပြန်လည် လည်ပတ်ခွင့်ပြုခဲ့ကြောင်း၊ ၎င်းအနက် အမှတ်(၃) ဓာတ်ပေါင်းဖိုကို ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ပြန်လည်ရပ်ဆိုင်းခဲ့ပြီး ယခု ဓာတ်ပေါင်းဖိုသာ နောက်ဆုံး လည်ပတ်နေကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment