Sunday, September 1, 2013

တင်ပို့မှု ရပ်ဆိုင်းတော့မည်ဖြစ်၍ လက်ကျန်သစ်အားလုံး ပို့ခွင့်တောင်းရာ၌ ၁၀ နှစ်အတွင်းက မပို့ရသေးဟုဆိုသော သစ်များကို လက်ကျန်စာရင်း၌ ထည့်ပြကာ ပို့ခွင့်တောင်းမှုများ ရှိလာ

Photo: တင်ပို့မှု ရပ်ဆိုင်းတော့မည်ဖြစ်၍ လက်ကျန်သစ်အားလုံး ပို့ခွင့်တောင်းရာ၌ ၁၀ နှစ်အတွင်းက မပို့ရသေးဟုဆိုသော သစ်များကို လက်ကျန်စာရင်း၌ ထည့်ပြကာ ပို့ခွင့်တောင်းမှုများ ရှိလာ
Sunday, September 1, 2013

သစ်အလုံးလိုက် တင်ပို့မှုအား လာမည့်ဘဏ္ဍာနှစ်တွင် ရပ်ဆိုင်းတော့ မည့် ဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ် အတွင်း၌ပင် လက်ကျန်သစ် များအားလုံးကို တွန်းပို့နိုင်ရန် သစ်ကုမ္ပဏီများ ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ထိုသို့ တင်ပို့ရန်အတွက် ခွင့်ပြုချက်များ တောင်းခံရာ တွင် ပြည်ပသို့ တင်ပို့ရန် သစ်ဆိပ်လက်ကျန်စာရင်းကို သစ်ကုမ္ပဏီများက တင်ပြရာတွင် အချို့ကုမ္ပဏီများသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း က နှစ် အလိုက် ကျန်ရှိလာသည့် သစ်လုံးတန်ချိန်များကိုပင် လက်ကျန်စာရင်းတွင် ထည့်သွင်းကာ ခွင့်ပြုမိန့် တောင်းခံလာမှု ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
သစ်ကုမ္ပဏီများ အနေဖြင့် လက်ကျန်သစ်များ တင်ပို့ခွင့် တောင်းရာတွင် ကုမ္ပဏီအချို့မှာ တန်ချိန်သောင်းဂဏန်း နီးပါးအထိ လက်ကျန်စာရင်းပြကာ ပုံမှန်လမ်းကြောင်းမှ တင်ပို့ရန်အတွက်သော် လည်းကောင်း၊ နယ်စပ်ဖြတ်ကျော် တင်ပို့ရန်အတွက်သော် လည်းကောင်း ခွင့်ပြုမိန့် တောင်းခံသည်ဟု သိရသည်။

တင်ပို့ခွင့် တောင်းသည်ဟု ဆိုရာတွင် လွန်ခဲ့သည့် နှစ်မည်မျှကဖြစ်စေ လက်ကျန်ရှိသည်မှာ စာရင်းပေါ်တွင်သာ လက်ကျန်ဖြစ်သည် ဆိုသော်လည်း ပြင်ပတွင် လက်တွေ့တင်ပို့ရာ၌မူ Fresh Cut သစ်အမျိုးအစားများ ဖြစ်ခဲ့သည့် လိမ်လည်ခဲ့သော သာဓကများလည်း ရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြန်မာနိုင်ငံ အနေဖြင့် သစ်အလုံး ပြည်ပ တင်ပို့ခြင်းအား ရပ်ဆိုင်းတော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ သစ်ကုမ္ပဏီများ အနေဖြင့် လက်ကျန်သစ်များအားလုံး ပြည်ပသို့ တင်ပို့ရန်အတွက် ခုနစ်လသာ ကျန်ရှိတော့သည်။
လွန်ခဲ့သည့် နှစ်မည်မျှကဖြစ်စေ လက်ကျန်ရှိသည်မှာ စာရင်းပေါ်တွင်သာ လက်ကျန်ဖြစ်သည် ဆိုသော်လည်း ပြင်ပတွင် လက်တွေ့တင်ပို့ရာ၌မူ Fresh Cut သစ်အမျိုးအစားများ ဖြစ်ခဲ့သည့် လိမ်လည်ခဲ့သော သာဓကများလည်း ရှိခဲ့ . . . . .

လက်ရှိအနေအထားအရ ပြည်ပသို့ တင်ပို့ရန် ရန်ကုန်သစ်ဆိပ်များ၌ ပုံထားသည့် ပမာဏသည်ပင် ကျွန်းသစ်လုံးတန်ချိန်မှာ ခုနစ်သိန်း နီးပါးအထိပင် ကျန်ရှိနေနိုင်ကြောင်း၊ တောအတွင်းနှင့် နယ်များ၌ ထုတ်လုပ်ထားပြီး ရန်ကုန်သို့ မသယ်ယူရသေးသော သစ်တန်ချိန် သည်လည်း သိန်းဖြင့်ချီ ရှိနေနိုင်ကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် လက်ရှိလက်ကျန် သစ်တန်ချိန်မှာ စုစုပေါင်းတန်ချိန် တစ်သန်းနီးပါးအ
ထိပင် ရှိနေနိုင်သေးသည်ဟု သစ်လုပ်ငန်းရှင် အချို့က သိရှိထားသည့် အချက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ချက် ထားကြသည်။

အဆိုပါ သစ်လုံးတန်ချိန် ပမာဏကို ခုနစ်လအတွင်း အပြီးပြည်ပပို့ရန်မှာ မဖြစ်နိုင်ကြောင်း၊ အချိန်မီ တင်ပို့နိုင်မည် မဟုတ်သည့်အတွက် အခြား နည်းလမ်းများကို စီစဉ်လာနိုင်သည်ဟုလည်း သစ်တောထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်အချို့က ထောက်ပြခဲ့ကြသည်။
အချို့သစ်လုပ်ငန်းရှင်များသည် အချိန်မီ မပို့နိုင်ပါက ရသလောက် ပမာဏကို မြန်မာနိုင်ငံဘက်ခြမ်းတွင် မထားဘဲ တရုတ်၊ ထိုင်းနိုင်ငံများဘက်တွင် သွားရောက်စုပုံထားကာ နောင်မှရောင်းချမည့် အနေအထား ရှိလာနိုင်သည်ဟု ကြားသိထားရကြောင်း၊ ယင်းအပြင် အခွင့်သာပါက မှောင်ခိုလမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ကာ သယ်ယူနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ပါက နိုင်ငံတော်အနေဖြင့် နစ်နာနိုင်သည်ဟုလည်း သုံးသပ်ပြခဲ့သည်။

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းမည့် ကာလကိုသာ သတ်မှတ်ထုတ်ပြန်ထားပြီး အချိန်မီ မပို့နိုင်သည့် သစ်လုံးများကို မည်သို့လုပ်ဆောင်မည်ဟု စည်းကမ်းချက်များကို ယနေ့အထိ အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း၊ လက်ကျန်သစ်ပမာဏနှင့် တင်ပို့ရမည့်ကာလ အချိန်မမီသည့် အပေါ်တွင်လည်း မဟုတ်သည့် နည်းလမ်းများ မကျင့်သုံးနိုင်ရန်
အတွက် ယခုကတည်းက စီမံခန့်ခွဲမှုများ ပြုလုပ်ထားသင့်သည်
ဟုလည်း သစ်တောထွက် ပစ္စည်းများဖြင့် ပရိဘောဂများ ထုတ်လုပ်ကာ ပြည်ပတင်ပို့နေသူများက ထောက်ပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့နယ်အတွင်း သစ်လုံးများအား စုပုံထားသည်ကို ၂၀၁၃ ခုနှစ် မေလက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

Eleven Media Group
သစ်အလုံးလိုက် တင်ပို့မှုအား လာမည့်ဘဏ္ဍာနှစ်တွင် ရပ်ဆိုင်းတော့ မည့် ဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ် အတွင်း၌ပင် လက်ကျန်သစ် များအားလုံးကို တွန်းပို့နိုင်ရန် သစ်ကုမ္ပဏီများ ပြင်ဆင်နေကြောင်း သတင်းရ ရှိသည်။ထိုသို့ တင်ပို့ရန်အတွက် ခွင့်ပြုချက်များ တောင်းခံရာ တွင် ပြည်ပသို့ တင်ပို့ရန် သစ်ဆိပ်လက်ကျန် စာရင်းကို သစ်ကုမ္ပဏီများက တင်ပြရာတွင် အချို့ကုမ္ပဏီများသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း က နှစ် အလိုက် ကျန်ရှိလာသည့် သစ်လုံးတန်ချိန်များကိုပင် လက်ကျန်စာရင်းတွင် ထည့်သွင်းကာ ခွင့်ပြုမိန့် တောင်းခံလာမှု ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
သစ်ကုမ္ပဏီများ အနေဖြင့် လက်ကျန်သစ်များ တင်ပို့ခွင့် တောင်းရာတွင် ကုမ္ပဏီအချို့မှာ တန်ချိန်သောင်း ဂဏန်း နီးပါးအထိ လက်ကျန်စာရင်းပြကာ ပုံမှန်လမ်းကြောင်းမှ တင်ပို့ရန်အတွက်သော် လည်းကောင်း၊ နယ်စပ်ဖြတ်ကျော် တင်ပို့ရန်အတွက်သော် လည်းကောင်း ခွင့်ပြုမိန့် တောင်းခံသည်ဟု သိရသည်။

တင်ပို့ခွင့် တောင်းသည်ဟု ဆိုရာတွင် လွန်ခဲ့သည့် နှစ်မည်မျှကဖြစ်စေ လက်ကျန်ရှိသည်မှာ စာရင်းပေါ် တွင်သာ လက်ကျန်ဖြစ်သည် ဆိုသော်လည်း ပြင်ပတွင် လက်တွေ့တင်ပို့ရာ၌မူ Fresh Cut သစ်အမျိုး အစားများ ဖြစ်ခဲ့သည့် လိမ်လည်ခဲ့သော သာဓကများလည်း ရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြန်မာနိုင်ငံ အနေဖြင့် သစ်အလုံး ပြည်ပ တင်ပို့ခြင်းအား ရပ်ဆိုင်းတော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ သစ်ကုမ္ပဏီများ အနေဖြင့် လက်ကျန်သစ်များအားလုံး ပြည်ပသို့ တင်ပို့ရန် အတွက် ခုနစ်လသာ ကျန်ရှိတော့သည်။
လွန်ခဲ့သည့် နှစ်မည်မျှကဖြစ်စေ လက်ကျန်ရှိသည်မှာ စာရင်းပေါ်တွင်သာ လက်ကျန်ဖြစ်သည် ဆိုသော်လည်း ပြင်ပတွင် လက်တွေ့တင်ပို့ရာ၌မူ Fresh Cut သစ်အမျိုးအစားများ ဖြစ်ခဲ့သည့် လိမ်လည်ခဲ့သော သာဓက များလည်း ရှိခဲ့ . . . . .

လက်ရှိအနေအထားအရ ပြည်ပသို့ တင်ပို့ရန် ရန်ကုန်သစ်ဆိပ်များ၌ ပုံထားသည့် ပမာဏသည်ပင် ကျွန်းသစ်လုံးတန်ချိန်မှာ ခုနစ်သိန်း နီးပါးအထိပင် ကျန်ရှိနေနိုင်ကြောင်း၊ တောအတွင်းနှင့် နယ်များ၌ ထုတ်လုပ်ထားပြီး ရန်ကုန်သို့ မသယ်ယူရသေးသော သစ်တန်ချိန် သည်လည်း သိန်းဖြင့်ချီ ရှိနေနိုင်ကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် လက်ရှိလက်ကျန် သစ်တန်ချိန်မှာ စုစုပေါင်းတန်ချိန် တစ်သန်းနီးပါးအ
ထိပင် ရှိနေနိုင်သေးသည်ဟု သစ်လုပ်ငန်းရှင် အချို့က သိရှိထားသည့် အချက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ချက် ထားကြသည်။

အဆိုပါ သစ်လုံးတန်ချိန် ပမာဏကို ခုနစ်လအတွင်း အပြီးပြည်ပပို့ရန်မှာ မဖြစ်နိုင်ကြောင်း၊ အချိန်မီ တင်ပို့နိုင်မည် မဟုတ်သည့်အတွက် အခြား နည်းလမ်းများကို စီစဉ်လာနိုင်သည်ဟုလည်း သစ်တောထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်အချို့က ထောက်ပြခဲ့ကြသည်။
အချို့သစ်လုပ်ငန်းရှင်များသည် အချိန်မီ မပို့နိုင်ပါက ရသလောက် ပမာဏကို မြန်မာနိုင်ငံဘက်ခြမ်းတွင် မထားဘဲ တရုတ်၊ ထိုင်းနိုင်ငံများဘက်တွင် သွားရောက်စုပုံထားကာ နောင်မှရောင်းချမည့် အနေအထား ရှိလာနိုင်သည်ဟု ကြားသိထားရကြောင်း၊ ယင်းအပြင် အခွင့်သာပါက မှောင်ခိုလမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ကာ သယ်ယူနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ပါက နိုင်ငံတော်အနေဖြင့် နစ်နာနိုင်သည်ဟုလည်း သုံးသပ်ပြခဲ့သည်။

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းမည့် ကာလကိုသာ သတ်မှတ်ထုတ်ပြန်ထားပြီး အချိန်မီ မပို့နိုင်သည့် သစ်လုံးများကို မည်သို့လုပ်ဆောင်မည်ဟု စည်းကမ်းချက်များကို ယနေ့အထိ အများပြည်သူသို့ ထုတ်ပြန်ကြေ ညာခြင်း မရှိသေးကြောင်း၊ လက်ကျန်သစ်ပမာဏနှင့် တင်ပို့ရမည့်ကာလ အချိန်မမီသည့် အပေါ်တွင်လည်း မဟုတ်သည့် နည်းလမ်းများ မကျင့်သုံးနိုင်ရန်အတွက် ယခုကတည်းက စီမံခန့်ခွဲမှုများ ပြုလုပ်ထားသင့် သည်ဟုလည်း သစ်တောထွက် ပစ္စည်းများဖြင့် ပရိဘောဂများ ထုတ်လုပ်ကာ ပြည်ပ တင်ပို့နေသူများက ထောက်ပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့နယ်အတွင်း သစ်လုံးများအား စုပုံထားသည်ကို ၂၀၁၃ ခုနှစ် မေလက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

Eleven Media Group

No comments:

Post a Comment