Sunday, September 1, 2013

အသီးများများစားကဆီးချိုဖြစ်နိုင်ခြေနည်းသစ်သီးဖျော်ရည်များများသောက်က ဆီးချိုပိုဖြစ်နိုင်


လတ်ဆတ် သောသစ်သီးများကို စားသုံးပါက ဆီးချိုရောဂါဘေးဥပဒ်ကို လျော့ နည်းစေနိုင်ကြောင်း သိရသည်။ 
အထူးသဖြင့် လတ်ဆတ် သော ဘလူးဘယ်ရီသီး၊ စပျစ်သီး၊ ပန်းသီးနှင့် သစ်တော်သီးများကို စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါ ဘေးဥပဒ်ကို လျော့ပါးစေမှုနှင့် ဆက်နွှယ်နေသည်ဟု ဆိုသည်။
သို့ရာတွင် သစ်သီးဖျော်ရည် များ ပိုမိုသောက်သုံးခြင်းက ဆီး ချိုရောဂါဘေးဥပဒ်ကို တိုးပွားစေ သည်ဟု လေ့လာဆန်းစစ်မှုတစ် ခုတွင် ဖော်ပြထားကြောင်းသိရ သည်။ ဗြိတိသျှ၊ အမေရိကန်နှင့် စင်ကာပူသုတေသီ တို့သည် အမေ ရိကန်ပြည်ထောင်စုတွင် ဆောင် ရွက်ခဲ့သည့် ကြီးမားသောကျန်း မာရေး စမ်းသပ် စစ်ဆေးမှုသုံးခုမှ အချက်အလက်များကို လေ့လာ ဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။
ကျန်းမာရေးစမ်းသပ်စစ် ဆေးမှုတွင် သူနာပြုနှင့် တခြား သော ကြေးစားကျန်းမာရေးပြုစု စောင့်ရှာက်သူ ၁၈၇၀၀ဝတို့ က ပါဝင်ခဲ့ကြကြောင်း သိရသည်။ 
သုတေသီတို့က ပါဝင်သူ တို့၏ကျန်းမာရေးကို နှစ်ကာလ အတန်ကြာ စောင့်ကြည့်စစ်ဆေး မှုပြုခဲ့ကြပြီး သူတို့၏ စားသုံးမှု အလေ့အထ၊ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှုနှင့် တခြားသောလူနေ မှုဟန်ပန်များကို ပုံမှန်မေးမြန်းခဲ့ ကြောင်း သိရသည်။ 
လေ့လာဆန်းစစ်မှုပြုစဉ် ကာလအတွင်း ပါဝင်စမ်းသပ်ခံသူ ၆ဒသမ၅ရာခိုင်နှုန်းခန့် ဆီးချို ရောဂါ ကြီးထွားရင့်သန်လာသည် ကို တွေ့ကြရသည်ဟု ဆိုသည်။ ရက်သတ္တပတ်တိုင်း အနည်းဆုံး သစ်သီးနှစ်ကြိမ် စားသုံးသူတို့၏ အမျိုးအစားနှင့် ဆီးချိုရောဂါဘေး ဥပဒ်ကျဆင်းသော်လည်း နှိုင်းယှဉ် ချက်အရ တစ်လလျှင် တစ်ကြိမ် သာ သစ်သီးစားသုံးသူတို့ထက် ဆီးချိုရောဂါဘေးဥပဒ် ၂၃ရာခိုင် နှုန်းလျော့ပါးကြောင်း တွေ့ရှိရ သည်။
တခြားတစ်ဖက်တွင် နေ့စဉ် သစ်သီးဖျော်ရည် တစ်ကြိမ်ထက် ပိုမိုသောက်သုံးသူတို့တွင်မူ ဆီး ချိုရောဂါဘေးဥပဒ် ၂၁ရာခိုင်နှုန်း တိုးပွားကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ ရက်သတ္တပတ်လျှင် သစ် သီးသုံးကြိမ် စားသုံးသူများမှာမူ ဆီးချိုရောဂါဘေးဥပဒ် ခုနစ်ရာ ခိုင်နှုန်းလျော့ပါးစေကြောင်း တွေ့ ရှိရသည်။ 
သစ်သီးနှင့် သစ်သီးဖျော် ရည်တို့ရှိ အာဟာရဓာတ်တန်ဖိုး ချင်းအတူတူဖြစ်သော်လည်း ကွာ ခြားသည့် အချက်မှာ သစ်သီးသည် အဖတ်တစ်ဝက်ဖြစ်ပြီး တခြား တစ်ခုမှာ အရည်ဖြစ်နေခြင်းဖြစ် သည်ဟုဆိုသည်။ အရည်သည် အဖတ်ထက် အစာအိမ်ရှိရာသို့ ပိုမိုလျင်မြန်စွာရောက်ရှိသည့် အတွက် သွေးထဲရှိဂလူးကို့စ်နှင့် အင်ဆူလင်ပမာဏာကို ပိုမိုကြီး မားစွာပြောင်းလဲစေကြောင်း သု တေသီတို့က ဖော်ပြခဲ့ကြသည်။


ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

No comments:

Post a Comment