Monday, September 9, 2013

လက်နက်ပိုင်ဆိုင်မှုဖြင့် ထိုင်းလူမျိုးနှစ်ဦးအား မလေးရှားအာဏာပိုင်များ ဖမ်းဆီး

Photo: လက်နက်ပိုင်ဆိုင်မှုဖြင့် ထိုင်းလူမျိုးနှစ်ဦးအား မလေးရှားအာဏာပိုင်များ ဖမ်းဆီး
Monday, September 9, 2013

မလေးရှားနိုင်ငံတွင် ထိုင်းလူမျိုးနှစ်ဦးကို စစ်လက်နက် ပိုင်ဆိုင်မှုဖြင့် အာဏာပိုင်များက ဖမ်းဆီး ခဲ့ကြောင်း လုံခြုံရေး အေဂျင်စီများမှ သတင်း ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါ ဖမ်းဆီး ခံရသူ များသည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွား နေသော အကြမ်းဖက်မှုများနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း လုံခြုံရေး အေဂျင်စီများက ခန့်မှန်းထားသည်။

မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကိုခံရသူများမှာ မိုဟာမက်ဘင်မက် ဒက်ဒ်နှင့် ဂျာမာနန်ဘင်အာမက်စ် တို့ဖြစ်ပြီး ၎င်းင်းတို့သည် ရာလာပြည်နယ် ဇာတိဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ သို့ရာတွင် ထိုင်းနိုင်ငံ တောင်ပိုင်းမှ စစ်ဘက်ဆိုင်ရာမှ ထုတ်ပြန်ချက် အရ မလေးရှား ရဲတပ်ဖွဲ့သည် အသက် ၅၀ နှစ်အရွယ်ရှိ အမည်မသိ ထိုင်းအမျိုး သားတစ်ဦး ထံမှ ဗုံးပြုလုပ်သည့် ပစ္စည်းများ၊ ဓာတ်မြေသြဇာအိတ် ငါးအိတ်၊ လက်နက်ခဲယမ်း များ(အပေါ်ပုံ)နှင့် ရိုင်ဖယ် သေနတ်များ အပါအ၀င် သေနတ် ရှစ်လက်ကို ဖမ်းဆီး ရမိခဲ့ ကြောင်းနှင့် ၎င်းအား စက်တင်ဘာ ၅ ရက်က စားသောက်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့သည် လက်နက်များ တွေ့ရှိရာ နေရာမှ မလေးရှား နိုင်ငံသား ဟုယူဆရသူ ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ ကြောင်းနှင့် ဖမ်းဆီးရမိ သူနှစ်ဦးကို ကီဒက်ရှ်ရဲစခန်း အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး စစ်ဆေး မှုများ လုပ်ဆောင် လျက်ရှိကြောင်း ထိုင်းစစ်ဘက်ဆိုင်ရာ ဌာနက ပြောကြားသည်။

မြ၀တီ
မလေးရှားနိုင်ငံတွင် ထိုင်းလူမျိုးနှစ်ဦးကို စစ်လက်နက် ပိုင်ဆိုင်မှုဖြင့် အာဏာပိုင်များက ဖမ်းဆီး ခဲ့ကြောင်း လုံခြုံရေး အေဂျင်စီများမှ သတင်းထုတ်ပြန်ချက် အရသိရသည်။ အဆိုပါ ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနသော အကြမ်းဖက်မှုများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း လုံခြုံရေး အေဂျင်စီ များက ခန့်မှန်းထားသည်။

မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကိုခံရသူများမှာ မိုဟာမက်ဘင်မက် ဒက်ဒ်နှင့် ဂျာမာနန်ဘင် အာမက်စ် တို့ဖြစ်ပြီး ၎င်းင်းတို့သည် ရာလာပြည်နယ် ဇာတိဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ သို့ရာတွင် ထိုင်းနိုင်ငံ တောင်ပိုင်းမှ စစ်ဘက်ဆိုင်ရာမှ ထုတ်ပြန်ချက် အရ မလေးရှား ရဲတပ်ဖွဲ့သည် အသက် ၅၀ နှစ်အရွယ်ရှိ အမည်မသိ ထိုင်းအမျိုး သားတစ်ဦး ထံမှ ဗုံးပြုလုပ်သည့် ပစ္စည်းများ၊ ဓာတ်မြေသြဇာအိတ် ငါးအိတ်၊ လက်နက်ခဲယမ်းများ (အပေါ်ပုံ)နှင့် ရိုင်ဖယ် သေနတ်များ အပါအ၀င် သေနတ် ရှစ်လက်ကို ဖမ်းဆီး ရမိခဲ့ ကြောင်းနှင့် ၎င်းအား စက်တင်ဘာ ၅ ရက်က စားသောက် ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့သည် လက်နက်များတွေ့ရှိရာ နေရာ မှ မလေးရှား နိုင်ငံသား ဟုယူဆရသူ ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ ကြောင်းနှင့် ဖမ်းဆီးရမိ သူနှစ်ဦးကို ကီဒက်ရှ်ရဲစခန်း အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး စစ်ဆေး မှုများ လုပ်ဆောင် လျက်ရှိကြောင်း ထိုင်းစစ်ဘက်ဆိုင်ရာ ဌာနက ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment