Sunday, September 15, 2013

နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွား မှုကို လျှော့ချ နိုင် ဖွယ် ရှိ

Photo: နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွား မှုကို လျှော့ချ နိုင် ဖွယ် ရှိ
Sunday, September 15, 2013

နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို လျှော့ ချနိုင်ဖွယ် ရှိသောကြောင့် နေရောင်ခြည် ပိုမိုရရှိသည့် နေ ရာ ဒေသများ၌ နေထိုင် သူများတွင် အဆိုပါ ရောဂါ ဖြစ်ပွား မှု လျော့ ကျ နိုင် ဖွယ် ရှိသည်ဟု အမေရိကန် သုတေသီများက ပြောကြား ထား သည်။

သုတေသီ များသည် အမျိုးသမီး ၂ဝဝဝဝဝ ကျော်ကို စစ်ဆေး လေ့လာခဲ့ ရာ နေရောင်ခြည်နှင့် အဆစ်အမြစ် ရောင်ရောဂါ တို့အကြား ဆက်စပ်မှု ရှိကြောင်းနှင့် နေရောင်ခြည် အတွင်းရှိ ဗီတာမင် ဒီသည် ယင်းရောဂါ ဖြစ် ပွားမှု အန္တရာယ် ကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ကို တွေ့ရှိ ခဲ့ကြသည်။ သို့ရာတွင် အဆိုပါ ဗီတာမင် ရရှိရေးအတွက် နေပူထဲတွင် တစ်နေကုန် မနေထိုင် သင့်ကြောင်း ကျွမ်းကျင်သူ များက သတိပေး ထားသည်။

အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲသည့် ရောဂါသည် ကိုယ်ခန္ဓာ အတွင်းရှိ ကိုယ်ခံအားက အဆစ်အမြစ် များကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ပြီး အလွန်နာကျင် တတ်သည့် ရောဂါ တစ်မျိုး ဖြစ်သည်။

ဟားဗတ်ဆေးကျောင်းမှ သုတေသီ များသည် အမျိုးသမီးများ၏ နေထိုင်ရာ အရပ်ဒေသနှင့် ၎င်းတို့၏ နေရောင်ခြည် လက်ခံရရှိမှု ပမာဏကို အခြေခံ ၍ နှစ်ပေါင်း သုံးဆယ်ကြာ လေ့လာ ခဲ့ရာ နေရောင်ခြည် လက်ခံရရှိမှု ပိုမို များပြားသူ အမျိုးသမီးများသည် အခြား အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက အဆစ်အမြစ်ရောင် ရောဂါဖြစ်ပွားမှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း လျက် ရှိကြောင်း တွေ့ရှိ ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သုတေသီ များ က စစ်ဆေး လေ့လာ ခဲ့သည့် အမျိုးသမီးများ အနက် ၁၃၁၄ ဦးတွင် အဆစ် အမြစ်ရောင် ရောဂါ ခံစားရသည့် လက္ခဏာများ ဖြစ်ပေါ်လျက် ရှိသည်ကို သုတေသီများက လေ့လာတွေ့ ရှိခဲ့သည်။

သုတေသီ များသည် လေ့လာမှု ပြုချိန်တွင် အသက်အရွယ် ပိုမိုကြီးရင့်သူ အမျိုးသမီး များကိုသာ အဓိက စစ်ဆေးလေ့လာ ခဲ့ခြင်းဖြစ်ပြီး ယခင် ကာလက အမျိုးသမီး ကြီးများသည် ယခုခေတ် မျိုးဆက်သစ် လူငယ် များ ကဲ့သို့ နေပူဆာ လှုံခြင်းဖြင့် ရောဂါ အန္တရာယ် ကာကွယ် ခြင်းကို သတိမူ မိခဲ့ပုံ မရှိခဲ့ကြကြောင်း ဒေါက်တာ အယ်လိဇဘက် အာကီးမားက ပြောကြား ထားသည်။

ထို့အပြင် အဆစ်အမြစ် ရောင်ရမ်းမှုကို ခံစားနေရ သူများတွင် ဗီတာမင်ဒီ ပါဝင်မှု ပမာဏ လျော့နည်းလျက် ရှိပြီး ယင်းသို့ ဗီတာမင်ဒီ ပါဝင်မှုလျော့ နည်း ခြင်းသည်ရောဂါ ဖြစ်ပွားမှုအပေါ်အကျိုး သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဗီတာ မင်ဒီအား ရောဂါခုခံ ကာကွယ်ရေး တွင် ပြောင်းလဲအသုံးပြု နိုင်ခြင်း ရှိ၊ မရှိကို လက်တွေ့စမ်းသပ် လျက် ရှိကြောင်း ဗြိတိန်နိုင်ငံရှိ အဆစ် အမြစ်ရောင် ရောဂါ သုတေသန ဌာန မှ ညွှန်ကြားရေးမှူး ပါမောက္ခ အာလန် ဆီလ်မန်းက ပြောကြားထားသည်။

မြ၀တီ
နေရောင်ခြည်သည် အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချနိုင်ဖွယ် ရှိသောကြောင့် နေရောင်ခြည် ပိုမိုရရှိ သည့် နေရာ ဒေသများ၌ နေထိုင်သူများတွင် အဆိုပါ ရော ဂါ ဖြစ်ပွားမှု လျော့ကျ နိုင်ဖွယ်ရှိသည်ဟု အမေရိကန် သုတေသီများက ပြောကြားထား သည်။
သုတေသီ များသည် အမျိုးသမီး ၂ဝဝဝဝဝ ကျော်ကို စစ်ဆေး လေ့လာခဲ့ ရာ နေရောင်ခြည်နှင့် အဆစ် အမြစ် ရောင်ရောဂါတို့အကြား ဆက်စပ်မှုရှိကြောင်းနှင့် နေရောင်ခြည်အတွင်းရှိ ဗီတာမင်ဒီသည် ယင်းရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ သို့ရာတွင် အဆိုပါ ဗီတာမင် ရရှိရေးအတွက် နေပူထဲတွင် တစ်နေကုန် မနေထိုင်သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေး ထားသည်။

အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲသည့် ရောဂါသည် ကိုယ်ခန္ဓာ အတွင်းရှိ ကိုယ်ခံအားက အဆစ်အမြစ် များကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ပြီး အလွန်နာကျင် တတ်သည့် ရောဂါ တစ်မျိုး ဖြစ်သည်။

ဟားဗတ်ဆေးကျောင်းမှ သုတေသီများသည် အမျိုးသမီးများ၏ နေထိုင်ရာ အရပ်ဒေသနှင့် ၎င်းတို့ ၏ နေရောင်ခြည် လက်ခံရရှိမှု ပမာဏကို အခြေခံ၍ နှစ်ပေါင်း သုံးဆယ်ကြာ လေ့လာ ခဲ့ရာ နေရောင်ခြည် လက်ခံရရှိမှု ပိုမိုများပြားသူ အမျိုးသမီးများသည် အခြားအမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက အဆစ် အမြစ်ရောင် ရောဂါဖြစ်ပွားမှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်းလျက်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်း မှာပင် သုတေသီများက စစ်ဆေး လေ့လာခဲ့သည့် အမျိုးသမီးများအနက် ၁၃၁၄ ဦးတွင် အဆစ် အမြစ်ရောင် ရောဂါ ခံစားရသည့် လက္ခဏာများ ဖြစ်ပေါ်လျက် ရှိသည်ကို သုတေသီ များက လေ့ လာတွေ့ ရှိခဲ့သည်။

သုတေသီ များသည် လေ့လာမှု ပြုချိန်တွင် အသက်အရွယ် ပိုမိုကြီးရင့်သူ အမျိုးသမီးများကိုသာ အဓိက စစ်ဆေးလေ့လာ ခဲ့ခြင်းဖြစ်ပြီး ယခင် ကာလက အမျိုးသမီး ကြီးများသည် ယခုခေတ် မျိုးဆက်သစ် လူငယ်များကဲ့သို့ နေပူဆာလှုံခြင်းဖြင့် ရောဂါအန္တရာယ်ကာကွယ်ခြင်းကို သတိမူမိခဲ့ပုံမရှိခဲ့ ကြကြောင်း ဒေါက် တာ အယ်လိဇဘက် အာကီးမားက ပြောကြား ထားသည်။

ထို့အပြင် အဆစ်အမြစ် ရောင်ရမ်းမှုကို ခံစားနေရ သူများတွင် ဗီတာမင်ဒီ ပါဝင်မှု ပမာဏ လျော့နည်း လျက် ရှိပြီး ယင်းသို့ ဗီတာမင်ဒီ ပါဝင်မှုလျော့နည်းခြင်းသည်ရောဂါ ဖြစ်ပွားမှုအပေါ်အကျိုး သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဗီတာ မင်ဒီအား ရောဂါခုခံ ကာကွယ်ရေးတွင် ပြောင်းလဲအသုံးပြု နိုင်ခြင်း ရှိ၊ မရှိကို လက်တွေ့စမ်းသပ်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံရှိ အဆစ်အမြစ်ရောင် ရောဂါသုတေသနဌာန မှ ညွှန်ကြားရေးမှူး ပါမောက္ခ အာလန် ဆီလ်မန်းက ပြောကြားထားသည်။

မြ၀တီ

No comments:

Post a Comment