Sunday, September 15, 2013

မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးမှ စိန်သုံးပွင့်ပါ စိန်ဖူးတော် ပျောက်ဆုံး

Photo: မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးမှ စိန်သုံးပွင့်ပါ စိန်ဖူးတော် ပျောက်ဆုံး
Sunday, September 15, 2013

မြောင်းမြမြို့ အမှတ် (၄)ရပ်ကွက် အောင်ဆန်းလမ်းမကြီးတွင် တည်ထား ကိုးကွယ်သော အောင်မြေဗောဓိဘုရားကြီး (ညောင်ပင်မြိုဘုရား)မှ သိမ်းဆည်းထားသော ဘုရားစိန်ဖူးတော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေဗောဗိ ဘုရားကြီးတွင် ခါတော်မီ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓနှင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယနှင့် တပည့်သားမြေးများ စုပေါင်း၍ လှူဒါန်းခဲ့သော၊ စိန်ပွင့်သုံးပွင့် တြိဂံပုံစံ စီထား ကာ ဖောင်းကြွခြောက်ထောင့်ကြယ်နှစ်ဖက်လှတွင် ကျောက်မျိုးစုံ စီခြယ် ထားသော အခြေတွင် ဦးသူရိယနှင့် အများကောင်းမှု ဟု ရွှေပြားပေါ်တွင် ကဗျည်းခပ်နှိပ်ထားကာ အလျားရှစ်လက်မခန့်ရှိသည့် စိန်ဖူးတော်ကို ၁၉၅၆ ခုနှစ်တွင် တင်လှူပူဇော်ခဲ့ကြောင်း၊ စိန်ဖူးတော်တင်လှူ ပူဇော်ပြီးနောက်ပိုင်း တွင် သူခိုးများပူသောကြောင့် စိန်ဖူးတော် ကို ပြန်လည်ချကာ ယာယီစိန်ဖူးတော်တင်လှူ ပူဇော်ထားခဲ့သည်။ အဆိုပါ ခါတော်မီကျောင်းတိုက် ဆရာတော် အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့် စိန်ဖူးတော်ကြီးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျောက်ဆုံး သွားခဲ့ကြောင်း သိရသည်။

စိန်ဖူးတော်ကြီးကို ကျောင်းထိုင်ဆရာတော် ဦးသုမနမှ ကျောင်း၏ကမ်းနား ဘက် အခြမ်းကျောင်းဆောင်အခန်းရှိ မှန်ဘီဒိုတွင် သိမ်းဆည်းထား ခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခန့်တွင် ဆရာတော်မှ ယင်းအခန်းထဲရှိ သွားတိုက်ဆေးဘူး အသစ်ကို ၀င်ယူရာတွင် အခန်းတွင်းရှိ ဘီဒိုမှ သော့ခတ်ထားသော မျောက်လက် ပျက်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရာ စိန်ဖူးတော် ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် စိန်ဖူးတော် ပျောက်ဆုံးခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ မြောင်းမြမြို့ နယ် ရဲစခန်း၌ စက်တင်ဘာ ၁၂ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ စိန်ဖူးတော်၏ တန်ဖိုးကိုမူ ကျပ် ၁၅ သိန်းခန့် ခန့်မှန်းကြောင်း ခါတော် မီကျောင်းထိုင် ဆရာတော် ဦးသုမနက မိန့်သည်။

"စိန်ဖူးတော် ပျောက်တယ်ဆိုတာ ၁၂ ရက်ကမှ သိရတာ။ အဲ့ဒီ့ကျောင်းမှာ ပွဲကျင်းပလို့သွားမှ သိရတာ။ ပျောက်နေတာကို အကြောင်းမကြားဘူး။ ဦးတို့ လုံးဝ မသိခဲ့ရဘူး။ သိသိချင်း စခန်းမှာ အမှုဖွင့်ဖို့ ပြောပါတယ်။ မြို့နယ် သာသနာရေးမှူးလည်း ပါတယ်။ အမှုမဖွင့်လို့ မရဘူး။ ဖွင့်ကိုဖွင့်ရ မယ်လို့ ကျောင်းမှာရှိတဲ့ သူတွေကို ပြောလိုက်မှ အမှုဖွင့်ဖြစ်သွားတာ" ဟု အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဘုရားကြီး စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ "ကျွန်တော်တို့ ပထမ တစ်ရက် သွားစစ်တုန်းကတော့ သဲလွန်စ သိပ်မရခဲ့ဘူး။ နောက်ရက် တစ်ခေါက် ထပ်သွားတော့ ရွှံပေနေတဲ့ ခြေရာတစ်ခု တွေ့တယ်။ ဗီရိုထဲမှာ စိန်ဖူးတော်အပြင် ဆရာတော် ထည့်ထားတဲ့ ပိုက်ဆံနှစ်သောင်းကျော် ရှိတယ်။ ပိုက်ဆံတော့ ယူမသွားဘူး။ စိန်ဖူးတော်ကိုပဲ ယူသွားတယ်" ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မြောင်းမြရဲစခန်းသို့ စက်တင် ဘာ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် သွားရောက်မေးမြန်းခဲ့ရာ တာဝန် ယူ ဖြေကြားနိုင်သူ စခန်းမှူး မရှိသောကြောင့် ဟုဆိုကာ မေးမြန်းခွင့်မရဘဲ စိန်ဖူးတော် ပျောက်ဆုံးခဲ့မှုကို အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

(မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးအား တွေ့ရစဉ်)
(မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးအား တွေ့ရစဉ်)
မြောင်းမြမြို့ အမှတ် (၄)ရပ်ကွက် အောင်ဆန်းလမ်းမကြီးတွင် တည်ထား ကိုးကွယ်သော အောင်မြေဗောဓိ ဘုရားကြီး (ညောင်ပင်မြိုဘုရား)မှ သိမ်းဆည်းထားသော ဘုရားစိန်ဖူးတော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြေဗောဗိ ဘုရားကြီးတွင် ခါတော်မီ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓနှင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယနှင့် တပည့်သားမြေးများ စုပေါင်း၍ လှူဒါန်းခဲ့သော၊ စိန်ပွင့်သုံးပွင့် တြိဂံပုံစံ စီထား ကာ ဖောင်းကြွခြောက်ထောင့်ကြယ်နှစ်ဖက်လှတွင် ကျောက်မျိုးစုံ စီခြယ် ထားသော အခြေတွင် ဦးသူရိ ယနှင့် အများကောင်းမှု ဟု ရွှေပြားပေါ်တွင် ကဗျည်းခပ်နှိပ်ထားကာ အလျားရှစ်လက်မခန့်ရှိသည့် စိန်ဖူးတော် ကို ၁၉၅၆ ခုနှစ်တွင် တင်လှူပူဇော်ခဲ့ကြောင်း၊ စိန်ဖူးတော်တင်လှူ ပူဇော်ပြီးနောက်ပိုင်း တွင် သူခိုးများပူသောကြောင့် စိန်ဖူးတော် ကို ပြန်လည်ချကာ ယာယီစိန်ဖူးတော်တင်လှူ ပူဇော်ထားခဲ့သည်။ အဆိုပါ ခါတော်မီကျောင်းတိုက် ဆရာတော် အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့် စိန်ဖူးတော်ကြီးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျောက်ဆုံး သွားခဲ့ကြောင်း သိရသည်။

စိန်ဖူးတော်ကြီးကို ကျောင်းထိုင်ဆရာတော် ဦးသုမနမှ ကျောင်း၏ကမ်းနား ဘက် အခြမ်းကျောင်းဆောင် အခန်းရှိ မှန်ဘီဒိုတွင် သိမ်းဆည်းထား ခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခန့်တွင် ဆရာတော်မှ ယင်းအခန်းထဲရှိ သွားတိုက်ဆေးဘူး အသစ်ကို ၀င်ယူရာတွင် အခန်းတွင်းရှိ ဘီဒိုမှ သော့ခတ် ထားသော မျောက်လက် ပျက်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရာ စိန်ဖူးတော် ပျောက်ဆုံးနေ သည်ကို တွေ့ရှိရသဖြင့် စိန်ဖူးတော် ပျောက်ဆုံးခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ မြောင်းမြမြို့ နယ် ရဲစခန်း၌ စက်တင်ဘာ ၁၂ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ စိန်ဖူးတော်၏ တန်ဖိုးကိုမူ ကျပ် ၁၅ သိန်းခန့် ခန့်မှန်းကြောင်း ခါတော် မီကျောင်းထိုင် ဆရာတော် ဦးသုမနက မိန့်သည်။

"စိန်ဖူးတော် ပျောက်တယ်ဆိုတာ ၁၂ ရက်ကမှ သိရတာ။ အဲ့ဒီ့ကျောင်းမှာ ပွဲကျင်းပလို့သွားမှ သိရ တာ။ ပျောက်နေ တာကို အကြောင်းမကြားဘူး။ ဦးတို့ လုံးဝမသိခဲ့ရဘူး။ သိသိချင်း စခန်းမှာအမှုဖွင့် ဖို့ ပြောပါတယ်။ မြို့နယ်သာသနာရေးမှူးလည်းပါတယ်။ အမှုမဖွင့်လို့မရဘူး။ ဖွင့်ကိုဖွင့်ရ မယ်လို့ ကျောင်း မှာရှိတဲ့ သူတွေကို ပြောလိုက်မှ အမှုဖွင့်ဖြစ်သွားတာ" ဟု အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေး မှူးက ပြောကြားသည်။

ဘုရားကြီး စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ "ကျွန်တော်တို့ ပထမ တစ်ရက် သွားစစ်တုန်းကတော့ သဲလွန်စ သိပ်မရခဲ့ဘူး။ နောက်ရက် တစ်ခေါက် ထပ်သွားတော့ ရွှံပေနေတဲ့ ခြေရာတစ်ခု တွေ့တယ်။ ဗီရိုထဲမှာ စိန်ဖူးတော်အပြင် ဆရာတော် ထည့်ထားတဲ့ ပိုက်ဆံနှစ်သောင်းကျော် ရှိတယ်။ ပိုက်ဆံတော့ ယူမသွားဘူး။ စိန်ဖူးတော်ကိုပဲ ယူသွားတယ်" ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စိန်ဖူးတော် ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မြောင်းမြရဲစခန်းသို့ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် သွားရောက်မေးမြန်းခဲ့ရာ တာဝန်ယူ ဖြေကြားနိုင်သူ စခန်းမှူး မရှိသောကြောင့် ဟုဆိုကာ မေးမြန်းခွင့် မရဘဲ စိန်ဖူးတော် ပျောက်ဆုံးခဲ့မှုကို အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment