Tuesday, September 17, 2013

မြောက်ဥက္ကလာပမြို့နယ်တွင် ခရီးသည်ထံမှပစ္စည်းများလုယူခဲ့ကြသည့် ဆိုင်ကယ်ကယ်ရီသမားနှင့်အဖော်တို့အား ဖော်ထုတ်ဖမ်းဆီး

Photo: မြောက်ဥက္ကလာပမြို့နယ်တွင် ခရီးသည်ထံမှပစ္စည်းများလုယူခဲ့ကြသည့် ဆိုင်ကယ်ကယ်ရီသမားနှင့်အဖော်တို့အား ဖော်ထုတ်ဖမ်းဆီး
Tuesday, September 17, 2013

၁၃.၉.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ကိုမင်း သူအောင်သည် အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ 
မြောက် ဥက္ကလာ ပမြို့နယ်၊ ခြောက်ကွေ့သို့သွားရန်အတွက် အမည်မသိအမျိုးသားမောင်းနှင်သော ဆိုင်ကယ်ကယ်ရီအားငှားရမ်း၍
စီးနင်းလာစဉ် တံတားဖြူအနီးအရောက်၌ ဆိုင်ကယ်မောင်းသူ၏ သူငယ်ချင်းဖြစ်သူ အမျိုးသားမှလှမ်းခေါ်ပြီး ၎င်းလည်း ဆိုင်ကယ်၏
နောက်ဆုံးမှ အတူစီးနင်းလိုက်ပါလာခဲ့ပါသည်။

ထိုသို့(၃)ဦးအတူ စီးနင်းမောင်းနှင်လာကြရာမှ မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းသို့မရောက်မီ ၀ဲဘက်လမ်းကျဉ်းထဲသို့ဆိုင်ကယ်အားမောင်းနှင်
သွားပြီး ဆိုင်ကယ်မောင်းသူနှင့်သူငယ်ချင်းအဖော်တို့မှ ကိုမင်းသူအောင်အား ဆိုင်ကယ်ပေါ်မှဆင်းခိုင်းကာ ဆိုင်ကယ်မောင်းသူမှ
လက်သီးဖြင့် ထိုးပြီးနောက် ကိုမင်းသူအောင်၏ တီရှပ်လက်တို(၁)ထည်၊ စီဒီခွေ(၇)ချပ်၊ ငွေကျပ်(၃၀၀၀၀)နှင့်နိုင်ငံသား စိစစ်ရေးကဒ်တို့ ထည့်ထားသော အနက်ရောင်ခရီးဆောင်ဘေးလွယ်အိတ်နှင့်
ဆင်းကဒ်ပါ လက်ကိုင်ဖုန်း(၁)လုံးတို့အားလုယူပြီး မောင်းနှင်ထွက်ပြေး
သွားကြသဖြင့် ၎င်းတို့(၂)ဦးအား စုံစမ်းအရေးယူပေးပါရန်
မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ ၁၅.၉.၂၀၁၃ ရက်နေ့တွင် လာရောက် တိုင်တန်းခဲ့၍ (ပ)၇၄၀/၂၀၁၃၊ ပုဒ်မ ၃၉၄/၁၁၄ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များ၊မြောက်ဥက္ကလာပမြို့မရဲစခန်း
မှတပ်ဖွဲ့ဝင်းများ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ပွါးစဉ်က ဆိုင်ကယ်ကယ်ရီမောင်းသူမှာ မြောက်ဥက္ကလာပ
မြို့နယ်၊ (ဌ)ရပ်ကွက်နေ ရန်ပိုင်စိုး(ခ)နားကွင်း(ဘ)ဦးတင်မောင်ဦး
ဖြစ်ကြောင်းနှင့် အဖော်သူငယ်ချင်းဖြစ်သူမှာ ၎င်းရပ်ကွက်နေ ပိုင်စိုး(ခ)အံ့ကျော်(ဘ)ဦးတင်ထွန်း တို့ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်
နိုင်ခဲ့သဖြင့် ၎င်းတို့(၂)ဦးအား ၁၆.၉.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန်တွင်
နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးချက်များအရ အခင်းဖြစ်ကျူးလွန်စဉ်က ရရှိခဲ့သည့်ငွေကျပ်(၃၀၀၀၀)အား အရက်သောက်ကာခွဲဝေသုံးစွဲခဲ့ကြပြီး၊ ခရီဆောင်အိတ်နှင့်အတူပါပစ္စည်းများအား စက်မှုဇုံတွင်လွှင့်ပစ် ထားခဲ့ကြောင်း၊ ဆင်းကဒ်ပါလက်ကိုင်ဖုန်းအား ပိုင်စိုး(ခ)အံ့ကျော်မှ ၎င်း၏နေအိမ်ရှိအိမ်သာဘေးတွင် ၀ှက်သိမ်းထားကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လက်ကိုင်ဖုန်းအားပြန်လည်သိမ်းဆည်း
ရရှိခဲ့ပြီး၊ ၎င်းတို့ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် AMBO X-1 အနီစပ်ကြားဆိုင်ကယ်အားသိမ်းဆည်းခဲ့ကာ ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၃.၉.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ကိုမင်း သူအောင်သည် အောင်မင်္ဂလာ
အဝေးပြေး ကားဝင်းမှ မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့သို့သွားရန်အတွက် အမည်မသိ အမျိုး သားမောင်းနှင်သော ဆိုင်ကယ်ကယ်ရီအားငှားရမ်း၍စီးနင်းလာစဉ် တံတားဖြူအနီးအရောက်၌ ဆိုင် ကယ်မောင်းသူ၏ သူငယ်ချင်းဖြစ်သူ အမျိုးသားမှလှမ်းခေါ်ပြီး ၎င်းလည်း ဆိုင်ကယ်၏နောက်ဆုံးမှ အတူစီးနင်းလိုက်ပါလာခဲ့ပါသည်။

ထိုသို့(၃)ဦးအတူ စီးနင်းမောင်းနှင်လာကြရာမှ မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းသို့မရောက်မီ ၀ဲဘက် လမ်းကျဉ်းထဲသို့ ဆိုင်ကယ်အားမောင်းနှင်သွားပြီး ဆိုင်ကယ်မောင်းသူနှင့်သူငယ်ချင်းအဖော်တို့မှ ကိုမင်းသူအောင်အား ဆိုင်ကယ်ပေါ်မှဆင်းခိုင်းကာ ဆိုင်ကယ်မောင်းသူမှ လက်သီးဖြင့် ထိုးပြီးနောက် ကိုမင်းသူအောင်၏ တီရှပ်လက်တို(၁)ထည်၊ စီဒီခွေ(၇)ချပ်၊ ငွေကျပ်(၃၀၀၀၀)နှင့်နိုင်ငံသား စိစစ်ရေးကဒ်တို့ ထည့်ထားသော အနက်ရောင်ခရီးဆောင်ဘေးလွယ်အိတ်နှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း(၁)လုံးတို့အားလုယူပြီး မောင်းနှင်ထွက်ပြေး သွားကြသဖြင့် ၎င်းတို့(၂)ဦးအား စုံစမ်း အရေးယူပေး ပါရန်မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ ၁၅.၉.၂၀၁၃ ရက်နေ့တွင် လာရောက် တိုင်တန်းခဲ့၍ (ပ)၇၄၀/၂၀၁၃၊ ပုဒ်မ ၃၉၄/၁၁၄ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ ၀င်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင် များ ၊မြောက်ဥက္ကလာပ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်းများ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ပွါးစဉ်က ဆိုင်ကယ် ကယ်ရီမောင်းသူမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်နေ ရန်ပိုင်စိုး(ခ)နားကွင်း(ဘ)ဦးတင်မောင်ဦး
ဖြစ်ကြောင်းနှင့် အဖော်သူငယ်ချင်းဖြစ်သူမှာ ၎င်းရပ်ကွက်နေ ပိုင်စိုး(ခ)အံ့ကျော်(ဘ)ဦးတင်ထွန်း တို့ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သဖြင့် ၎င်းတို့(၂)ဦးအား ၁၆.၉.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် တွင်နေ အိမ် အသီးသီးမှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးချက်များအရ အခင်းဖြစ်ကျူးလွန်စဉ်က ရရှိခဲ့သည့်ငွေကျပ်(၃၀၀၀၀) အား အရက်သောက်ကာခွဲဝေသုံးစွဲခဲ့ကြပြီး၊ ခရီဆောင်အိတ်နှင့်အတူပါပစ္စည်းများအား စက်မှုဇုံတွင်လွှင့်ပစ် ထားခဲ့ကြောင်း၊ ဆင်းကဒ်ပါလက်ကိုင်ဖုန်းအား ပိုင်စိုး(ခ)အံ့ကျော်မှ ၎င်း၏နေအိမ်ရှိအိမ်သာဘေးတွင် ၀ှက်သိမ်းထားကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လက်ကိုင်ဖုန်းအားပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး၊ ၎င်း တို့ပြစ်မှု ကျူးလွန်စဉ်က အသုံးပြုခဲ့သည့် AMBO X-1 အနီစပ်ကြားဆိုင်ကယ်အားသိမ်းဆည်းခဲ့ကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment