Tuesday, September 17, 2013

ကာကွယ်ဆေးမှားပေးခံရသော ကလေး၅ရဦး ဆေးရုံရောက်

ပိုလီယိုအစက်ချဆေးပေး ရမည့်အစား အသည်းရောင်ဘီ ပိုးကာကွယ်ဆေးသာက်ရန် မှားယွင်း ၍ ညွှန်ကြားခံရပြီးနောက် အိန္ဒိယအရှေ့ပိုင်းတွင် ကလေး ငယ်၆ဝနီးပါး ဆေးရုံတင်လိုက်ရ ကြောင်း အရာရှိ များက တနင်္လာ နေ့တွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က အနောက် ဘင်္ဂလားပြည်နယ် ကျေးရွာတစ်ရွာရှိဆးခန်းများတွင် သာမန်အားဖြင့် ထိုးဆေးဖြစ်သော အသည်းရောင်ဘီပိုးကာကွယ်ဆေး ကိုမျိုချရန် စေခိုင်းခံရပြီးနောက် ကလေးများမှာ စတင်၍အန်ခြင်း၊ ချွေးထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည် ဟု ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။

ပိုလီယိုတိုက်ဖျက်မှုစစ်ဆင် ရေး၏အစိတ်အပိုင်းအဖြစ် ပိုလီယိုအစက်ချကာကွယ်ဆေး တိုက် ရန်ပြုလုပ် ထားသော ဆေးပေးခန်းများတွင် ကလေး၁၂ဝခန့် ဆေးကို မှား၍သောက်ခဲ့ခြင်းဖြစ်ပြီး နောက်မှ ကျန်းမာရေးလုပ်သားများက အမှားအယွင်းကိုတွေ့ရှိခဲ့ သည်ဟု အနောက်ဘင်္ဂလားပြည်နယ် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း၏ ဒါရိုက်တာ ဘစ်စ်ဝါ ရန်ဂျန်ဆတ်သ်ပါတီက ပြောကြား ခဲ့သည်။

''ကာကွယ်ဆေးမှားတိုက် ပြီးတဲ့နောက်မှာ ချက်ချင်းပဲ ကလေး ၅ရဦးဟာ စပြီးအန်တော့တာပဲ''ဟု ဆတ်သ်ပါတီက အေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။ ယင်းက လေးများကိုကုသရန်အတွက် အာ ရမ်ဘက်ဂ်ရှိ ဒေသခံဆေးရုံတစ်ခု သို့ ပို့ခဲ့သည်။ ထို့နောက် ၎င်းတို့ကို ဆေးရုံမှဆင်းခွင့်ပေးလိုက်ကြောင်း လည်း ဆတ်သ်ပါတီက ပြောကြား ခဲ့သည်။

အသည်းရောင်ဘီကာကွယ် ဆေးမှာ ရေရှည်တွင် တစ်စုံတစ် ရာအန္တရာယ်မဖြစ်သော်လည်း ယခုကဲ့သို့ အလွဲလွဲအချော်ချော် ဖြစ်မှုကြောင့် အနာဂတ်တွင် က လေးများအား ကာကွယ်ဆေးတိုက် ပေးမှုကို မိဘများက ငြင်းဆိုနိုင် ကြောင်း ဆရာဝန်နှင့် အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြ သည်။

ရှားပါးသည့် ပြည်သူ့ကျန်း မာရေးအောင်ပွဲတစ်ရပ်အဖြစ် အိန္ဒိယရှိ ဆေးဝန်ထမ်းများက ပိုလီယိုကို တိုက်ဖျက်ပစ်ရန် ကြိုး စားဆေးကုလျက်ရှိသည်။ အိန္ဒိယ ရှိ ကလေးများမှာ သေဆုံးနိုင်သည့် ရောဂါများ စွာနှင့် ကြုံတွေ့နေရ ပြီး သုံးနှစ်အောက်ကလေးအားလုံး ၏ထက်ဝက်ခန့်မှာ အာဟာရချို့ တဲ့လျက် ရှိကြောင်း သိရသည်။

မှားယွင်းမှုဖြစ်ခဲ့သည့်အ တွက် ကျန်းမာရေးအရာရှိလေး ဦးကို ရာထူးမှခေတ္တချထားပြီး အ ကြောင်းရင်းကို တိကျစွာသိနိုင် ရန် စုံစမ်းစစ်ဆေးမှုပြုလုပ်လျက် ရှိကြောင်း ဆတ်သ်ပါတီက ပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment