Tuesday, September 17, 2013

မျက်ကြည်လွှာတစ်ခုတည်းဖြင့်လူနာသုံးဦးခန့် အစားထိုးကုသနိုင်ပြီ

မျက် ကြည်လွှာတစ်ခုကို ယခင်က လူတစ်ဦးကိုသာ အစားထိုးကုသ နိုင်ခဲ့ရာမှ ယခုအခါတွင် ပြောင်း လဲတိုးတက်လာသော နည်းပညာများကြောင့် မျက်ကြည်လွှာတစ်ခုကို လူသုံးဦးခန့်အား ကုသလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။ မျက်ကြည်လွှာတွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်းသုံးပိုင်းရှိသည့် အထဲတွင် မကောင်းသည့်အပိုင်းကိုသာ အစားထိုးကုသလာနိုင် ခြင်းဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီးပါမောက္ခဒေါက် တာ တင်ဝင်းက ပြောသည်။
''ဆရာတို့က တစ်ချိန်တုန်း ကဆိုရင် မျက်စိဘယ်နေရာပဲထိ ထိ မျက်ကြည်လွှာတစ်ခုလုံးကို ထုတ်လိုက် တယ်။ နောက်ဟိုဘက် ကမျက်ကြည်လွှာတစ်ခုလုံးကို ယူပြီးတော့ ထည့်လိုက်တယ်။ အဲဒါကို KRP လို့ခေါ်တယ်။ ဒီ နောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတယ်။ စက်ပစ္စည်း တွေရောက်ရှိလာတော့မှ မကောင်း တဲ့အပိုင်းလေးကိုပဲအစားထိုးတော့ မျက်ကြည်လွှာတစ်ခုတည်းနဲ့ လူနာနှစ်ဦးသုံးဦးကို ကုလာနိုင် တာပါ''ဟု ပါမောက္ခ ဒေါက်တာ တင်ဝင်းက ပြေကြားသည်။

ယင်းကဲ့သို့ မျက်ကြည်လွှာ တစ်ခုတည်းမှ လူနာသုံးဦးခန့်အား အစားထိုးကုသလာနိုင်ခြင်းမှာ အမေရိကား တွင် ၂၀၀ဝပြည့် နှစ်ကတည်းက စတင်ပြုလုပ်နိုင်ခဲ့ပြီး အာရှနိုင်ငံများမှာ ၂၀၀၈ ခုနှစ်ခန့်တွင် စတင် လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းနည်းပညာနှင့် စက်ပစ္စည်းများက ယမန်နှစ်မှစတင်ပြီး ရန် ကုန်မျက်စိဆေးရုံကြီးတွင် စတင် အသုံးပြုကာ ကုသနိုင်ခြင်းဖြစ် ကြောင်း သိရသည်။

''အလှူရှင်တစ်ဦးဆီက မျက် ကြည်လွှာက ၁ဝမီလီမီတာရှိမယ်ဆိုရင် အဲဒီကနေလိုအပ်တဲ့ ခုနစ် မီလီမီတာ ကို အရင်ဖြတ်ပြီးတော့ လိုအပ်တဲ့နေရာ Stroma နဲ့ Epithetiun ဆိုပြီးနှစ်ပိုင်းခွဲလိုက်ပြီး လိုအပ်တဲ့ လူနာနှစ်ဦး ကိုပေးလိုက်တယ်။ ကျန်တဲ့သုံးမီလီမီတာကိုတော့ အဲဒီအပိုင်းမှာ လိုအပ်တဲ့ လူနာနောက် တစ်ဦးကို ပေးလိုက်မယ်ဆိုရင် မျက်ကြည်လွှာတစ် ခုနဲ့ လူနာနှစ်ဦးသုံးဦးကို ကုသ ပေးနိုင်မယ်'' ဟု မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာတင်ဝင်းက ပြောသည်။

ယခုလက်ရှိအချိန်တွင် မျက် ကြည်လွှာအစားထိုးကုသခြင်းကို နည်းနှစ်နည်းလုံးဖြင့် ကုသ နေနိုင် ပြီဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။ ''မျက်ကြည်လွှာတစ်ခုလုံး လိုအပ်တဲ့လူနာကို မျက်ကြည် လွှာ တစ်ခုလုံးပေးတယ်။ မျက်ကြည် လွှာကိုလွှာပြီးတော့ လိုအပ်တဲ့ အပိုင်းလေးပဲပေးပြီးတော့ ကုသ ခြင်းဆိုတဲ့ နည်းနှစ်နည်းလုံးနဲ့ ကုသလို့ အောင်မြင်နေပါပြီ။ လှူ ဒါန်းတဲ့သူတွေက နည်းပေမယ့် အမြင်အာရုံရသွားတဲ့သူတွေက တော့ အရင်ကထက်တော့ ပိုများ လာပါပြီ''ဟုပြောသည်။

မျက်ကြည်လွှာသည် လူ တစ်ဦးသေဆုံးပြီး လေးနာရီအ တွင်းထုတ်ယူရခြင်းဖြစ်သည့်အတွက် ရန်ကုန်နှင့် မန္တလေး မျက်စိ ဘဏ်နှစ်ခုအနေဖြင့် ၂၄ နာရီ တာဝန်ချိန်ရှိနေကြောင်း၊ လတ် တလောတွင် မျက်ကြည် လွှာအစားထိုးကုသရန် လူနာ ၃၀၀၀ ခန့်စောင့်ဆိုင်းနေပြီး တစ်နှစ်လျှင် လှူဒါန်းသူမှာ ၁၀၀ မှ ၁၅၀ အတွင်းသာရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment