Tuesday, September 10, 2013

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်ရှိ အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်း ရတနာ မွန် ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီ က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
ကျင်း ပရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ် ဥပဒေချုပ် ဦးဝင်းကြည်၊ စာရင်းစစ် ချုပ် ဒေါ်ခင်ခင်မျိုးနှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ များ၊ NGO အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ကျောင်း အကျိုးတော်ဆောင် များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများက လူတိုင်း စာတတ်ရ မည် တေး သီချင်းဖြင့် ဖျော်ဖြေပြီး ပြည်နယ် ဝန်ကြီးချုပ်က အဖွင့် အမှာ စကား ပြော ကြား ရာတွင် ယနေ့ တစ်ကမ္ဘာလုံး တွင် လူတိုင်း စာ တတ်မြောက်ရေး အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးမှ ဆောင်ရွက် လျက် ရှိကြောင်း၊ မြန် မာနိုင်ငံသည် မျက်မှောက်ကာလတွင် အနာဂတ်ကောင်းရန် လိုကြောင်း၊ အနာဂတ် ကောင်းမှ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အား နှောင့် ယှက်နေ သည့် အဖျက်သမားကို တွန်းလှန်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုး တက် မည် ဖြစ်ကြောင်း၊ နိုင် ငံ တိုး တက် ရန် အတွက် ပညာရေး ဗဟုသုတ ကြွယ်ဝထားရန် လိုကြောင်း၊ အနာ ဂတ်ကောင်းအတွက် ပညာ တတ်တွေ ပေါများပြီး စာမတတ်သူ နည်းမှ အနာဂတ်ကောင်း ဖြစ်လာ မည် ဖြစ်ကြောင်း၊ စာတတ်မှ လူနေမှု ပတ်ဝန်းကျင်တွင် ကောင်း မွန်စွာ နေထိုင်နိုင်မည် ဖြစ်ကြောင်း၊ ပြည်နယ် အစိုးရ အနေဖြင့်လည်း စာမတတ်သူ ပပျောက်ရေးအတွက် ပံ့ပိုးကူညီပေး လျက် ရှိကြောင်းနှင့် မိဘများက အဓိက အရေးပါကြောင်း၊ ဆရာ၊ ဆရာမများ၊ မိဘများက လည်း နေထိုင် ကျင့်ကြံ ဆောင်ရွက်ရာတွင် စံနမူနာပြ နေထိုင်ရန် လိုကြောင်း၊ ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသည့်အတိုင်း အနာ ဂတ် မျိုးဆက် သစ်များကို အားထားရသည့် မျိုးဆက်သစ် များ ဖြစ်လာစေရန် ဆောင်ရွက်သွားကြရေး စသည်ဖြင့် ပြောကြား ခဲ့သည်။

ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါက်တာ လှဦးက ၂ဝ၁၃ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်း အမှတ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး မွန်ပြည် နယ် ညွှန်ကြား ရေးမှူး ဦးမင်းထွန်းတင်က ယူနက်စကို ညွှန်ကြားရေး မှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားကာ မွန်ပြည်နယ် ပညာရေး ညွှန် ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရင် (စီမံ/ဘဏ္ဍာ) က မွန်ပြည်နယ် အတွင်း ရှိ စာတတ်မြောက်ရေး လုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် စာစီစာကုံး၊ ပိုစတာဆုရ ကျောင်းသား၊ ကျောင်းသူ များကို ပြည် နယ် ဝန်ကြီးချုပ်နှင့် လူမှုရေး ဝန်ကြီးတို့က ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ပြီး အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်း သူ များက စာတတ်မြောက်ရေး လူတိုင်းအရေး တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ပြည်နယ်ဝန် ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ပြသထားသည့် မြို့နယ်အလိုက် စာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက် ထားမှု ပြခန်း များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment