Monday, September 16, 2013

အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာများ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုများစေ

Photo: အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာများ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုများစေ
Monday, September 16, 2013

မြန်မာနိုင်ငံ တွင် ကင်ဆာရောဂါ ဖြစ်ပွား ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အရောင်တင် ဆိုးဆေး အသုံးပြု အစားအစာ များမှာ မျှစ် ၊ လက်ဖက် အစို ၊ အရောင်တင် ငရုတ်သီးမှုန့် ၊ ရောင်စုံ အအေး မျိုးစုံ ၊ ဂျယ်လီ ( ရောင်စုံ ) ၊ တရုတ်မှ လာသည့် မုန့်များ ၊ ပလတ်စတစ် ထုတ်ပိုး အစား အစာ များ ၊ ပိုးသတ်ဆေး ဖျန်းထားသော ဟင်းသီး ဟင်းရွက် များ ကြောင့် အသည်း နှင့် အစာအိမ် ကင်ဆာများ ဖြစ်ပွား ရလျက် ရှိကြောင်း ၄င်းက ပြောကြား ခဲ့သည်။

" ဒီဆိုးဆေး ပါတဲ့ အစားအသောက် တွေကြောင့် မြန်မာနိုင်ငံ မှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းက တစ်နှစ်ထက် တစ်နှစ် ပိုပြီး မြင့်တက် လာတယ် ၊ ကင်ဆာ ရောဂါ လျော့ကျဖို့ အတွက် မြန်မာနိုင်ငံ သားတွေ အစားအသောက် ကော ၊ အနေအထိုင် တွေပါ ပြုပြင် သွားဖို့ လိုအပ် ပါတယ် .... " ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် ၁၀ နှစ်တာ ကာလအတွင်း ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး အိမ်ထောင်စု ၄ စုတွင် တစ်စုခန့်မှာ ဆိုးဆေးကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကြောင်း ၊ အချို့မှာ မျိုးရိုးကြောင့် ဟု သိရသည်။

ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာ လုံး အတိုင်းအတာ အရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်ကြောင်း နှင့် WHO ၏ အစီရင်ခံစာ တွင် ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာ တစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ကင်ဆာ ရောဂါ ဖြစ် ပွားပြီး ၅ သိန်းကျော် သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

( သိုက်ရာဇာ )
Posted From The Myawady Daily
မြန်မာနိုင်ငံ တွင် ကင်ဆာရောဂါ ဖြစ်ပွား ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ အရောင်တင် ဆိုးဆေးအသုံးပြု အစားအစာများမှာမျှစ် ၊ လက်ဖက်အစို ၊ အရောင်တင် ငရုတ်သီး မှုန့် ၊ ရောင်စုံ အအေး မျိုးစုံ ၊ ဂျယ်လီ ( ရောင်စုံ ) ၊ တရုတ်မှ လာသည့် မုန့်များ ၊ ပလတ်စတစ် ထုတ်ပိုး အစားအစာ များ ၊ ပိုးသတ်ဆေး ဖျန်းထားသော ဟင်းသီးဟင်းရွက်များ ကြောင့် အသည်း နှင့် အစာအိမ် ကင်ဆာများ ဖြစ်ပွား ရလျက် ရှိကြောင်း ၄င်းက ပြောကြား ခဲ့သည်။

" ဒီဆိုးဆေး ပါတဲ့ အစားအသောက် တွေကြောင့် မြန်မာနိုင်ငံမှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းက တစ်နှစ် ထက် တစ်နှစ်ပိုပြီး မြင့်တက်လာတယ် ၊ ကင်ဆာ ရောဂါ လျော့ကျဖို့အတွက် မြန်မာနိုင်ငံသားတွေ အစား အသောက် ကော ၊ အနေအထိုင် တွေပါ ပြုပြင် သွားဖို့ လိုအပ် ပါတယ် .... " ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် ၁၀ နှစ်တာ ကာလအတွင်း ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက်လာ ခဲ့ပြီး အိမ်ထောင်စု ၄ စုတွင် တစ်စုခန့်မှာဆိုးဆေးကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကြောင်း ၊ အချို့မှာ မျိုးရိုးကြောင့် ဟု သိရသည်။

ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာ လုံး အတိုင်းအတာ အရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်ကြောင်း နှင့် WHO ၏ အစီရင်ခံစာ တွင် ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာ တစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ကင်ဆာ ရောဂါ ဖြစ် ပွားပြီး ၅ သိန်းကျော် သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

( သိုက်ရာဇာ )
Posted From The Myawady Daily

No comments:

Post a Comment