Sunday, September 29, 2013

အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့

Photo: အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့
Sunday, 29 September 2013

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြော ကြားသည်။

ယင်းကဲ့သို့ ကော့သောင်းထောင် အတွင်းရှိ အကျဉ်းဦးစီး ၀န်ထမ်းများ အားလုံး ၃၀ ကျော်ကို ပြောင်းရွှေ့လိုက်သည့်အပြင် အဆိုပါ ထောင် အတွင်း၌ ထောင်ဝန်ထမ်းများနှင့် အကျဉ်းကျ အကျဉ်းသားအချို့ စည်းကမ်းလျော့ရဲ မှုများကြောင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်း များကိုလည်း ဆောင်ရွက်နေကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကော့သောင်း အကျဉ်းထောင် အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်းမှ ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေ ဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်း အကျဉ်းထောင် မှ အကျဉ်း သားများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက "ကော့သောင်းအကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေ အကုန်လုံးကို အခြားထောင်တွေမှာ ပြောင်းပြီး တာဝန်ပေးထားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အကျဉ်းဦးစီး ၀န်ထမ်းတွေကို အခြားထောင်တွေမှာ တွဲဖက်ပြီးတော့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်" ဟု စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

"စုံခုံဖွဲ့ပြီး စစ်ဆေးတာ ပြီးသွားပြီ။ ဒီစစ်ဆေးချက်တွေကို ပြည်ထောင်စု ၀န်ကြီးဆီ တင်ပြထားတယ်။ ဘယ်လိုဆက်လက် ဆောင်ရွက်မယ် ဆို တာတော့ မသိရသေးဘူး။ ဒါပေမဲ့ ၀န်ကြီးဌာန အနေနဲ့ ထိထိရော က်ရောက် အရေး ယူ သွားမယ်ဆိုတာတော့ သိရတယ်" ဟု တနင်္သာရီ တိုင်းဒေ သကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြား သည်။

ကော့သောင်းအကျဉ်းထောင် အတွင်းရှိ အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင်ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားပြီး အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့ ထောင်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ကော့သောင်းအကျဉ်းထောင်အား တွေ့ရစဉ်
ကော့သောင်းအကျဉ်းထောင်အား တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်း အားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်း က စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြော ကြားသည်။


ယင်းကဲ့သို့ ကော့သောင်းထောင် အတွင်းရှိ အကျဉ်းဦးစီး ၀န်ထမ်းများ အားလုံး ၃၀ ကျော်ကို ပြောင်းရွှေ့ လိုက်သည့်အပြင် အဆိုပါ ထောင် အတွင်း၌ ထောင်ဝန်ထမ်းများနှင့် အကျဉ်းကျ အကျဉ်းသားအချို့ စည်းကမ်းလျော့ရဲ မှုများကြောင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်းများကိုလည်း ဆောင် ရွက်နေကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကော့သောင်း အကျဉ်းထောင် အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်း မှ ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက် ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေ ဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်း အကျဉ်းထောင် မှ အကျဉ်း သားများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက "ကော့သောင်းအကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေ အကုန်လုံးကို အခြားထောင်တွေမှာ ပြောင်းပြီး တာဝန်ပေးထားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အကျဉ်းဦးစီး ၀န်ထမ်းတွေကို အခြားထောင်တွေမှာ တွဲဖက်ပြီးတော့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်" ဟု စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

"စုံခုံဖွဲ့ပြီး စစ်ဆေးတာ ပြီးသွားပြီ။ ဒီစစ်ဆေးချက်တွေကို ပြည်ထောင်စု ၀န်ကြီးဆီ တင်ပြထားတယ်။ ဘယ်လိုဆက်လက် ဆောင်ရွက်မယ် ဆို တာတော့ မသိရသေးဘူး။ ဒါပေမဲ့ ၀န်ကြီးဌာန အနေနဲ့ ထိထိရော က်ရောက် အရေး ယူ သွားမယ်ဆိုတာတော့ သိရတယ်" ဟု တနင်္သာရီ တိုင်းဒေ သကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြား သည်။

ကော့သောင်းအကျဉ်းထောင် အတွင်းရှိ အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင်ရှိ အကျဉ်းထောင် သို့ ပြောင်းရွှေ့ထားပြီး အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့ ထောင်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment