Wednesday, September 11, 2013

လင်းပိုင်များ ရက်သတ္တ နှစ်ပတ်ကျော် ကြာအောင် မအိပ်ဘဲ နိုးနိုး ကြားကြား နေနိုင်

ပင်လယ်ပျော် လင်းပိုင်များသည် ၎င်းတို့၏ ဦးနှောက်တစ်ခြမ်း အိပ်စက်ရုံ မျှဖြင့် ရက်သတ္တ နှစ်ပတ်ကျော် နိုးနိုး ကြားကြား နေနိုင်သည်ကို သုတေသန ပြုလုပ်မှု အရ တွေ့ရှိရသည်။ ထိုရှာဖွေ တွေ့ရှိချက် အရ လင်းပိုင် များသည် ၎င်းတို့အား အန္တရာယ် ပေးမည့် ငါးမန်းများကို မည် ကဲ့သို့ နိုးနိုးကြားကြား စောင့်ကြည့်သည် ဆိုသည် ကို ထပ်မံတွေ့ရှိခဲ့သည်။

ကုန်းနေ နို့တိုက် သတ္တဝါနှင့် မတူသည့် အချက်မှာ လင်းပိုင်များသည် အိပ်စက် အနားယူချိန် တွင် ၎င်းတို့၏ ဦးနှောက် တစ်ခြမ်းကိုသာ အိပ်စက် အနားယူ စေပြီး ကျန်ဦးနှောက် တစ်ခြမ်းမှာ နိုးနိုးကြား ကြားရှိပြီး ပုံမှန်အတိုင်း ရှိနေကြောင်း တွေ့ ရသည်။ လူနှင့် အခြား တိရစ္ဆာန် များမှာ နာရီပေါင်း များစွာ သို့မဟုတ် ရက်များစွာ ဆက်တိုက် မအိပ်ဘဲ နေပါက လှုပ်ရှားမှု များအားလုံးရပ်တန့်ကာ အလွန်အမင်း အိပ်ငိုက် လာသော်လည်း လင်းပိုင်များမှာ ထိုသို့ မဟုတ်ဘဲ ပုံမှန်အတိုင်း တက်တက် ကြွကြွ ဖြင့်လှုပ်ရှား သွား လာနိုင်ကြောင်း အမျိုးသား အဏ္ဏဝါ နို့တိုက် သတ္တဝါ ဖောင်ဒေးရှင်းမှ အဏ္ဏဝါ ဇီဝဗေဒ ပညာရှင် ဘရိုင်ယန် ဘရန်စတက် တာက ပြောကြားသည်။ ထိုကဲ့သို့ လင်းပိုင်များ ဦးနှောက် တစ်ဝက် အိပ်စက် ရုံဖြင့် သားကောင် များကို လျင်လျင်မြန် မြန်ဖြင့် ဖမ်း ယူနိုင် ကြောင်း တွေ့ရသည်။
လင်းပိုင်များသည် ရေအောက်တွင် တစ်နေရာမှ တစ်နေရာသို့ သွားလာရာ၌ ပဲ့တင်အသံ လှိုင်းကို အသုံးပြု မှတ်သား သွားလာ ကြသည်။ ထို့ကြောင့် သိပ္ပံပညာ ရှင်များက ရေထဲသို့ အသံလှိုင်းထုတ် လွှတ်သည့် ကိရိယာကို ဖောင်တွင်တပ် ဆင်ပြီး အသံလှိုင်း ထုတ်လွှင့် ရာတွင် စမ်းသပ်ခံ လင်းပိုင် နှစ်ကောင်က ၎င်း အသံလှိုင်း ထုတ်လွှင့်သည့် ကိရိယာရှိ သည့် နေရာကို တိကျစွာ ရှာဖွေထောက် လှမ်းနိုင် ကြသည်။ သိပ္ပံ ပညာရှင် များက ၁၅ ရက် ကျော် ကြာအောင် အသံ လှိုင်းဖြင့် စမ်းသပ်မှု ပြုလုပ်ခဲ့ရာ လင်းပိုင် များသည် နိုးနိုး ကြား ကြား ဖြင့်ထောက် လှမ်း နိုင်ကြသဖြင့် လင်းပိုင် များသည် အိပ်ချိန်တွင် ဦးနှောက် တစ်ခြမ်းသာ အိပ် သည်ကို ရှာဖွေ တွေ့ရှိခဲ့ သည်။
သို့သော်လည်း လင်းပိုင်များသည် လုံးဝ မအိပ်ဘဲ ရက်ပေါင်း မည်မျှ နေနိုင်သည် ဆိုသည်ကို သေချာစွာ မသိရသေး ကြောင်း အဏ္ဏဝါ ချစ်သူများ အတွက် ဗဟုသုတ ဖြစ်ဖွယ် ရေး သား လိုက်ရ ပေသည်။

Myawady

No comments:

Post a Comment