Wednesday, September 11, 2013

ယ္ခု ချက်ချင်း ကုသမှု ခံယူရမည့် ဝေဒနာများ

(၁) အဆိုးရွားဆုံးခေါင်းကိုက်ခြင်း

တစ်သက်တာ ခံစားခံရသမျှ ခေါင်းကိုက်ဝေဒနာများ ထက် ပိုမိုပြင်းထန်စွာ အဆိုးရွားဆုံးခံစားနေရပါက ဖောင်းကားနေသောသွေးကြော ( aneurysm) တစ်ခု ပေါက်ခြင်း၊ လေဖြတ်ခြင်းဖြစ်နိုင်သည်။ ရုတ်တရက် မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားရပြီး မခံမရပ်နိုင်အောင် ခေါင်းကိုက်လာပါက ဦးခေါင်းရှိ ဖောင်းကား နေသော သွေးကြောပေါက်ပြီး သွေးယိုစီးခြင်းဖြစ်နိုင်သည်။ သွေး ကြောပေါက်အပြီး နာရီအနည်းငယ်ကို ဆေးပညာ နယ်ပယ်တွင် ရွှေနာရီ (golden hour) ဟုတင်စား ကြသည်။ ထိုအချိန်အတွင်း လိုအပ်သည့် ကုသမှုခံယူပါက အသက်ရှင်ရန် အခွင့်အလမ်းများစွာရှိပြီး အချိန်လွန် သွားပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိတတ် သည်။

(၂) ရင်ပတ်အောင့်ခြင်း

နေရာကွက်၍ စူးကနဲရင်ပတ် အောင့်ခြင်းသည် ခံရခက်သော်လည်း အရေးကြီးသည့် ပြဿနာမဟုတ်ပေ။ သို့သော် စူးစူးစိုက်စိုက်မအောင့်ဘဲ ရင်ပတ်ပြင် လေးတိ လေးတွဲဖြစ်ပြီး အလေးတစ်ခုဖိထားသလို ခံစား ရပါက ဂရုစိုက်သင့်သည်။ လက်မောင်း၊ ကျောပြင်နှင့်မေးစေ့တို့အထိပျံ့နှံ့ပြီး မောဟိုက်လာပါက ရုတ် တရက်နှလုံး ဖောက်ပြန်ခြင်း (heart attack) ကြောင့်ဖြစ်နိုင်သည်။

(၃) ရုတ်တရက်အမြင်ဝေ၀ါးခြင်း

အမြင်အာရုံတွင် အမည်းစက် များ၊ အမျှင်တန်းများ၊ အကွက်များ၊ လိုက်ကာတစ်ခု ကာဆီးလိုက်သလို ရုတ်တရက် ဝေ၀ါးလာခြင်းဖြစ်ပါက အနီးဆုံးမျက်စိဆေး ခန်းကို သွားပြပါ။အထူးသဖြင့် အသက်(၄၀)ကျော် ပုဂ္ဂိုလ် များ၌မြင်လွှာပြဲခြင်း (retinal tear)နှင့် မြင်လွှာကွာခြင်း (retinal detachment) တို့ ဖြစ်ပါက အထက်ပါ လက္ခဏာများဖြစ်ပေါ်တတ်သည်။

(၄) စိတ်ကျခြင်း

စိတ်ကျဝေဒနာ (depression) သည်အချိန်မဆိုင်းဘဲ ကုသရမည့် ဝေဒနာ တစ်ခုဖြစ်သည်။ မကြာခဏ စိတ်ကျ ဝေဒနာ ခံစားရပါကဦးနှောက်၏ မှတ်ဥာဏ်သိုမှီးရာအစိတ်အပိုင်းဖြစ်သော Happocampus ၏ လုပ်ငန်း များဆုတ်ယုတ်လာပြီးမှတ်ဥာဏ်ယို ယွင်းလာတတ်သည်။

သီဟ
Health

No comments:

Post a Comment