Sunday, September 1, 2013

ရွှေဂုံတိုင်ခုံးကျော်တံတား စီမံကိန်းကြောင့် အောက်တိုဘာလကုန်အထိ ယာဉ်လမ်းကြောင်းပြောင်း

ရွှေဂုံတိုင်  ခုံးကျော်တံတားတည် ဆောက်မှုစီမံကိန်းကြောင့်  ကမ္ဘာအေး ဘုရားလမ်းပေါ်ယာဉ်များမောင်းနှင် မှုကိုလာမည့် အောက်တိုဘာလကုန်အထိ   လမ်းကြောင်းပြောင်းလဲထားကြောင်း  ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်း သိမ်းရေး ကြီး ကြပ်မှုကော်မတီမှ သိရသည်။ အဆိုပါ  လမ်းကြောင်းပြောင်းလဲ သတ်မှတ်မှုကို  ဩဂုတ် ၂၈ ရက်မှ အောက်တိုဘာ   ၂၆   ရက်အထိ သတ်မှတ်ကျင့်သုံး ဆောင်ရွက်သွားရန် ရှိပြီး  မော်တော်ယာဉ်မောင်းနှင်သူ များမြင်နိုင်ရန်  အပြာရောင် ဗီနိုင်းများဖြင့်သတိပေးထားရှိ   သည်။
ထို့ကြောင့်  ကမ္ဘာအေးဘုရားလမ်း အတိုင်း မြောက်မှတောင်သို့ (ဆူးလေ ဘက်သို့)  သွားလာကြမည့်ယာဉ် များသည်   ရွှေဂုံတိုင်လမ်းဆုံတွင် ယာဉ်ငယ်များသာ  မူလလမ်းကြောင်း အတိုင်း ဆက်လက် သွားလာရ မည်ဖြစ် ပြီး အမြင့် ၁၀ ပေနှင့် အထက်ရှိသော ယာဉ်ငယ်များ၊  ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များသည် ရှောင် ကွင်းလမ်းများဖြစ်သော အနောက် ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်း၊ နန္ဒဝန်လမ်းဆုံမှ ကမ္ဘာအေး ဘုရားလမ်း အတိုင်း မောင်းနှင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တောင်မှ မြောက်သို့ (ကမ္ဘာအေးဘက်သို့)သွား လာမည့် ယာဉ်များသည် ကြားတောရ လမ်းဆုံမှ လက်ဝဲဘက်ကွေ့၍ ကြား တောရလမ်း၊   ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင် လမ်း၊ ရွှေဂုံတိုင် လမ်း(လင့်လမ်း)၊   ဓမ္မ စေတီလမ်းမှ တစ်ဆင့်   ကမ္ဘာအေးဘုရားလမ်းသို့ ပြန်လည်ဝင်ရောက်မောင်းနှင် သွားကြ ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်  ကမ္ဘာအေးဘုရားလမ်း အတိုင်း တောင်မှမြောက်သို့  သွားပြီး အရှေ့ရွှေဂုံတိုင်လမ်းသို့ သွားလာမည့် ယာဉ်များ သည် ကြားတောရလမ်းဆုံမှ လက်ဝဲဘက်ကွေ့၍  ကြားတောရလမ်း၊ ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင် လမ်း၊ ရွှေဂုံ တိုင်လမ်းဆုံမှ  တစ်ဆင့် အရှေ့ရွှေဂုံတိုင်လမ်းအတိုင်းသွားကြ ရန် သတိပေးနှိုးဆော်ထားလျက်ရှိ ကြောင်းသိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment