Sunday, September 1, 2013

Photo: စိတ်ကူးသစ်များ ဖန်တီးနိုင်ရန် လုပ်ရမည့် အချက် ငါးချက်

တစ်ခါတစ်ရံမှာ ဖန်တီးဆောင် ရွက်ရမယ့် ကိစ္စတွေ အတွက် စိတ်ကူး အသစ်တွေ တွေးမရ တာမျိုး၊ ကြံမရ တာမျိုး ဖြစ်နေတတ် ပါတယ်။ အဲဒီလို အခါမျိုးမှာ အောက်ပါ အချက် ငါးချက်ကို လုပ်ဆောင်ကြည့် ပါက စိတ်ကူး အသစ်များ၊ ဖန်တီးမှု အသစ်တွေကို ရရှိစေနိုင် ပါတယ်။

(၁) လမ်းသစ်က သွားပါ

အလုပ်သွားတဲ့ အခါ ခါတိုင်းသွားနေ ကျ လမ်းအတိုင်း မသွားဘဲ တခြားလမ်း တစ်ခုကနေ ပြောင်းလဲ သွားကြည့်ပါ။ ရုံးသွားနေကျလမ်း မဟုတ်တာကြောင့် သင်တွေ့ရမယ့် ပတ်ဝန်းကျင် ကလည်း မြင်နေကျ မဟုတ်တော့ တာကြောင့် စိတ် ကူးသစ်တွေ ရရှိနိုင်ပါတယ်။

(၂) ကလေးတစ်ယောက်နှင့် စကားပြောပါ

ကလေးငယ် တစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေက လူကြီးတစ်ယောက်နဲ့ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ကလေးတစ် ယောက်ကို သင့်အခက်အခဲနဲ့ စိတ်ကူးနေ တဲ့ အကြောင်းအရာတွေကို ပြောပြပြီး ကလေးငယ်သာဆို ဘာလုပ်မလဲဆိုတာ မျိုး မေးကြည့်ပါ။ သင်ထင်မှတ်မထားမိ တဲ့ ရှူထောင့်ပုံစံမျိုးကို ကလေးငယ်ဆီက ရရှိနိုင်ပါတယ်။ ကလေးငယ်ဆီက သိရတဲ့ အကြောင်းအရာက သင်တကယ်လိုအပ် နေတဲ့ အခြေအနေနဲ့ လုံးဝကိုက်ညီမှုမျိုး ရမယ်လို့တော့ မျှော်လင့်မထားပါနဲ့။

(၃) ကြုံရာစာအုပ်ကို လှန်လှောကြည့်ပါ

ပုံမှန်ဖတ်နေကျ စာအုပ်၊ စာပေမျိုး တွေ မဟုတ်ဘဲ ကြုံရာ၊ နီးစပ်ရာ စာအုပ် ကို လှန်လှောကြည့်ရှု တာမျိုးက စိတ်ကူး စိတ်သန်းသစ်တွေ ပေါ်လာတတ်ပါ တယ်။ စိတ်ကူးသစ်တွေ တွေးတောလို့ မရတဲ့အခါ 

Read more => http://www.todaymyanmar.net/2013/08/blog-post_2883.html
တစ်ခါတစ်ရံမှာ ဖန်တီးဆောင် ရွက်ရမယ့် ကိစ္စတွေ အတွက် စိတ်ကူး အသစ်တွေ တွေးမရ တာမျိုး၊ ကြံမရ တာမျိုး ဖြစ်နေတတ် ပါတယ်။ အဲဒီလို အခါမျိုးမှာ အောက်ပါ အချက် ငါးချက်ကို လုပ်ဆောင်ကြည့် ပါက စိတ်ကူး အသစ်များ၊ ဖန်တီးမှု အသစ်တွေကို ရရှိစေနိုင် ပါတယ်။
(၁) လမ်းသစ်က သွားပါ
အလုပ်သွားတဲ့ အခါ ခါတိုင်းသွားနေ ကျ လမ်းအတိုင်း မသွားဘဲ တခြားလမ်း တစ်ခုကနေ ပြောင်းလဲ သွားကြည့်ပါ။ ရုံးသွားနေကျလမ်း မဟုတ်တာကြောင့် သင်တွေ့ရမယ့် ပတ်ဝန်းကျင် ကလည်း မြင်နေကျ မဟုတ်တော့ တာကြောင့် စိတ် ကူးသစ်တွေ ရရှိနိုင်ပါတယ်။
(၂) ကလေးတစ်ယောက်နှင့် စကားပြောပါ
ကလေးငယ် တစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေက လူကြီးတစ်ယောက်နဲ့ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ကလေးတစ် ယောက်ကို သင့်အခက်အခဲနဲ့ စိတ်ကူးနေ တဲ့ အကြောင်းအရာတွေကို ပြောပြပြီး ကလေးငယ် သာဆို ဘာလုပ် မလဲဆိုတာ မျိုး မေးကြည့်ပါ။ သင်ထင်မှတ်မထားမိ တဲ့ ရှူထောင့်ပုံစံမျိုးကို ကလေးငယ်ဆီက ရရှိနိုင်ပါတယ်။ ကလေးငယ်ဆီက သိရတဲ့ အကြောင်းအရာက သင်တကယ်လိုအပ် နေတဲ့ အခြေအနေနဲ့ လုံးဝ ကိုက်ညီမှုမျိုး ရမယ်လို့တော့ မျှော်လင့်မထားပါနဲ့။
(၃) ကြုံရာစာအုပ်ကို လှန်လှောကြည့်ပါ
ပုံမှန်ဖတ်နေကျ စာအုပ်၊ စာပေမျိုး တွေ မဟုတ်ဘဲ ကြုံရာ၊ နီးစပ်ရာ စာအုပ် ကို လှန်လှောကြည့်ရှု တာမျိုးက စိတ်ကူး စိတ်သန်းသစ်တွေ ပေါ်လာတတ်ပါ တယ်။ စိတ်ကူးသစ်တွေ တွေးတောလို့ မရတဲ့အခါ လမ်းလျှောက်ပြီး စာအုပ်ဆိုင် သွားကာ တွေ့ရာစာအုပ် တချို့ကို လှန် လှောကြည့်ရှုပါ။
(၄) အတိတ်က အသုံးပြုခဲ့ ဖူးသော ပစ္စည်းများကို ပြန်လည် ရှာဖွေပါ
အခန်းတွင်းမှာ အရင်က အသုံးပြုခဲ့ဖူးတဲ့ အသုံးအဆောင်တွေ၊ အမှတ်တရ သိမ်းထားတဲ့ ပစ္စည်းတွေကို ပြန်လည်ရှာ ဖွေတာ၊ အရင်ရေးသားခဲ့ဖူးတဲ့ ဒိုင်ယာရီ စာအုပ်ကို ပြန်ဖတ်တာတွေက မမျှော် လင့်ဘဲ စိတ်ကူး အသစ်တွေ ရရှိလာစေ ပါတယ်။
(၅) တွေးတောမှု များကို ရပ်လိုက်ပါ
စိတ်ကူး အသစ် ရလိုဇောနဲ့ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ မအိပ်ခင် လည်း ဒီစိတ်နဲ့ပဲ အမြဲတမ်း စဉ်းစားတွေး တောနေရင် ဦးနှောက်မှာ ရှုပ်ထွေးလာ တာကြောင့် စိတ်ကူး သစ်တွေ ရရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် စဉ်းစားတွေး ခေါ်မှုတွေကို ရပ်လိုက်ပါ။ သင်တွေးတော နေတာနဲ့ မဆိုင်တာ တွေကို လုပ်ဆောင် နေရင်းက ရုတ်တရက် အတွေး သစ်တွေ ပေါ်လာပြီး ဖန်တီးမှု အသစ်တွေ ကို လုပ် ဆောင်နိုင် ပါလိမ့်မယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Healths

No comments:

Post a Comment