Thursday, October 3, 2013

3.10.2013 to 9.10.2013 ထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ပျော်ရွှင်စရာ သတင်းစကားကြားရမည်။ အဝေးမိတ်ဆွေထံမှ လက်ဆောင်ရမည်။ လက်ထပ်ခါနီး အချစ်ဟောင်းပြန်ဆုံမည်။ ချစ်သူ၏ အထင်လွဲ စွပ်စွဲခြင်းခံရမည်။ အလုပ်ရမည်။ ပြောင်းရွှေ့နေထိုင်ရမည်။ အစ်မ နှင့်ကြီးဒေါ် ကျန်းမာရေး ချူချာမည်။ ခြေချော်လက်ချော် ခိုက်မိတတ်၏။ ပစ္စည်း ၊ ငွေ ကြေးပျောက်မည်။ စက်ရွှေတို့ ၀င်မည်။ ခရီးဝေးယာယီတစ်ခု သွားရမည်။

အကျိုးပေးဂဏန်းမှာ - ၄၊ ၅၊ ၃။

အထူးဟော - အဆင်ပြေမည်။

ယတြာ - အိမ်ဘုရားကို အုန်းဆွမ်းလှူပါ။

တနလာၤ

ခရီးသစ်ထွက်ရမည်။ နေရာသစ် ပြောင်းရွှေ့ရမည်။ ချစ်သူအသစ်တွေ့မည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ စက်ပစ္စည်း ၀င်ထွက်မည်။ ရှယ်ယာလုပ်ငန်း မလုပ်သင့်။ လုပ်ငန်း သစ်လုပ်ဖြစ်မည်။ မင်္ဂလာဆောင်ခါနီးမှ စိတ်ဝမ်းကွဲတတ်သည်။ အထင်လွဲ စွပ်စွဲခံရမည်။ ပြန်ပြေလည် သွားမည်။ စာမေးပွဲတွေ အောင်မြင်မည်။ ခြေ ၊ လက် အဖျား ခိုက်မိတတ်တယ်။ ငွေဝင်မည်။ ၀မ်းဗိုက်နှင့် ပတ်သက်၍ ချူချာမည်။ မစိုးရိမ်ရပါ။

အကျိုးပေးဂဏန်း - ၈၊ ၄၊ ၂။

အထူးဟော - အားလုံးကောင်းပါသည်။

ယတြာ - ဆွမ်းဖြူနှင့် အကြော် ၁၅ ခု ကို အိမ္ဘုရား ကပ္ပါ။

အဂါၤ

အတိုက်အခံ တွေ ကြုံသော်လည်း ကျော်နိုင်မည်။ မလိုသူတွေပေါ်မည်။ ဖယ်ရှားနိုင်မည်။ အောင်နိုင်သူ အဖြစ်နှင့် ရပ်တည်နိုင်မည်။ လုပ်ငန်းနေရာပြောင်းရမလို ဖြစ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူက လိုက်လာတတ်သည်။ လျှို့ဝှက်မှုတွေပေါ်တတ်သည်။ ရွှေ ၊ စက် ၊ မြေ ၊ အိမ်တို့ ၀င်ပါမည်။ သူတစ်ပါး အရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်၍ ဆင်ခြင်ပါ။ သားချင်း ဆွေမျိုး အတွက် စိတ်ရှုပ်မည်။

အကျိုးပေးဂဏန်း - ၃၊၆၊ ၉

အထူးဟော - အောင်မြင်မည်။

ယတြာ - အိမ်ဘုရားကို နေရာထိုင် အခင်းလှူပါ။

ဗုဒ္ဒဟူး

အောင်မြင်မှု့များ ဆက်တိုက် ရနေမည်။ ပျော်ရွှင်စရာ ခရီးတစ်ခု သွားဖြစ်မည်။ မမျှော်လင့်သော လက်ဆောင်ရမည်။ အချစ်ရေး ၁ယောက်မက စွဲလန်းသူတွေ့လာမည်။ စက် ပစ္စည်း ၊ မြေတို့ဝင်မည်။ မင်္ဂလာလက်ထပ်ပွဲ ဖြစ်မည်။ အိမ်ပြောင်းရမယ်။ ကြီးသူ၏ အထင်လွဲ ခြင်းခံရမည်။ စိတ်လေမည်။ တယူဿန် တဇွတ်ထိုး လုပ်မိတာတွေ မှားတတ်တယ်။ လူခင်ခြင်း စိတ်ဝမ်းကွဲ တတ်တယ်။ စပ်တူရှယ်ယာ မလုပ်သင့်သေးပါ။ ဆိုင်ကယ်၊ကား ဂရုစိုက်မောင်းပါ။ ခိုက်မိတတ်တယ်။

အကျိုးပေးဂဏန်း - ၅၊ ၆၊ ၎

အထူးဟော - အဆင်ပြေပါမည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်လှူပါ။

ကြာသပတေး

အရာရာ အသစ်အသစ်တွေ လုပ်ရတတ်သည်။ လုပ်သော အလုပ်များ ၂ ခါ ပြန်လုပ်ရတတ်၍ ဂရုစိုက်ပါ။ လူယုံမထားရ။ ငယ်ရွယ်သူအတွက် စိတ်ရှုပ်ရမည်။ ရွယ်တူ၏ အထင်လွဲခြင်းခံရမည်။ ကြီးသူ၏ အပြစ်တင်ခြင်းခံရမည်။ ပစ္စည်း ၊ ငွေကြေးများ ထစ်ငေါ့ပြီးမှ ရမည်။ မမျှော်လင့်ပဲ မဲ (သို့မဟုတ်) ထီပေါက်မည်။ (သို့မဟုတ်) အမွေရမည်။ မင်္ဂလာဆောင် ခါနီးမှ အချစ်ရေးလမ်းခွဲမလို ဖြစ်မည်။ ပြန်အဆင်ပြေလာမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ကား၊ ဆိုင်ကယ် ဂရုစိုက်စီးပါ။ စာမေးပွဲ ဖြေဆိုမှု့ များ ထူးချွန်စွာ အောင်မြင်မည်။

အကျိုးပေးဂဏန်း ၅၊၆၊၇။

အထူးဟော- အားလုံးအဆင်ပြေမည်။

ယတြာ- အောင်သပြေ (၁၉) ညွန့် အိမ်ဘုရားကပ်ပါ။

သောကြာ

သံယောဇဉ်တွေများ၍ ရှုပ်မည်။ လက်ထပ်မလို ဖြစ်ပြီးမှာ လွဲမည်။ ခရီးဝေးယာယီတွေရောက်မည်။ ကျန်းမာရေး ချူချာမည်။ ခြေ၊လက်တို့ သွေးထွက်သံယို မြင်သည်။ စွန့်စားစွာ ခရီးဝေးထွက် ဖြစ်မည်။ ချစ်သူ နှင့် ထွက်ပြေးရခြင်းတို့ဖြစ်မည်။ ချစ်သူ၏ အထင်လွဲခြင်းခံရမည်။ စာမေးပွဲ အောင်မြင်မည်။ မိဘ၊ သားချင်းတို့၏ အပြစ်တင် အကောင်းမထင်ခံရတတ်သည်။ စက် ၊ ယာဉ် တို့ ၀င် ၊ ထွက် ဖြစ်မည်။ နေရာပြောင်းရွှေ့မှု့ များ ခေတ္တခဏဖြစ်မည်။ အလုပ်ကိစ္စ အဆင်ပြေသည်။ ကုန်ကျငွေ များမည်။

အကျိုးပေးဂဏန်း ၈၊၁၊၆။

အထူးဟော- အဆင်ပြေအောင်မြင်မည်။

ယတြာ- သစ်သီး (၅) မျိုး လှူပါ။

စနေ

ကြိုကြား ကြိုကြား အတိုက်အခိုက်ခံရ တတ်၍ ဂရုစိုက်ပါ။ လုပ်ငန်းလုပ်ခြင်းများ ထင်ပေါ်ကျော်ကြားလာမည်။ လုပ်ငန်းဆောင်ရွက် ချက်တို့ တိုးချဲ့ဖြစ်မည်။ လုပ်ငန်းတွင်ကျယ်ငွေဝင်ကောင်းလာမည်။ အဝေးမှ လက်ဆောင်ရမည်။ မိဘသဘောတူ သောသူကိုသာ ယူရန် ဆုံးဖြတ်လိုက်ရတတ်သည်။ ခရီးဝေးယာယီ တွေရောက်မည်။ ကျန်းမာရေး အနည်းငယ်ချူချာနိုင်သည်။ မစိုးရိမ်ရပါ။ မိဘသားချင်းအတွက် လုပ်ဆောင်ချက်များ အောင်မြင်မည်။ လုပ်ငန်းအတွက် ကူညီသူပေါ်မည်။

အကျိုးပေးဂဏန်း - ၇၊၉၊၁။

အထူးဟော - အားလုံးကိုကျော်ဖြတ်၍အောင်မြင်မည်။

ယတြာ - စနေနေ့ နံနက်တွင် စနေနံဘုရားကို ထီးနီ ၇ လက် ကပ်လှူပါ။

Myit Ma Kha Media Group.

No comments:

Post a Comment