Tuesday, October 1, 2013

လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး ၏ စေတီနှင့် သိမ်တော် ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ် အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု

Photo: လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး ၏ စေတီနှင့် သိမ်တော် ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ် အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု
Tuesday, October 01, 2013

လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်သို့ လမ်းလျှောက် သူများမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ စည်တီးဘုန်းကြီးကျောင်းသို့ ရောက်ရှိကာ တစ်ညအိပ်နားခိုခဲ့ပြီး ၃၀ ရက် နံနက် ၇ နာရီတွင် ဆက်လက် ထွက်ခွာရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တားမြစ်ပိတ်ပင် ထားမှုကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ ညှိနှိုင်းရာတွင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မအရ ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မပျက်မစီး မရွှေ့မပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည် ဖြစ်ကြောင်းကို တိုင်းဒေသကြီး သာသနာဝန်ကြီး၊ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး စသည်တို့မှ သဘောတူညီ ကတိပြုခဲ့ကြသည်။

''ညှိနှိုင်းသဘောတူတဲ့ အချက်ထဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကနေ စီတန်းလမ်းလျှေက် သူတွေကို အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်တဲ့ အချိန်ထိ အရေးယူခြင်း မပြုဖို့ ပါဝင်ပါတယ်။ အခုဖြစ်စဉ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ကြားဝင်ညှိနှိုင်း ပေးခဲ့ပြီး လွှတ်တော်မှာ တင်ပြပေးသွားမှာပါ။ ဒီအတောအတွင်း မူလအတိုင်း မပျက်မယွင်း ရှိစေဖို့ ၀န်ကြီးတွေ အဖွဲ့က သဘောတူ ကတိပြုလို့ လမ်းဆက် မလျှောက်တော့တာပါ'' ဟု လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ဆရာတော်ဦးသုက ပြောကြားသည်။

Eleven Media Group
ဆန္ဒထုတ်ဖော် သူများနှင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့တို့ စည်တီးဘုန်းကြီး ကျောင်းအတွင်း တွေ့ဆုံကြစဉ်

လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။



လက်ပံတောင်းတောင်သို့ လမ်းလျှောက် သူများမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ စည်တီးဘုန်းကြီးကျောင်းသို့ ရောက်ရှိကာ တစ်ညအိပ်နားခိုခဲ့ပြီး ၃၀ ရက် နံနက် ၇ နာရီတွင် ဆက်လက် ထွက်ခွာရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တားမြစ်ပိတ်ပင် ထားမှုကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ ညှိနှိုင်းရာတွင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မအရ ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မပျက်မစီး မရွှေ့မပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည် ဖြစ်ကြောင်းကို တိုင်းဒေသကြီး သာသနာဝန်ကြီး၊ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး စသည်တို့မှ သဘောတူညီ ကတိပြုခဲ့ကြသည်။

''ညှိနှိုင်းသဘောတူတဲ့ အချက်ထဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကနေ စီတန်းလမ်းလျှေက် သူတွေကို အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်တဲ့ အချိန်ထိ အရေးယူခြင်း မပြုဖို့ ပါဝင်ပါတယ်။ အခုဖြစ်စဉ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ကြားဝင်ညှိနှိုင်း ပေးခဲ့ပြီး လွှတ်တော်မှာ တင်ပြပေးသွားမှာပါ။ ဒီအတောအတွင်း မူလအတိုင်း မပျက်မယွင်း ရှိစေဖို့ ၀န်ကြီးတွေ အဖွဲ့က သဘောတူ ကတိပြုလို့ လမ်းဆက် မလျှောက်တော့ တာပါ'' ဟု လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ဆရာတော်ဦးသုက ပြောကြားသည်။

Eleven Media Group
ဆန္ဒထုတ်ဖော် သူများနှင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့တို့ စည်တီးဘုန်းကြီး ကျောင်းအတွင်း တွေ့ဆုံကြစဉ်

No comments:

Post a Comment