Monday, October 28, 2013

ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအပေါ်မူတည်ကာ ဆက်လက်မြင့်တက်နေကြောင်း ရွှေဆိုင်လုပ် ငန်းရှင်များက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၆၉၂,၅၀၀ ဈေး ပေါက်လျက်ရှိပြီး အောက်တို ဘာလ၀က်ပိုင်းကျပ် ၆၇၉,၀၀၀ဈေး နှင့် နှိုင်းယှဉ်လျှင် ၁၃,၀၀၀ထိ ဈေးမြင့်တက်နေကြောင်း ယင်းတို့က ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၆၈၄,၀၀၀ ၀န်းကျင်ရှိရာမှ ၂၃ ရက်တွင် ကျပ် ၆၈၉,၀၀၀ ထိ တစ်ရက်အတွင်း ကျပ် ၄၀၀၀ ကျော် မြင့်တက်လာခြင်းဖြစ်ပြီး အဆိုပါ ရက်နောက်ပိုင်းတွင် ပြည်တွင်းရွှေဈေးမှာ အတက်ဘက်သို့သာ ဦးတည်ခဲ့သည်။

အောက်တိုဘာလ ၂၅ တွင် ပြည်တွင်းရွှေဈေး ၆၉၀,၀၀၀ အပေါ်သို့ မြင့်တက်လာခဲ့ပြီး ယခုလပိုင်းတွင် အမြင့်ဆုံးဈေးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အောင်သမာဓိရွှေဆိုင် (မန္တလေး ပင်ရင်း) မှ ဦးမော်က “ရွှေဈေးကတော့ အမြင့်ပိုင်းဈေးနဲ့ပဲ ရှိနေသေး တယ်၊ ကမ္ဘာ့ရွှေဈေးက အမြင့်ဈေးမှာရှိနေတဲ့အတွက် သူဈေးကျသွားမှာပဲပြည်တွင်းဈေးလည်း ကျသွား မှာ”ဟု ပြောသည်။

စက်တင်ဘာလအတွင်း ပြည်တွင်းရွှေဈေးကျပ် ၆၉၅,၀၀၀ ကျော်ဈေးနှင့် ခုနစ်သိန်းဈေးရှိခဲ့ရာမှ အောက် တိုဘာလဆန်းပိုင်းမှ စတင်ကာ အကျဘက်သို့ ဦးတည်လာခဲ့သော်ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး ကြောင့် အတက်ဘက်သို့ ပြန်လည် ဦးမော့လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ် သည်။

ကမ္ဘာ့ရွှေဈေးမှ အောက်တိုဘာလ ၁၅ တွင် ၁၂၆၄ ဒေါ်လာရှိပြီး အောက်တိုဘာလ ၂၃ တွင် ၁၃၃၂ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၃၅၅ ဒေါ်လာထိ ဈေးမြင့်တက်လာသည်။
 Mizzima

No comments:

Post a Comment