Thursday, October 3, 2013

သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၁၆/၂ဝ၁၃)
၂ဝ၁၃ ခုနှစ် အောက်တိုဘာလ  ၂ ရက်
၁၃၇၅ ခု တော်သလင်းလပြည့်ကျော် ၁၃ ရက်
သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
၁။   ရခိုင်ပြည်နယ် သံတွဲမြို့တွင် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နေ့၌ ဖြစ်ပွားခဲ့သည့် ပြည်သူချင်းအငြင်းပွားမှုဖြစ်စဉ်ကိုအကြောင်းပြု၍ ပဋိပက္ခအချို့ဖြစ်ပေါ်ခဲ့ရ ပါသည်။ အဆိုပါဖြစ်စဉ်များ အတွင်း နှစ်ဖက်လုံး မှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုအချို့ရှိသကဲ့သို့ အိုးအိမ်အချို့ပျက်စီးဆုံး ရှုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထိခိုက်နစ်နာဆုံးရှုံးမှုနှင့်ပတ်သက် ၍  နိုင်ငံတော်သမ္မတ အနေဖြင့်  ထိခိုက်နစ်နာခဲ့သည့် ပြည်သူများနှင့် ထပ်တူဝမ်းနည်း စိတ်မကောင်းဖြစ်ရပါသည်။
၂။             နိုင်ငံတည်ငြိမ်အေးချမ်းမှု၊  တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ရခိုင်ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်းဖြစ်ပါသည်။
၃။   နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့်   မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသော   နေအိမ်များကို ပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း နှင့်ပြည်သူများအနေဖြင့်လည်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြ အပ်ပါသည်။                                 
သတင်းထုတ်ပြန်ရေးအဖွဲ့

1 comment:

  1. တ လော က လုံး အစ်စလမ် ဘာသာ ဖြစ် ရမယ် ဆိုသူတွေနဲ့ ဗုဒ္ဓဘာသာ အတူရှိနေသ ရွေ့ ဖြစ်နေမှာပဲ။

    ReplyDelete