Wednesday, October 30, 2013

အပုပ်နံ့ထွက်မှ သိရှိရသည့် စစ်တွေတက္ကသိုလ်ဆရာမတစ်ဦး သေဆုံးမှု

ရခိုင်ပြည်နယ်စစ်တွေတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးသေဆုံးနေ မှုကို နှစ်ရက် ကြာမှ တွေ့ရှိခဲ့သည်ဟု စစ်တွေမြို့နယ် ရဲစခန်းမှ သိရှိရသည်။

စစ်တွေမြို့မ ကျည်းမြိုင်ရပ်ကွက်တက္ကသိုလ်ဆရာ/ဆရာမများအဆောင် တိုက်နံပါတ်(၁)အခန်း(၉)နေ ဆရာမ ဒေါ်လှအုန်း(မြန်မာစာကထိက)၏အခန်းမှ အပုပ်နံ့ရသဖြင့်ဘေးခန်းနေဆရာများက သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားရာ အောက်တိုဘာလ၂၇ ရက်နေ့ကစစ်တွေမြို့နယ်ရဲစခန်း၌ တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နသည့် ရဲအုပ်ဘိုထင်ကျော်က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆရာမဒေါ်လှအုန်း သည် အိမ်သာခန်း၌ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ရဲစစ်ချက် မှတ်တမ်းအရ သိရသည်။

သေဆုံးသူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတရာမတွေ့ရှိရဘဲ အလောင်းမှာ ပုပ်ပွနေခြင်းကြောင်း၊ ရဲဆေးစာဖြင့် စစ်တွေဆေးရုံပို့အပ်ခဲ့ရာ သေဆုံးသူဆရာမဒေါ်လှအုန်းမှာ အာရုံကြောပြတ်၍သေ ဆုံး ခြင်းဖြစ်သည်ဟု ဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းအရသိရသည်။

“သေတာကို မနေ့ကမှသိရတယ်။ သေတာကတော့ နှစ်ရက်လောက်ရှိလိမ့်မယ်၊ အပုပ်နံ့ကလည်း ထွက် နေတယ်။ သူမှာ ဘာပြဿနာမရှိပါဘူ။ အာရုံကြောပြတ်လို့ သေတာပါ။ သွေးတိုးရှိတယ်လို့တော့ အရင်က သူပြောဖူး လို့ သိရတယ်’’ဟု စစ်တွေ တက္ကသိုလ်မှ ဆရာတစ်ဦးကပြောသည်။

ဆရာမဒေါ်လှအုန်းသည်အသက်(၅၆)နှစ်ရှိပြီးစစ်တွေတက္ကသိုလ်၌မြန်မာစာကထိကရာထူးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိပြီးဆရာ/ဆရာမများအဆောင်တွင် နေထိုင်စဉ်ယခုကဲ့သို့ သေဆုံခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ဆရာမ ဒေါ်လှအုန်း သည် အိမ်ထောင်မရှိ အပျိုကြီးတစ်ယေက်ဖြစ်သည်ဟု သိရသည်။

အဆိုပါသေမှုသေခင်းဖြစ်စဉ်အား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်စုံ စမ်းစစ်ဆေးအရေးယူ ပေးပါရန် ဒုရဲအုပ်ဘိုထင်ကျော်မှ တရားလိုပြအမှုဖွင့်တိုင်ကြားခဲ့သဖြင့် စစ်တွေမြို့နယ်ရဲစခန်းမှဒုရဲမှူး (ယာယီ) စခန်းမှူး ဦးမိုးကျော်က လက်ခံစစ်ဆေးလျက်ရှိသည်ဟု စစ်တွေရဲစခန်းမှ သိရသည်။

Myit Ma Kha Media Group.

No comments:

Post a Comment