Tuesday, October 1, 2013

မြန်မာ့ယဉ်ကျေးမှုများကို ပြန်လည်ဆန်းသစ်ဖော်ထုတ်ရန် လိုအပ်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

နိုင်ငံ ခြားယဉ်ကျေးမှုများ မြန်မာနိုငငံ သို့ပျံ့နှံ့ဝင်ရောက်မှုအန္တရာယ် အတိုင်းအဆမရှိ ဖြစ်လာနေသည့် အတွက် မြန်မာ့ ယဉ်ကျေးမှုများ ကို ပြန်လည်ဆန်းသစ်ဖော်ထုတ် ရန် လိုအပ်နေပြီဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြားလိုက် သည်။
ယင်းကဲ့သို့ နိုင်ငံခြားမှ ယဉ် ကျေးမှုများ လွယ်လင့်တကူပျံ့နှံ့ ဝင်ရောက် လာခြင်းသည် နည်း ပညာမြင့်မားလာခြင်းကြောင့်ဖြစ် ကြောင်း အကြိမ် (၂၀)မြောက် မြန်မာ တိုင်းရင်း သားရိုးရာ ယဉ် ကျေးမှုအဆို၊ အက၊ အရေး၊ အတီး အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲ ဖွင့်ပွဲတွင် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြား ခဲ့ ခြင်းဖြစ်သည်။

''ယနေ့ကမ္ဘာပေါ်မှာ နည်း ပညာထွန်းကားမှု အရှိန်အဟုန် မြင့်မားလာတာ နဲ့အမျှ ယဉ်ကျေး မှု ဝင်ရောက်ပျံ့နှံ့ခြင်းအန္တရာယ် ဟာလဲ အတိုင်းအဆ မရှိဖြစ်တည် နေပါတယ်။ အာဆီယံအသိုင်း အဝိုင်းထဲမှ ၁ဝနိုင်ငံကလဲ ၂၀၁၅ မှာ လွတ်လပ်စွာ ဝင်ထွက် သွား လာခွင့်၊ လွတ်လပ်စွာ စီးပွားရေး ရင်းနှီးမြှုပ်နှံခွင့်၊ သတင်းစီးဆင်း ခွင့်၊ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ဝင်ရောက်ခွင့်တို့နဲ့ အတူ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှုတွေ လွှမ်းမိုးလာမှုကို မလွဲမသွေ ကြုံတွေ့ လာမှာ ဖြစ်ပါ တယ်။

ဒါကြောင့် မြန်မာတို့၏ အတိတ်ကပြောင်မြောက်ခဲ့သည့် အနုပညာရပ်တွေကို အလျဉ်း သင့်သည့် အချိန်၊ နေရာများတွင် ဖော်ထုတ်ပြီး ခေတ်မီ ဆန်းသစ် သော သရုပ်ဖြင့် ဖော်ပြနိုင်လျှင် မြန်မာ့ယဉ် ကျေးမှု မတိမ်ကော ဘဲ စိတ်ဓာတ် နှင့် စရိုက်လက္ခဏာ များလဲ မပျောက်မပျက် တည်ရှိ နေမှာဖြစ်ပါတယ်''ဟု ယင်းက ထပ်မံပြောကြားသည်။

နည်းပညာ တိုးတက်ပြောင်း လဲလာသည်နှင့်အမျှ လူမှုကွန်ရက် များ၊ မီဒီယာများ၊ အင်တာနက် သုံးစွဲမှုများပြားလာခြင်းကြောင့် နိုင်ငံတကာ တိုင်းပြည်များ၊ အိမ် နီးချင်းနိုင်ငံများ၏ နေထိုင်မှုဝတ် စားမှု ပုံစံများကို အချိန်နှင့်တစ် ပြေးညီကြည့် ရှုလာနိုင်သည့်အ တွက် ပြည်ပမှ အသုံးအဆောင်၊ အဝတ်အထည်များကို အတုယူ သုံးစွဲဝတ်ဆင် လာကြသဖြင့် ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ် အလာများ၊ အနုပညာရပ်များ မှာအားနည်းလာကြောင်း သိရ သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီး အဖြစ် ဆောင်ရွက်ပေးနေသည့် အကယ်ဒမီ ဒေါ်နွဲ့နွဲ့စမ်းက ''နည်း ပညာကြောင့် ယဉ်ကျေးမှုတွေကူး စက်လာတယ်ဆိုတာ ဟုတ်ပါ တယ်။ ဘက်ပေါင်းစုံကကိုဖြစ်နေ တာပါ။ အခုခေတ်မှာ တချို့ရုပ် သံလိုင်းတွေမှာ လွှင့်တာကိုက ကိုယ့်ရိုးရာ အဝတ်အစားတွေ ဝတ်ဆင်ပြသတာ ထက် ခေတ်မီ၊ ခေတ်ဆန်တဲ့ အဝတ်ဝတ်ပြတာ မျိုး၊ ဝတ်ထားတဲ့သူတွေကိုထုတ် လွှင့်ပြသတာမျိုးတွေ ရှိနေပြီး အဲဒီလိုမျိုးလွှင့် နေတာ အပြင် မြန် မာ့ယဉ်ကျေးမှုဝတ်စုံတွေ ဝတ်ဆင် ထားတာတွေကို အသားပေးပြ သရင် ပိုကောင်းပါမယ်။ ဒါမှလဲ မြန်မာ့ယဉ်ကျေးမှုက မတိမ်ကော မှာပါ''ဟုပြောသည်။

ယင်းကဲ့သို့ နိုင်ငံခြားယဉ်ကျေး မှုများကူးစက်လာခြင်းသည် တိုင်း ရင်းသားမျိုးနွယ်စုများကို ကူး စက်မှုနည်းသော်လည်း ၂၀၁၀ နောက်ပိုင်းမှစတင်ကာ ကူးစက် မှုများရှိလာခြင်းကြောင့် ရိုးရာ ဝတ်စုံဝတ်စားဆင်ယင်မှုများ လျော့ကျ လာကြောင်း လည်း ချင်း တိုင်းရင်းသား ဦးထန့်ခန့်လျန်းက ပြောသည်။ ''အခုကတော့ ယဉ်ကျေးမှု တွေကူးစက်လာတော့ တိုင်းရင်း သားဝတ်စုံနဲ့ ဆင်ယင်ထုံးဖွဲ့မှု တွေ ပျောက်ကွယ်လာပါတယ်။ အခု ချင်းပြည်နယ်မှာဆိုရင် တိုင်း ရင်းသား ဝတ်စုံဝတ်တာထက် အ လွယ်တကူဝင်ရောက်လာတဲ့ အ ဝတ်အထည်တွေကိုပဲ ဝတ်တော့ တယ်။ ၂၀၀၉ခုနှစ်လောက်အထိ ကတော့ ချင်းတိုင်းရင်းသားရိုး ရာ ဝတ်စုံတွေကို စွဲစွဲမြဲမြဲဝတ်ဆင် ခဲ့ကြတာပါ''ဟုပြောသည်။

ယင်းကဲ့သို့ ယဉ်ကျေးမှုကူး စက်ပျံ့နှံ့မှုများ ကို ကာကွယ်နိုင် ရန်အတွက် နိုင်ငံတော်မှလည်း မြန်မာ့ ရိုးရာယဉ်ကျေးမှုပွဲတော် များကို အစဉ်အလာမပျက်ဆောင် ရွက်သွားမည်ဖြစ်ကာ အဆင့်မြင့် ပညာအဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို လာမည့်အောက်တို ဘာ ၁ဝရက်တွင် စတင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment