Tuesday, October 22, 2013

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကာချုပ်ရုံး သဘောထား ထုတ်ပြန်ချက်

နိုင်ငံတော် အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ယခု ရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများမှ ဖောက်ခွဲမှု များအား လုပ်ဆောင်ခဲ့ကြရာ ပေါက် ကွဲမှု ဖြစ်စဉ် (၇)ကြိမ် နှင့် ဖော်ထုတ် သိမ်းဆည်း ရရှိမှု (၄)ကြိမ် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူသုံးဦး သေဆုံးခဲ့၍ နိုင်ငံခြားသူတစ်ဦး အပါအဝင် ၁ဝဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။


အဆိုပါ ဖြစ်စဉ်များတွင် ပြည်သူ လူထု၏ အားတက်သရော ဝိုင်းဝန်း ကူညီမှုဖြင့် ပါဝင် ပတ်သက်သူ အချို့အား ဖော်ထုတ် ရရှိ ခဲ့ပြီး KNU အဖွဲ့ရှိ စီးပွားရေး တာဝန်ခံ အချို့ ဆက်စပ် ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ၎င်းပေါက် ကွဲမှု ဖြစ်စဉ်များမှာ KNU အဖွဲ့အစည်းနှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိဘဲ နိုင်ငံတော် အစိုးရနှင့် လုပ်ဆောင်လျက် ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ထိခိုက်မှုရှိစေရန် အဖွဲ့အစည်း အတွင်းရှိ အနည်း ငယ်သော အင်အားစု အချို့မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး KNUအဖွဲ့အစည်း အနေဖြင့် လုပ်ဆောင်ခြင်း မဟုတ် ကြောင်းနှင့် အဖြစ်မှန် ပေါ်ပေါက်၍ တရားခံများ ဖမ်းဆီးရမိပြီး ဥပဒေ နှင့်အညီ အရေးယူ ဆောင် ရွက်နိုင်သည် အထိ KNU အဖွဲ့မှ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းဖော်ထုတ် ဆောင်ရွက်ခဲ့သည်။

အထက်ပါ ဖြစ်စဉ်များကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နှောင့်နှေး ရပ်တန့် သွားမည် မဟုတ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်း ဆောင် ရွက်လျက် ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား အောင်မြင်သည်အထိ ကြိုးစား ဆောင်ရွက်သွားမည်။  


No comments:

Post a Comment