Tuesday, October 22, 2013

မြန်မာနိုင်ငံရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးအဖြေမှာ ပညာရေး ပြုပြင်ပြောင်း လဲမှုသာဖြစ်သည်ဟု ပြည်တွင်းပညာရှင်များပြော

မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ရန် အထူးလို အပ်နေပြီဖြစ် ကြောင်း ပြည်တွင်းပြည်ပပညာ ရှင်များမှ တိုက်တွန်းပြောကြား လိုက်သည်။

အစိုးရ၏ပြုပြင်ပြောင်းလဲ မှုများ ပိုမိုအားကောင်းရန်နှင့် နိုင်ငံ ၏ ဆင်းရဲနွမ်းပါး မှုမှ လွတ်မြောက် ရန်အတွက် နှစ်ပေါင်းများစွာနိမ့်ကျ နေသော ပညာရေးအားမြှင့်တင် လုပ်ဆောင်ခြင်းသာလျှင် အကောင်း ဆုံးအဖြေ တစ်ခုဖြစ်ကြောင်း ပညာ ရှင်များက ပြောသည်။

နိုင်ငံတော်သမ္မတ အကြံ ပေးပါမောက္ခ ဒေါက်တာအောင် ထွန်းသက်က ''နိုင်ငံတိုးတက်ဖို့ဆို ရင် အကောင်အထည်ဖော်သူနဲ့ ပါဝင်သူတွေရဲ့ ခစေခေငအပက အ ဓိကစိန်ခေါ်ချက်ပဲ။ သူတို့ရဲ့စွမ်း ဆောင်ရည် ဘယ်လောက်ရှိလဲ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ ဒီလိုအရည်အချင်းတွေ တိုးတက် ဖို့ဆိုရင် ပညာရေးပြုပြင်ဖို့တွေ အရမ်းလိုအပ်တယ်။ အခု နိုင်ငံ တကာလုပ်ငန်းရှင်တွေ လာနေ ပြီ။ ပြည်တွင်းလုပ်ငန်းရှင်တွေက လဲ လုပ်ငန်းတွေတိုးချဲ့နေပြီ။ အ လုပ်အကိုင်တွေ ရှိနေတယ်ဆိုပေ မယ့် တက္ကသိုလ်ကမွေးထုတ်လိုက် တဲ့ ကျောင်းသားတွေ တိုက်ရိုက် ဝင်မလုပ်နိုင်တာ ကြည့်တာနဲ့သိ သာတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ် ပညာရေးမှာ လွတ်လပ်ရေးမရခင် ကာလဝန်းကျင်တွင် နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ခဲ့သော်လည်း လွတ်လပ်ရေးရရှိချိန်လွန် နောက် ပိုင်း တဖြည်းဖြည်းကျဆင်းလာ ပြီး ခေတ်အဆက်ဆက်တာဝန် ရှိသူများ၏ ပြုပြင်မှုအားနည်းချက် နှင့် နိုင်ငံရေးနှင့် ရောထွေးရှုမြင် မှုများကြောင့် ဘွဲ့ရပညာမတတ် လူတန်းစားအရေအတွက် တိုးတက် လာသည်မှလွဲ၍ ထူးခြားသော တိုးတက်မှုမရှိကြောင်း ပညာရှင် များ၏ပြောပြချက်အရ သိရသည်။
ရန်ကုန်တက္ကသိုလ်ဆရာများ အသင်းအတွင်းရေးမှူး ဒေါက် တာစိုင်းခိုင်မျိုးထွန်းက ''ပညာ ရေးကို တကယ်တိုးတက်စေချင် ရင် ပညာရေးလုပ်ဆောင်သူတွေ ကို အစိုးရတာဝန်ရှိသူအပိုင်းက ဝင်ရောက်ကြီးကြပ်နေတာတွေ ကိုရပ်ဖို့လိုတယ်။ တက္ကသိုလ်ဆရာ တွေက လိုအပ်တာတွေတင်ပြဖို့ အတွက် ဆရာများအသင်းလေး လုပ်တာတောင် လွတ်လပ်မှုမရှိ ဘူး။ နိုင်ငံတကာမှာဆိုရင် တက္က သိုလ်ဆိုတာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေတာ။ ရန်ကုန်တက္ကသိုလ်က တစ်ချိန် က အာရှမှာ နာမည်ကြီးတယ်ဆို တာလဲ တတ်သိနားလည်တဲ့ သူတွေ က လွတ်လပ်လုပ်ကိုင်ခွင့်ရခဲ့တာ တွေပဲ''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ သတင်း စာဆရာတစ်ဦးကပြောဆိုရာ တွင် နိုင်ငံတစ်နိုင်ငံ ၏ပြုပြင်ပြောင်း လဲမှုစနစ်များမည်မျှပင် ကောင်း စေကာမူ အခြေခံခိုင်မာမှုရှိစေ ရန်အတွက်ဆိုလျှင် ပညာရေးပြု ပြင်ပြောင်းလဲ မှုအား မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတွင်ဖြစ်ပေါ်နေသော လူမှုရေးဆိုင်ရာနိမ့်ကျနေမှုများ အခြေခံမှာ အသိချို့တဲ့ခြင်းဖြစ် ပြီး ယင်းအား အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြေရှင်းနည်းမှာ ပညာရေးပြုပြင်ပြောင်းလဲခြင်း သာဖြစ်သည်ဟု ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတက္က သိုလ်ပေါင်း၁၆၈ခုမှ မွေးထုတ် လိုက်သော ဘွဲ့ရအရေအတွက်မှာ နှစ်စဉ်တိုးတက်သည်ဟု ဆိုသော် လည်း မကြာခင် တိုင်းတာသော စစ်တမ်းအရ မြန်မာနိုင်ငံ၏လူငယ် အလုပ်လက်မဲ့ဦးရေမှာ ရာခိုင်နှုန်း ၆ဝအထိ မြင့် တက်နေကြောင်း မြန်မာ နိုင်ငံ လူငယ်များအစည်း အရုံးမှ ထောက်ပြပြောဆိုသည်။

Yangon Media Group

No comments:

Post a Comment