Friday, October 18, 2013

လေးနှစ်အရွယ် ကလေးငယ်အား အဓမ္မကြံသူကို အမှုဖွင့်

လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား တစ်လမ်းတည်းနေ အသက် ၂၁ နှစ် အရွယ် အမျိုးသား တစ်ဦးက မုဒိမ်းမှုကျူးလွန်ရန် ကြံစည်ခဲ့သဖြင့် ကလေးငယ်၏မိခင်က ပြည်မြို့မရဲစခန်းသို့ လာရောက်  အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လေးနှစ်အရွယ် ကလေးမလေးသည် တစ်လမ်းတည်းနေ တစ်အိမ်ကျော်သို့ သွားရောက်ဆော့ ကစားလေ့ရှိကြောင်း၊ ယင်းအိမ်သို့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီခန့်တွင် သွားရောက်ဆော့ ကစားပြီး ပြန်လာခဲ့ကြောင်း၊ ယင်းနေ့ညနေတွင် မိခင်ဖြစ်သူက ရေချိုးပေးစဉ် ကလေးငယ်၏ မိန်းမကိုယ်မှ စပ်သည်ဟုဆိုကြောင်း၊ မိခင်ဖြစ်သူက မေးမြန်းကြည့်ရာ တစ်အိမ်ကျော် ရှိနေအိမ် သို့ သွားရောက်ဆော့ ကစားပြီး ဗီဒီယိုကြည့်နေစဉ် ထိုအိမ်ရှိ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးက မိန်းမ ကိုယ်အားလက်ဖြင့် ထိုးခဲ့သည်ဟု ပြောကြောင်း သိရသဖြင့် မဖွယ်မရာပြု ကျင့်မှုကြောင့် အမှုလာရောက်ဖွင့် ခဲ့ကြောင်း ပြည်မြို့ မရဲစခန်းမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မုဒိမ်းမှုကျူးလွန်ရန်ကြံစည်မှုဖြင့် ပြည်မြို့၊ န၀င်းနယ်မြေ၊ ပြည်တော်သာ ရပ်ကွက်ရှိ မောင်ကျော်ကျော်ဆွေအား ပြည်မြို့မရဲစခန်းမှ ဖမ်းဆီးကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment