Saturday, October 5, 2013

မြစ်ဆုံစီမံကိန်းမှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာ နိုင်မှုများနှင့် ပတ်သက်၍ လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ သုံးသပ်ချက်အား အစိုးရထံ တင်ပြမည်

Photo: မြစ်ဆုံစီမံကိန်းမှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာ နိုင်မှုများနှင့် ပတ်သက်၍ လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ သုံးသပ်ချက်အား အစိုးရထံ တင်ပြမည်
Saturday, October 5, 2013

ဧရာဝတီမြစ် အထက်ပိုင်းတွင် ပြုလုပ်လျက်ရှိသည့် မြစ်ဆုံဆည် စီမံ ကိန်းနှင့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိနိုင်သည့် ဘေး ထွက် ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနိုင်မှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လွတ်လပ်သည့် ပညာရှင်များ စုစည်းကာ သုံးသပ်သော အစီရင်ခံစာအား အစိုးရထံ တင်ပြသွားမည်ဟု စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြား သည်။

၂၀၁၁ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် China Power Investment ကုမ္ပဏီ၏ အစီရင်ခံစာကို ပြည် တွင်းပြည်ပမှ လွတ်လပ်သည့် ပညာရှင် ၁၂ ဦး ပါဝင်သည့် အဖွဲ့မှ အကဲဖြတ် ဆန်းစစ်ချက် ပြုလုပ် ခဲ့ရာ မြစ်ဆုံ ဆည်ကြောင့် ယင်းဒေသသာမက ဆည်အောက်မိုင်ရာပေါင်းများ စွာရှိ မြစ်ကြောင်း တစ်လျှောက် နေထိုင်သူများကိုပါ ထိခိုက်နိုင်သည်ကို CPI ကုမ္ပဏီ၏ အစီရင်ခံစာတွင် တိကျစွာ မဖော်ပြခဲ့ဟု စက်တင်ဘာ ၃၀ ရက်က ဖြန့်ဝေခဲ့သည့် စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးဝင်းမျိုးသူက ''ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်တွင်းပြည်ပ ပညာ ရှင်တွေနဲ့အတူ ပြန်လည်သုံးသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်တဲ့ အခါမှာ ဒီမြစ်ဆုံဆည် တည်ဆောက်တဲ့ CPI ကုမ္ပဏီရဲ့ အစီရင်ခံစာမှာ မပါတဲ့ ပျက်စီး ယိုယွင်းနိုင်မှု အလားအလာတွေ ကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒါကျွန်တော်တို့ ပညာရှင်တွေဆန်းစစ်ပြီး တွေ့ရှိတာတွေကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို လိပ်မူပြီးတော့ ပေးသွားမှာပါ။ ကျွန်တော်တို့ အဓိကပေးချင်တဲ့ Message က ဒါမှာ အားနည်းချက်တွေ ရှိတယ်ပေါ့'' ဟု ပြောကြားသည်။

ထို့ပြင် ဧရာဝတီမြစ်ညှာ ဒေသအတွင်း ဆည်တစ်ခုနှစ်ခုမျှ တည်ဆောက် ရုံနှင့်ပင် အချိန်တိုအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲ သွားနိုင် မှုများမှာ အတော်လေးပင် ကြီးမားသည်ဟု ပညာရှင်များ က သုံးသပ်ထားသည်။

China Power Investment ကုမ္ပဏီ အနေဖြင့်လည်း နိုင်ငံတကာ စံချိန် စံညွှန်း များအား လိုက်နာပြီး အမြင့်ဆုံး အရည်အသွေး သတ်မှတ်ချက်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရန် ကတိက၀တ် ပြုခဲ့သော်လည်း အစီရင်ခံစာ မှာ အကောင်းဆုံး အနေအထားမျိုး ရှိမနေခဲ့ကြောင်း တွေ့ရသည်ဟု ပညာရှင်များက သုံးသပ် ထားသည်။

ဆည်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှု သုံးသပ်ချက်မှာလည်း အချိန်တစ်ပတ်မျှ ကြာအောင်ပင် မလုပ်ခဲ့သည့် စူးစမ်းလေ့လာမှုများအပေါ် အခြေခံထားသည်ကို တွေ့ရကြောင်း၊ ဆည်ဆောက် လုပ် ခြင်းကြောင့် ပေါ်ေ ပါက် လာနိုင်သော လူမှုရေးဆိုင် ရာ ဂေဟစနစ် ဆိုင် ရာ ထိခိုက်နိုင်မှုများအပေါ် CPI အစီရင်ခံစာ အနေဖြင့် အတော်လေး လျှော့ တွက် ထားကြောင်း၊ ထို့ပြင် မြစ်အောက် ပိုင်း ရေစီးဆင်း မှုနှင့် မြစ်ကြောင်း နုန်းပို့ချမှု ရပ်ဝန်းအပေါ် စီမံကိန်း၏ များပြားလှသော ထိခိုက်မှုများအပေါ် အစီရင်ခံစာ အနေဖြင့် အနည်းအကျဉ်းသာ ဖော်ပြထားကြောင်း တွေ့ရသည်ဟု လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ စာတမ်းတွင် ဖော်ပြထားသည်။

မြစ်ဆုံဆည်နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်အပေါ် အမေရိကန်၊ တရုတ်၊ နီပေါ၊ လာအို၊ ထိုင်း၊ ဟောင်ကောင်၊ မြန်မာ စသည့် နိုင်ငံများမှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင် ၁၂ ဦးက ပညာရှင် ရှုထောင့်မှ ပြန်လည်သုံးသပ် ထားသည်ဟု International Rivers အဖွဲ့နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ ပူးပေါင်းကာ ဖြန့်ဝေခဲ့သည့် စာတမ်း တွင် ဖော်ပြထားသည်။

Eleven Media Group
ဧရာဝတီမြစ် အထက်ပိုင်းတွင် ပြုလုပ်လျက်ရှိသည့် မြစ်ဆုံဆည် စီမံကိန်းနှင့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနိုင်မှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လွတ်လပ်သည့် ပညာရှင်များ စုစည်းကာသုံးသပ်သော အစီရင်ခံစာအား အစိုးရထံ တင်ပြသွားမည်ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြား သည်။
၂၀၁၁ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် China Power Investment ကုမ္ပဏီ၏ အစီရင်ခံစာကို ပြည် တွင်းပြည်ပမှ လွတ်လပ်သည့်ပညာရှင် ၁၂ ဦး ပါဝင်သည့်အဖွဲ့မှ အကဲဖြတ်ဆန်းစစ်ချက် ပြုလုပ် ခဲ့ရာ မြစ်ဆုံဆည်ကြောင့် ယင်းဒေသသာမက ဆည်အောက်မိုင်ရာပေါင်းများစွာရှိ မြစ်ကြောင်း တစ်လျှောက် နေထိုင်သူများကိုပါ ထိခိုက်နိုင်သည်ကို CPI ကုမ္ပဏီ၏ အစီရင်ခံစာတွင် တိကျစွာ မဖော်ပြခဲ့ ဟု စက်တင်ဘာ ၃၀ ရက်က ဖြန့်ဝေခဲ့သည့် စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးဝင်းမျိုးသူက ''ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်တွင်းပြည်ပ ပညာ ရှင်တွေနဲ့အတူ ပြန်လည်သုံးသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်တဲ့ အခါမှာ ဒီမြစ်ဆုံဆည် တည်ဆောက်တဲ့ CPI ကုမ္ပဏီရဲ့ အစီရင်ခံစာမှာ မပါတဲ့ ပျက်စီးယိုယွင်းနိုင်မှု အလားအလာတွေ ကို တွေ့ရှိခဲ့ ရပါတယ်။ ဒါကြောင့် ဒါကျွန်တော်တို့ ပညာရှင်တွေဆန်းစစ်ပြီး တွေ့ရှိတာတွေကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို လိပ်မူပြီးတော့ ပေးသွားမှာပါ။ ကျွန်တော်တို့ အဓိကပေးချင်တဲ့ Message က ဒါမှာ အားနည်းချက်တွေ ရှိတယ်ပေါ့'' ဟု ပြောကြားသည်။

ထို့ပြင် ဧရာဝတီမြစ်ညှာ ဒေသအတွင်း ဆည်တစ်ခုနှစ်ခုမျှ တည်ဆောက်ရုံနှင့်ပင် အချိန်တိုအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲသွားနိုင်မှုများမှာ အတော်လေးပင် ကြီးမားသည်ဟု ပညာရှင်များ က သုံးသပ်ထားသည်။

China Power Investment ကုမ္ပဏီ အနေဖြင့်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများအား လိုက်နာပြီး အမြင့်ဆုံး အရည်အသွေး သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် ကတိက၀တ် ပြုခဲ့သော်လည်း အစီရင်ခံစာမှာ အကောင်းဆုံး အနေအထားမျိုး ရှိမနေခဲ့ကြောင်း တွေ့ရသည်ဟု ပညာရှင်များက သုံးသပ် ထားသည်။

ဆည်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှု သုံးသပ်ချက်မှာလည်း အချိန်တစ်ပတ်မျှ ကြာအောင်ပင် မလုပ်ခဲ့သည့် စူးစမ်းလေ့လာမှုများအပေါ် အခြေခံထားသည်ကို တွေ့ရကြောင်း၊ ဆည်ဆောက် လုပ် ခြင်းကြောင့် ပေါ်ပေါက် လာနိုင်သော လူမှုရေးဆိုင်ရာ ဂေဟစနစ်ဆိုင်ရာ ထိခိုက်နိုင်မှုများအပေါ် CPI အစီရင်ခံစာ အနေဖြင့် အတော်လေး လျှော့တွက်ထားကြောင်း၊ ထို့ပြင် မြစ်အောက်ပိုင်း ရေစီးဆင်း မှုနှင့် မြစ်ကြောင်း နုန်းပို့ချမှု ရပ်ဝန်းအပေါ် စီမံကိန်း၏ များပြားလှသော ထိခိုက်မှုများအပေါ် အစီရင်ခံစာ အနေဖြင့် အနည်းအကျဉ်းသာ ဖော်ပြထားကြောင်း တွေ့ရသည်ဟု လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ စာတမ်းတွင် ဖော်ပြထားသည်။

မြစ်ဆုံဆည်နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်အပေါ် အမေရိကန်၊ တရုတ်၊ နီပေါ၊ လာအို၊ ထိုင်း၊ ဟောင်ကောင်၊ မြန်မာ စသည့် နိုင်ငံများမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ၁၂ ဦးက ပညာရှင် ရှုထောင့်မှ ပြန်လည်သုံးသပ် ထားသည်ဟု International Rivers အဖွဲ့နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ ပူးပေါင်းကာ ဖြန့်ဝေခဲ့သည့် စာတမ်းတွင် ဖော်ပြထားသည်။

EMG

No comments:

Post a Comment