Saturday, October 5, 2013

မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းေ ရး ဆွေးနွေး ပွဲသို့ ကုလနှင့် တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရငြိမ်း ချမ်းရေး ဖော်ေ ဆာ င်ရေး အဖွဲ့ နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်နှစ် ဦးနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များ ကို ကေအိုင်အိုဘက်မှ ဖိတ်ကြားထားသော်လည်း အစိုးရဘက်မှ ဖိတ်ကြားခြင်း မရှိသောကြောင့် US နှင့် UK နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်မည် မဟုတ်ဟု ဦးဆန်းအောင်က ပြောကြားသည်။

အောက်တိုဘာ ၈၊ ၉ နှင့် ၁၀ ရက်များတွင် ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အို ခေါင်းဆောင်များ ပါဝင် မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလအထူး ကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက် မည် ဖြစ်ကြောင်း သိရသည်။

''အင်္ဂါနေ့မှာ ဆွေးနွေးပွဲစမယ်။ အရင်လူတွေ အားလုံးပါမယ်။ လူနည်းနည်း ထပ်တိုးလာတယ်။ တရုတ်ဘက်က အရင်က တစ်ယောက်လာတယ်။ အခုငါးယောက်လာမယ်။ ယူအန်က နှစ်ယောက် လာမယ်။ ယူကေတို့၊ ယူအက်စ်တို့ကိုတော့ ကေအိုင်အိုက ဖိတ်တယ်။ ဒါပေမယ့် အစိုးရက မဖိတ်တဲ့ အတွက် လာလို့မရဘူးလို့ ပြောတယ်။ သံရုံးကလူတွေ ပြောတာက အစိုးရကလည်း ဖိတ် ကေအိုင်အို ကလည်းဖိတ် နှစ်ဖက်ဖိတ်မှ လာလို့ရတယ်လို့ ပြောတယ်'' ဟု ဦးဆန်းအောင် က အောက်တိုဘာ ၄ ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြန် လည်ဖြေကြားသည်။

ယခုနှစ်ဧပြီလ အတွင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမေရိကန် အပါအ၀င် ကုလသမဂ္ဂ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များ လေ့လာသူအဖြစ် တက်ရောက် နိုင်ရေးအတွက် ကေအိုင်အိုဘက်မှ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရ၏ ကန့်ကွက် မှုကြောင့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ခြင်း မရှိဘဲ ရွှေ့ဆိုင်းခဲ့ရသည်ဟု ကချင်လူမှု အရပ်ဘက် အဖွဲ့အစည်း များ က ပြောကြားသည်။

ထို့ပြင် မေလကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် ကေအိုင်အိုတို့ ၏ ဆွေးနွေးပွဲတွင်လည်း အမေရိကန်၊ ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များမပါဘဲ တရုတ်နှင့် ကုလသမဂ္ဂမှ ကိုယ်စားလှယ်များသာ ပါဝင်ခဲ့ သည်။

အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့သည် ဖေဖော်ဝါရီ ၄ ရက်နှင့် မတ် ၁၁ ရက်တို့တွင် တရုတ်အစိုးရ၏ ကူညီပေးမှုဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မတ် ၁၁ ရက် ဆွေးနွေး မှု အပြီး ပူးတွဲကြေညာချက် မူကြမ်းမှ အပိုဒ် ၃ (က)ပါ အချက်ဖြစ်သည့် ''စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်ရေးအတွက် ခိုင်မာသည့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီချက် ထားရှိရန် ညှိနှိုင်းမှုများ၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု အသိအမှတ်ပြုမှုများနှင့် ယုံကြည်စိတ်ချရသည့် နိုင်ငံများမှ တာဝန်ယူ သက်သေခံ ကြားဝင် ကူညီ စောင့်ကြပ်မှုများ ထားရှိရန် လိုအပ်သည်'' ဟူသည့် အချက်အား တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့် ချန်လှပ်ခဲ့ရကြောင်း ကချင်လူထု အခြေပြု အဖွဲ့အစည်းများက ဧပြီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ထားရှိသည့် တရုတ်အစိုးရ၏ သဘောထားများနှင့် ပတ်သက်ပြီး နိုင် ငံရေး လေ့ လာသူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံ သာမက ခိုင်မာသော အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အာမခံနိုင်သော နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အမေရိကန်၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂ စသည်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်မှသာ စစ်မှန်ပြီး အဓိပ္ပာယ် ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်လာနိုင်မည်ဟု ယုံကြည် သည်ဟု သုံးသပ်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment