Monday, October 7, 2013

ကြီးကျယ်ခမ်းနားသည့် ကစားပုံနှင့်နိုင်ခဲ့ဟု ဂါစီယာဝံ့ကြွား

 
ရိုး မားအသင်းသည် အင်တာမီလန် အသင်းကွင်းတွင် သုံးဂိုးပြတ်နိုင် ပွဲ ရယူနိုင်ခဲ့ပြီးနောက် ထိပ်တန်း လိဂ်(၄)လိဂ်၌ ခုနစ်ပွဲကစားပြီး ခုနစ်ပွဲစလုံး အနိုင်ယူထားနိုင် သည့် တစ်သင်းတည်းသော အ သင်းအဖြစ် ဆက်လက်အောင် ပွဲခံနိုင်ဆဲ ဖြစ်သည်။ပြင်သစ်လူမျိုးနည်းပြ ဂါ စီယာလက်ထက်တွင် ရိုးမားအ သင်းမှာ အကောင်းဆုံးကစားပုံ ကို ရရှိလာခဲ့ပြီးနောက် စီးရီးအေ ချန်ပီယံဆုကို တစ်ကျော့ပြန်စိန် ခေါ်လာ နိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းကို အနိုင်ယူနိုင်ခဲ့ပြီးနောက် နည်းပြ ဂါစီယာက ''ကြီးကျယ်ခမ်းနားတဲ့ ကစားပုံကို ကျွန်တော်တို့ထုတ် ပြနိုင်ခဲ့တယ်။ အသင်းရဲ့ စုစည်း မှုကို သဘောကျမိတယ်။ လိုအပ် တဲ့နေရာတိုင်း ကို ဖြည့်တင်းပြီး ဟာကွက်မရှိ ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံ ဖြစ်နိုင်ဖို့ဆို တာက ပြောဖို့စော နေပါသေးတယ်။ ဆန်စီရိုကွင်း မှာ မလွယ်ကူတဲ့ အခြေအနေတွေ ကြုံခဲ့ပေမယ့် အခုနိုင်ပွဲရခဲ့လို့ ဒီ ရလဒ်ကို ကျေနပ်မိပါတယ်''ဟု ပြောခဲ့သည်။

ထို့အပြင် အဆိုပါပွဲစဉ်တွင် အသင်းတိုက်စစ်အား ဦးဆောင် ကာ အဖွင့်ဂိုးအား ဂိုးဧရိယာ ပြင်ပမှ လှလှပပကန်သွင်းရယူခဲ့ သည့်ဂိုးအပြင် ပင်နယ်တီမှ ဂိုး ထပ်မံသွင်းယူခဲ့သူ အသင်းခေါင်း ဆောင်တော့တီ ၏ ဦးဆောင်မှု နှင့် ကစားသမားများ၏ ယုံကြည် ချက်ဖြင့် ကစားနိုင်ခဲ့ခြင်းအား ချီးကျူးခဲ့သည်။
အဆိုပါပွဲတွင် နှစ်ဂိုးသွင်း ခဲ့သူ အသက်၃ရနှစ်ရှိပြီဖြစ် သော တော့တီက အသင်းအနေ ဖြင့် အကောင်းဆုံးအရာများကို ဆက်လက်ရယူနိုင်နေပြီး ခုနစ် ပွဲဆက်တိုက် နိုင်ပွဲမှတ်တမ်းမှာ လုံးဝမလွယ်ကူသလို မိမိတို့အ သင်း ယခုလိုမျိုးရလဒ်ရနိုင်ရန် မှာ မည်သူကမျှ ထင်ထားမည် မဟုတ်ကြောင်း ပြောခဲ့သည်

Yangon Media Group

No comments:

Post a Comment