Thursday, October 3, 2013

ပရီးမီးယားလိဂ် ရာသီအစ ရှုံးပွဲ မရှိစံချိန် အဲဗာတန် ဆက်လက်ထိန်းသိမ်း

အဲဗာတန် အသင်းသည် စက်တင်ဘာ ၃၀ ရက်က ကစားခဲ့သည့် အိမ်ကွင်း ပွဲစဉ်တွင် နယူး ကာဆယ် အသင်းကို ၃ဂိုး-၂ဂိုးဖြင့် အနိုင် ရရှိကာ ပရီးမီးယားလိဂ် ရာသီအစ ရှုံးပွဲမရှိ စံချိန် ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ကြောင်း သိရသည်။
၎င်းပွဲစဉ်အပြီးတွင် အဲဗာတန် အသင်းသည် အမှတ်ပေးဇယား စတုတ္ထ နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။

အဲဗာတန် အသင်းသည် ယခု ပွဲစဉ်၌ ပွဲပထမပိုင်း ၄၅ မိနစ်မှာပင် ၃ဂိုး-ဂိုး မရှိဖြင့် ပွဲကို ဦးဆောင် ကစားထား နိုင်ခဲ့ခြင်း ဖြစ်သည်။ အဖွင့်ဂိုးကို ပွဲစပြီး ငါးမိနစ်တွင် ရိုမြူးလုကာကုက စတင် ရယူပေးခဲ့သလို တတိယမြောက်ဂိုး ကိုလည်းကပင် ပွဲချိန် ၃၇ မိနစ်၌ ထပ်မံ ရယူ ပေး ခဲ့သည်။

ဒုတိယမြောက် ဂိုးကိုမူ ကွင်းလယ် ကစားသမား ရော့စ်အက်စ်လေက သွင်းယူ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နယူးကာဆယ် အသင်းသည် ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်တွင် ယိုဘန်ကာ ဘေး၏ သွင်းဂိုးဖြင့် ဗွေဆော်ဦး ချေပဂိုး ရရှိခဲ့သည်။ ထို့နောက် ဒုတိယမြောက် ဂိုးကို လောရစ်ရစ်မီက ပွဲချိန် ၈၉ မိနစ်မှသာ ရယူ နိုင်ခဲ့ခြင်းကြောင့် အိမ်ရှင် အဲဗာတန်က အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

Myawady

No comments:

Post a Comment