Wednesday, October 9, 2013

နေ့စဉ်မိုး လေ၀သ သတင်း

ဘင်္ဂလား ပင်လယ်အော် အခြေအနေ။ ယနေ့ မြန်မာ စံတော်ချိန် ( ၁၇း ၃၀ ) နာရီ အချိန် တိုင်း ထွာချက် များ အရ ကပ္ပလီ ပင်လယ်ပြင် နှင့် ယင်းနှင့် ဆက်စပ် လျက် ရှိသော ဘင်္ဂလား ပင်လယ်ေ အာ် အရှေ့တောင် ပိုင်း တွင် ဖြစ်ပေါ် နေသော မုန်တိုင်း ငယ် သည် ပုသိမ် မြို့ တောင် - အရှေ့ေ တာင် ဘက် မိုင် ( ၂၉၀ ) ခန့် အကွာ၊ ကိုကိုး ကျွန်း မြို့ ၏ အရှေ့တောင် ဘက် မိုင် ( ၂၀၀ ) ခန့် အကွာ ပင်လယ်ပြင် ကို ဗဟို ပြုနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် သိသိ သာသာ ရွေ့လျား မှု မရှိဘဲ ဆက်လက် တည်ရှိ နေပါ သည်။ ကပ္ပလီ ပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်ေ တာင်ပိုင်း တို့တွင် မုတ်သုံလေ အား အသင့် အတင့် ရှိနေပြီး၊ ကျန် ဘင်္ဂလား ပင်လယ်အော် တွင် တိ မ် အသင့် အတင့် ဖြစ် ထွန်း နေပါ သည်။

မနက်ဖြန် ညနေ အထိ ခန့်မှန်းချက်။ ကယား ပြည်နယ် နှင့် ကရင် ပြည်နယ် တို့တွင် နေရာ ကွက် ကျား၊ ပဲခူး တိုင်း ဒေသကြီး၊ ရန်ကုန် တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်း ဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင် ပြည်နယ် နှင့် မွန် ပြည်နယ် တို့တွင် နေရာ ကျဲကျဲ၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေး တိုင်းေ ဒသကြီး နှင့် ချင်း ပြည်နယ် တို့တွင် နေရာ စိပ်စိပ် နှင့် ကျန် တိုင်း ဒေသကြီး နှင့် ပြည်နယ် တို့ တွင် နေရာ အနှံ့ အပြား မိုး ထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ ရန်ကုန် တိုင်း ဒေသကြီး နှင့် တနင်္သာရီ တိုင်း ဒေသကြီး တို့တွင် နေရာ ကွက် ၍ မိုးကြီး နိုင်ပါသည်။ ရွာရန် ရာနှုန်း ( ၈၀ ) ဖြစ် ပါသည်။

မြန်မာ့ ပင်လယ်ပြင်။ မြစ်ဝကျွန်း ပေါ်၊ မုတ္တမ ကွေ့၊ မွန် - တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်း များ ကျရောက်ပြီး၊ လှိုင်းကြီး မည်။ မိုး သက် လေပြင်း ကျစဉ် ရေပြင် / မြေပြင်လေ သည် တစ်နာရီ လျှင် မိုင် ( ၄၀ ) အထိ တိုက်ခတ် နိုင် ပါသည်။ ကျန် မြန်မာ့ ပင်လယ်ပြင် တွင် လှိုင်း အသင့်အတင့် ရှိ မည်။

နောက် ( ၂ ) ရက် အတွက် ခန့်မှန်းချက်။ မြန်မာ နိုင်ငံ တောင်ပိုင်း ဒေသ များ တွင် ထစ်ချုန်း မည့် အခြေ အနေများ ဆက်လက် ဖြစ်ပေါ် နေမည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန

MMWeather

No comments:

Post a Comment