Saturday, October 5, 2013

အကျဉ်း ထောင်နှင့် အချုပ်ခန်း များ ကို တရား ဥပဒေ စိုးမိုးရေး ကော်မတီ စစ်ဆေး မည်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသော ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ သည် မြန်မာ နိုင်ငံ အတွင်း ရှိ အကျဉ်းထောင် များ၊
အချုပ်ခန်း များ နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံးများ သို့ သွားရောက် စစ်ဆေး မည် ဖြစ်ေ ကြာင်း ယင်း ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က ပြော ကြား သည်။ “ဘယ် ထောင်ကို စစ်မယ် ဆိုတာ တော့ တိတိ ကျကျ မပြော နိုင် သေးဘူး။ အစည်း အဝေး ပြန်ထိုင် ရဦးမယ်” ဟု ၎င်းက ဆို သည်။ မြန်မာနိုင်ငံ တစ်ဝန်း ရှိ အကျဉ်း ထောင် အသီးသီးနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန တို့ကို စနစ် တကျ စစ်ဆေး နိုင်ရန် စီစဉ်လျက် ရှိပြီး အုပ်ချုပ်ရေး ပိုင်း ဆိုင်ရာ အဆင့်ဆင့် ကို ထောက်ပြ သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

အဆိုပါ စစ်ဆေး မှုများ ပြုလုပ် ပြီးပါက ပြည်ထောင်စု လွှတ်တော် သို့ အစီရင်ခံစာ တင်သွင်း သွား မည် ဖြစ်ကြောင်း ဦးဝင်းမြင့် က ထပ်လောင်း ပြောကြား သည်။ အဆိုပါ ကော်မတီ သည် ၂၀၁၂ ခုနှ စ် အတွင်း တွင် မြန်မာ နိုင်ငံရှိ တိုင်း ဒေသကြီး ခြောက်ခု နှင့် ပြည် နယ် လေးခု တို့၏ တရား ရုံး များ ကို စစ်ဆေး ကာ တရား စီရင်ရေး အားနည်း ချက် များ ကို အစီရင်ခံစာ ပြုလုပ် ပြီး ပြည်ေ ထာင် စု လွှတ်တော် သို့ တင်ပြ ထားသည်။ ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည် ငြိမ် အေးချမ်းရေး ကော်မတီ သည် ပြည်ထောင်စု လွှတ်တော် သို့ တစ်နှစ်ပြည့် နှစ် ပတ် လည် အစီ ရင် ခံစာ တင်သွင်း ထားပြီး ယင်း အစီရင်ခံ စာတွင် အုပ်ချုပ်ရေး မဏ္ဍိုင် နှင့် သက်ဆိုင် သည့် အ ချက် ၁၅ ချက် နှင့် တရား စီရင်ရေး မဏ္ဍိုင် နှင့် သက်ဆိုင် သည့် အချက် ခြောက်ချက် တို့ ထည့် သွင်း ဖော်ပြ ထားသည်။

ယင်း အစီရင်ခံစာ နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတက တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်ေ အး ချမ်းရေး ကော်မတီ အနေနှင့် အစိုးရ တစ်ဖွဲ့လုံး အားနည်းချက် များ ကို ပြည်စုံစွာ ဝေဖန် အ ကြံ ပြုရန် ယင်း ကော်မတီ သို့ သဝဏ်လွှာ တစ်စောင် ပြန်လည် ပေးပို့ ခဲ့သည်။ ၂၀၁၃ ခုနှစ် စက် တင် ဘာ လ ဒုတိယ ပတ် တွင် တနင်္သာရီ တိုင်း ဒေသကြီး ကော့သောင်း မြို့နယ် အကျဉ်းထောင် တွင် ရိုက်နှက် စစ်ဆေး မှုများ ပြုလုပ် သဖြင့်ဟု ဆိုကာ အကျဉ်းသား များ ဆူပူ ဆန္ဒပြမှု ဖြစ်ပွား ခဲ့ ပြီး ယင်း ဖြစ်ရပ် ကြောင့် အကျဉ်းသား ၁၂၀ ကျော် ကို မော်လမြိုင် အကျဉ်းထောင် သို့ ရွှေ့ပြောင်း ခဲ့ရသည်။

The Voice Saturday

No comments:

Post a Comment