Saturday, October 5, 2013

မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး

Photo: မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး 
Saturday, October 5, 2013

အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲ မှု များကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီ လိုသော နိုင်ငံ တကာ အဖွဲ့အစည်းများ နှစ်ဆနီးပါး တိုးလာကြောင်း ကျန်း မာရေး ဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။

ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက် ဆက်သွယ်ထားသော ပြည်ပ မိခင်နှင့်ကလေး ကျန်းမာရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများတွင် အနောက်နိုင်ငံများက အများဆုံး ပါဝင်ပြီး ရန်ပုံငွေလည်း ပိုများကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဖွဲ့ အစည်း ၁၃ ခုဆို အခု ၂၆ လောက်ထိ များလာတယ်။ အများစုက 3MDG နဲ့ ဆက်စပ်ပြီး ပါလာကြတာ” ဟု ဒေါက်တာသိင်္ဂီမြင့်က ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အရန်သားဖွား ဆရာမများ မွေးထုတ်ပေးခြင်း၊ ကိုယ် ဝန်ဆောင် မိခင် စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း တို့သည် ထောင်စုနှစ် ရည်မှန်းချက်များကို ပြည့်မီသော်လည်း သားဆက်ခြား လိုသော်လည်း သားဆက်ခြား ပစ္စည်းများ ပံ့ပိုးပေးနိုင်မှု အခက်အခဲများ ရှိနေသေးကြောင်း ၎င်း၏ပြောကြားချက်များအရ သိရသည်။ “မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေ ထပ်ရဖို့ ရှိသေးတယ်။ အဲဒီအတွက် ရရှိထားတဲ့ ရန်ပုံငွေတွေ ကို ယုံယုံကြည်ကြည် ဖြစ်အောင် သုံးပြပေးဖို့တော့ လိုအပ်မယ်” ဟု ရောဂါ သုံးမျိုး တိုက်ဖျက်ရေး ထောင်စုနှစ် ရည်မှန်းချက်များ (3MDG) မှ ရန်ပုံငွေ ညွှန်ကြားရေးမှူး ဒေါက်တာ ပေါလ်ဆန်ဒါက ယခုနှစ် စက်တင်ဘာ လဆန်း ပိုင်းက The Voice နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

3MDG အနေနှင့် မိခင်နှင့်ကလေး ကျန်းမာရေးအတွက် ချင်းပြည်နယ်တွင် ယခုနှစ်ပိုင်းက စတင်ကာ အကူအညီပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်း အမြင့်ဆုံး အရှေ့တောင် အာရှ နိုင်ငံများတွင် ပါဝင်နေသောကြောင့် ပွင့်လင်း လာသော အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ အလှူရှင်များ၏ စိတ်ဝင်စားမှု ပိုရရှိခြင်း ဖြစ်သည်။

The Voice Weekly
အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီလိုသော နိုင်ငံတကာအဖွဲ့အစည်းများ နှစ်ဆနီးပါးတိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေး ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။

ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက် ဆက်သွယ်ထားသော ပြည်ပမိခင်နှင့်ကလေး ကျန်းမာရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများတွင် အနောက်နိုင်ငံများက အများဆုံးပါဝင်ပြီး ရန်ပုံငွေလည်း ပိုများကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “၂၀၁၂ ခုနှစ်က နိုင်ငံတကာအဖွဲ့အစည်း ၁၃ ခုဆို အခု ၂၆ လောက်ထိ များလာတယ်။ အများစုက 3MDG နဲ့ ဆက်စပ်ပြီး ပါလာကြတာ” ဟု ဒေါက်တာ သိင်္ဂီမြင့် က ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အရန်သားဖွား ဆရာမများ မွေးထုတ်ပေးခြင်း၊ ကိုယ် ဝန်ဆောင် မိခင် စောင့်ရှောက် မှုများ ပြုလုပ်ပေးခြင်းတို့သည် ထောင်စုနှစ် ရည်မှန်းချက်များကို ပြည့်မီသော်လည်း သားဆက်ခြား လိုသော်လည်း သားဆက်ခြား ပစ္စည်းများ ပံ့ပိုးပေးနိုင်မှု အခက်အခဲများ ရှိနေသေးကြောင်း ၎င်း၏ပြော ကြားချက်များအရ သိရသည်။ “မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေ ထပ်ရဖို့ ရှိသေးတယ်။ အဲဒီအတွက် ရရှိထားတဲ့ ရန်ပုံငွေတွေကို ယုံယုံကြည်ကြည် ဖြစ်အောင် သုံးပြပေးဖို့တော့ လိုအပ်မယ်” ဟု ရောဂါ သုံးမျိုးတိုက်ဖျက်ရေး ထောင်စုနှစ် ရည်မှန်းချက်များ (3MDG) မှ ရန်ပုံငွေ ညွှန်ကြားရေးမှူး ဒေါက် တာ ပေါလ်ဆန်ဒါက ယခုနှစ် စက်တင်ဘာလဆန်းပိုင်းက The Voice နှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။

3MDG အနေနှင့် မိခင်နှင့်ကလေး ကျန်းမာရေးအတွက် ချင်းပြည်နယ်တွင် ယခုနှစ်ပိုင်းက စတင်ကာ အကူ အညီပေး မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်း အမြင့်ဆုံးအရှေ့တောင်အာရှ နိုင်ငံများတွင် ပါဝင်နေသောကြောင့် ပွင့်လင်းလာသော အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာအလှူရှင်များ၏ စိတ်ဝင် စားမှု ပိုရရှိခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment